Subscribe to our RSS Feed

ပုရိန်ကုန်း၊ ရှောက်ပုံကျွန်း၊ ပေါင်းတုတ်မှ စစ်သားများ ယာယီရုတ်သိမ်းသွား၍ ကျေးရွာသားများ စိုးရိမ်ခဲ့ရ

From : နိရဉ္စရာ


imagesရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ကျေးရွာ အချို့တွင် လုံခြုံရေး ယူထားသော တပ်ဖွဲ့ဝင်များ ခေတ္တ ရုတ်သိမ်းသွားသဖြင့် ဒေသခံများအကြား စိုးရိမ်မူများ အထူးတိုးပွားခဲ့သည်ဟု သတင်းရရှိသည်။စစ်သားများ ရုတ်သွားခဲ့သောကျေးရွာများမှာ ပုရိန်ကုန်း၊ ရှောက်ပုံကျွန်း၊ ပေါင်တုတ်နှင့် ရခိုင်ကူးတိုးဆိပ်အကြားတွင် တပ်စွဲထားသော စစ်သားများ ဖြစ်ကြသည်ဟု ဆိုသည်။

မြောက်ဦးမြို့နယ် ရှောက်ပုံကျွန်းသား ရွာသား တစ်ဦးက သူတို့ စိုးရိမ်ခဲ့ရပုံကို ယခုလို ပြောသည်။

“ မနေ့ နေ့လည် ၃ နာရီက ကျွန်တော်တို့ရွာမှာ တာဝန်ယူထားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရုတ်သွားပါတယ်။ လူတွေက စိုးရိမ်မူတွေ ဖြစ်သွားကြပြီး ရရာလက်နက်ကို လိုက်စုကြတယ်။ အနီးအနားက ဘင်္ဂလီတွေ တိုက်ခိုက်လာရင် ခုခံကာကွယ်နိုင်အောင် အတွက် ဖြစ်ပါတယ်။ ည ၈နာရီ ခန့်မှာ တပ်ဖွဲ့ဝင်တွေ ပြန်ရောက်လာတဲ့ အတွက် အခြေအနေက ပြန်အေးဆေးသွားခဲ့ပါတယ်” ဟု ဆိုသည်။

ရှောက်ပုံကျွန်းရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး မြောက်ဦးမြို့နယ်တွင် တည်ရှိကာ လုံခြုံရေး ယူထားသော စစ်သား (၃) ဦး ရှိကြောင်း ၎င်းက ပြောသည်။

၎င်းကျေးရွာနှင့် ခြံစည်းရိုး တစ်ခုသာခြားသော ပုရိန်မူဆလင်ရွာတွင် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လွန်ခဲ့သောနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက် ဖြစ်စဉ်တွင် ပုရိန်မူဆလင်ရွာတွင်လည်း ဖြစ်ပွားခဲ့ကြောင်း၊ သို့သော်လည်း ရှောက်ပုံကျွန်းရွာနှင့် တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပွားခြဲ့ခင်း မရှိဟု ဆိုသည်။

“ ကျွန်တော်တို့ရွာနဲ့တော့ ပြဿနာ ဖြစ်ပွားခဲ့တာ မရှိပါ။ ဒါပေမယ့် လုံခြုံရေး မရှိရင်တော့ ပြဿနာတွေ ဖြစ်ပွားလာနိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေး ရုတ်သိမ်းဖို့ကိုတော့ ကျွန်တော်တို့ မလိုလားပါ။ လုံခြုံရေး မရှိရင် နေလို့ရမလားဆိုရင် မလွယ်ဘူးလို့ ထင်ပါတယ်” ဟု သူက ဆိုသည်။

မနေ့ညနေပိုင်းက လုံခြုံရေး တပ်ဖွဲ့ဝင်များ မည်သည့်အတွက်ကြောင့် ခေတ္တ ရုတ်သိမ်းသွားသည်ကို သူတို့ မသိကြောင်း၊ လုံခြုံရေးအာဏာပိုင်များကလည်း တစ်စုံတစ်ရာ ရှင်းလင်းပြောကြားခြင်း မရှိဟု ဆိုသည်။

ယခုကဲ့သို့ လုံခြုံရေးယူထားသော စစ်သားများ ယာယီရုတ်သိမ်းသွားခြင်းနှင့် ပတ်သက်ပြီး ဒေသခံများအကြား အထူးနားမလည်အောင် ဖြစ်နေကြသည်ဟု ဆိုသည်။
 

1 comments:

It is understandable that soldiers left the village. Villagers seem to be unfriendly to them though they want their protection. A similar thing is happening right here too. NLD, 88 and Su Kyi and all "Domo"s all are trying to push out Tat-Ma-Daw from the Parliament..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်