Subscribe to our RSS Feed

နိုက်ကလပ်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများကို ရဲတပ်ဖွဲ့က စောင့်ကြည့်နေပြီး တွေ့ရှိပါက အဆိုပါနိုက်ကလပ်ကို ရာသက်ပန် ပိတ်သိမ်းမည်

From : EMG


 (ဇန်န၀ါရီ ၂ ရက်က နိုက်ကလပ်အများစု ဖွင့်လှစ်တည်ရှိနေသော မင်္ဂလာဈေးဝင်းအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))

ဖွင့်လှစ်လျက်ရှိသည့် နိုက်ကလပ်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူသွား မည့် အပြင် အဆိုပါ နိုက်ကလပ်ကိုလည်း ရာသက်ပန် ပိတ်သိမ်းသွားသည် အထိအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးမြင့်အေး က ဇန်န၀ါရီ ၄ ရက် နံနက်ပိုင်းက ပြောကြားသည်။
ယင်းကဲ့သို့ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ရဲတပ်ဖွဲ့အနေဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။


“ကလပ်တွေမှာ ရန်ပွဲတွေဖြစ်ပွားခဲ့ရင်တော့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်နေတယ်။ ဥပမာ-ဆိုင်ကို ယာယီပိတ်သိမ်းပြီး အရေးယူနေတယ်။ဒါပေမဲ့ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲတယ်လို့ စစ်ဆေးတွေ့ရှိရင်တော့ ဘယ်နိုက်ကလပ်တွေပဲ ဖြစ်ဖြစ် ရာသက်ပန် ပိတ်သိမ်းပြီး အရေးယူသွားမယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့လည်း နေရာအားလုံးမှာ စောင့်ကြည့်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းနိုက်ကလပ် အများစုတည်ရှိနေသည့် အရှေ့ပိုင်းခရိုင်မှ တာဝန်ရှိသူ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါးမှု ၂၈၆ မှုကို ဖော်ထုတ် အရေးယူနိုင်ခဲ့သော်လည်း ယခုအချိန်ထိ ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါးနှင့် စပ်ဆက်သည့်ပစ္စည်းများ အလွယ်တကူဝယ်ယူ၍ ရရှိနေကြောင်း စုံစမ်းသိရှိရ သည်။
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်