Subscribe to our RSS Feed

"ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်းပြင်၊ ကိုယ့်အချိုးကိုလည်းပြင်"



၂၀၀၈-ဖွဲ့ စည်းပုံကို သူများတွေပြောလို့  ကျနော်လည်း ပြင်ဆိုပြီး လျှောက်ပြောပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေစာအုပ်ကို တခါမှလည်းမမြင်ဘူးပါ။ အင်တာနက်က အီးဘွတ်ခ်ကိုတော့ ကြည့်မိတယ်။ စာရွက်စိမ်းစိမ်းကို မျက်နှာဖုံးလုပ်ထားတယ်။ စာတွေချည်းပဲ။ အရုပ်လည်းမပါတော့ ဖတ်ချင်စိတ်ကုန်တာနဲ့ ဖတ်ကို မဖတ်ခဲ့ဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလည်း မတွေ့ ပါဘူး။ ဒါက ၂၀၀၈-ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေါ်အပေါ် ကျနော်နားလည်တဲ့ နားလည်ပုံပါ။ ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ မျက်နှာဖုံးကို လက်ရှိမော်ဒယ်လောကမှာ နာမည်ကြီးနေတဲ့  ဟော့တီလေးတွေနဲ့ လုပ်ရင်တော့ ဖတ်မဲ့သူချည်းပဲထင်ပါတယ်။ စာမျက်နှာ တရွက်ချင်းစီကိုလည်း ကာတွန်းလေးနဲ့ ရယ်စရာမောစရာ ဗဟုသုတ ရစရာလုပ်ထားရင်တော့ တမျိုးပေါ့။

ကျနော်နေထိုင်ရာမြို့  (Perth) မြို့ မှာလည်း စီပွားရေးပညာရှင် ဒေါက်တာမျိုးညွန့် က ဦးဆောင်ပြီး ဖွဲ့ စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးပွဲလည်းကျင်းပကြပါတယ်။ ဘာတွေဆွေးနွေးလဲတော့မသိ။ သူတို့ လည်း နားလည်ပါဘူး။

နိုင်ငံရေးသမားတွေအများစုကတောင် နားမလည်တဲ့ဖွဲ့ စည်းပုံ ၂၀၀၈။ ဥပဒေပညာရှင်တောင် နားလည်တဲ့ဟာ မဟုတ်ပါဘူး။ ဖွဲ့ စည်းပုံဆိုင်ရာ ပညာရှင်တွေနဲ့ ရေးဆွဲသူတွေတချို့ ကသာ နားလည်နိုင်တဲ့ ဒီဥပဒေဆိုတဲ့ စာအုပ်ကြီးကို ပြည်သူအများစု တခဲနက်ထောက်ခံတာကိုတွေ့ ရတော့ အင်းးးငါတို့ ပြည်သူတွေအားလုံး ဥပဒေပညာရှင်တွေများဖြစ်နေပြီလားလို့ တောင်တွေးမိပါတယ်။

ယနေ့ နိုင်ငံရေးမှာ ပြင်စရာတွေအများရှိတယ်။ ကိုင်တွယ်စရာ အိတ်ရူးတွေအများကြီးပါ။ လယ်သမား၊ စစ်သား၊ အလုပ်သမား၊ ထောင်သား၊ ကျောင်သား....စတဲ့အရေးတွေကို မပြင်မနေရပြင်ရမှာတွေ တပုံကြီးပါ။ ဒါကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ နိုင်ငံရေးပါတီတွေအားလုံးက ဖွဲ့ စည်းပုံကိစ္စကိုပဲဇောင်းပေးနေတော့ ဒါကြီးပြင်ပြီးတော့ကော ကျနော်တို့ က ကောင်းစားမှာလားလို့ မေးချင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကရော ဒါကြီးကိုနားလည်လို့ လား။ နားမလည်ပဲ သူများပြင်ဆိုရင် ကိုယ်လည်းပြင်။ သူများအော်ရင် ကိုယ်လည်းအော်။ ခေါင်းဆောင်က ချီးပေါက်ရင်လည်း ချောကလတ်အနံ့ တောင်ထွက်သေးလို့ ပြောတဲ့သူကပြောဆိုတော့ နင်တို့ တွေအားလုံးကို ထန်းပင်းတက်ခိုင်းဖို့ ပဲကောင်းတော့တယ်။ ထန်းပင်တက်။ ထန်းရေရောင်းတာကမှ လက်တလော ထန်းရေးသောက်ရတာ မ၀တဲ့လူတွေအတွက် အကျိုးတောင်ရှိအောင်မယ်။

လူစု။ လူစုလူဝေးရှေ့ မှာ အသားကုန်အာ။ ရလာဒ်က အလုပ်မဖြစ်။ ရှေးရိုးစွဲနိုင်ငံရေးလှုပ်ရှားမှု့ တွေချည်းပဲ ယနေ့ နိုင်ငံရေးမှာ မြင်တွေ့ နေရတယ်။

ကိုယ်မသိနားမလည်တဲ့ ဖွဲ့ စည်းပုံကို ပြင်လို့ ပြောမဲ့အစား မိမိအဖွဲ့ အစည်းနဲ့ မိမိကိုယ်ကိုယ်ပြင်ဆင်ရေးကိုသာ အာရုံစိုက်ပြီးလုပ်ရင် မိမိတဦးချင်းစီလည်းတိုးတက်၊ ပြီးတော့ မိမိအဖွဲ့ အစည်းလည်းတိုးတက်၊ ဒါမှတဆင့် တနိုင်ငံလုံးအထိရောက်ပြီး မိမိတိုင်းပြည်ရဲ့ ဖွဲ့ စည်းပုံကြီးပါ ပြင်ဆင်ပြီးသားဖြစ်သွားတာပေါ့ဗျာ။

၂၀၀၈-ခုနှစ် ဖွဲ့ စည်းပုံကို မပြင်ရဘူးလို့ မပြောပါ။ ဒီအလုပ်က သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့ အလုပ်သာဖြစ်ပါတယ်။ ကျနော်တို့ လို သူတို့ ထက် ပညာအရည်အချင်းနဲ့ ဗဟုသုတ ကျွယ်ဝတဲ့လမ်းဘေးကကောင်တွေအနေနဲ့ တော့ ဒီအလုပ်နဲ့ မတန်ပါဘူး။ ကျနော်တို့ အလုပ်က ကျနော်တို့ နဲ့ သက်ဆိုင်တဲ့ ၀မ်းဝရေးကိစ္စသာဖြစ်ပါတယ်။

စစ်သားတွေ ၀မ်းမ၀ဘူး။ အလုပ်သမားတွေ ၀မ်းမ၀ဘူး။ ၀န်ထမ်းတွေ ၀မ်းမ၀ဘူး။ ဆိုတော့ မ၀တဲ့ကောင် ၀လာအောင် ကိုယ်တိုင် ကိုယ့်အရေးကိုသာ အာရုံစိုက်ပြီး ၀မ်းဝအောင်လုပ်ပေးကြပါလို့ ဆိုပြီး တောင်းဆိုတိုက်ပွဲဝင်ဖို့ ကသာ လက်တွေ့ ကြပါကြောင်း။

ဘုန်းကျော်(သြစတေးလျ)

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်