Subscribe to our RSS Feed

နားမလည်တဲ့ ကလေးငယ်တွေနဲ့ ၊ မှိုင်းမိနေတဲ့ လူကြီးတွေ ဖတ်ဖို့စာ

From : https://www.facebook.com/photo.php?fbid=651808788191651&set=a.389396497766216.85235.100000876074468&type=1&relevant_count=1


၅၉ ( ဃ ) ။ နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ စီးပွါးရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးအမြင်များရှိရမည် ။

--------------
ဒါလေးကို ပြင်ချင်လို့လား ညီလေးးးးးးးးးးးးးးးးးးးးး ?

နိုင်ငံရေး နားမလည်တဲ့သူကို ခေါင်းဆောင် အဖြစ်တင်ရမတဲ့လား ? 
စီးပွါးရေး နားမလည်တဲ့သူကို ခေါင်းဆောင် အဖြစ်တင်ရမတဲ့လား ?
အုပ်ချုပ်ရေး နားမလည်တဲ့သူကို ခေါင်းဆောင်အဖြစ်တင်ရမတဲ့လား ?
စစ်ရေးအမြင် မရှိသူကို ခေါင်းဆောင်အဖြစ်တင်ရမတဲ့လား ?

နိုင်ငံခေါင်းဆောင်ဆိုတာ နိုင်ငံရေး အကြောင်းကို ကောင်းကောင်းသိရမယ် ၊ 

စီးပွါးရေး ..... နိုင်ငံ ၁ နိုင်ငံရဲ့ တိုးတက်မှုကို စီးပွါးရေး အကြောင်းကောင်းကောင်း သိရမယ် ၊

အုပ်ချုပ်ရေး ..... အဖွဲအစည်း ၁ ခုကိုတောင် အုပ်ချုပ်နိုင်တဲ့ အရည်အချင်းဘယ်လောက်ခက်လဲ ဆိုတာသိရင် နိုင်ငံ အဆင့် အုပ်ချုပ်ရေး အကောင်းဆုံးသော နည်းပညာဖြစ်ရမယ် ၊

စစ်ရေးအမြင် ...... အဓိက လိုအပ်ချက်ပဲ ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ စစ်ရေးအမြင်ရှိကိုရှိရမယ် ၊ စစ်ရေးအမြင်မရှိပဲ မည်သည့်နိုင်နဲ့မျှ ကောင်းစွာ ဆက်ဆံနိုင်မည်မဟုတ် ၊ ဘာ့ကြောင့်လဲဆိုတော့ နားမလည်တဲ့သူကို ပါးရိုက်ပြီး ဆက်ဆံရသလိုပေါ့ကွာ ..... ။ ကိုယ်က ပညာမတက်တော့ လိမ်သမျှကို ခံနေရတဲ့ ကလေး သူငယ်ဖြစ်နေမှာပေါ့ ။

ဒီအချက်တွေက ခေါင်းဆောင် အတွက် မလိုအပ်ဘူးတဲ့လား ?

_____________________

(စ) ။ မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘ ၁ပါးပါးသော်၎င်း ၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်၎င်း၊ မိမိ၏ တရားဝင်သားသမီး ၁ ဦးဦးသော်၎င်း ၊ ထိုတရားဝင်သားသမီး ၁ ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်၎င်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်၎င်း ၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ ...... ။

-------

ကိုယ့်နိုင်ငံကို ကိုယ့်နိုင်ငံသားက လွဲပြီး ဘယ်နိုင်ငံသားမှ မကောင်းနိုင်ဘူး ၊ မင်းတို့ သိပ်အထင်ကြီးနေတဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံသား ခံယူရင် ဘယ်လိုသစ္စာဆိုရလဲ သိလား .. 
မင်းတို့ နိုင်ငံနဲ့ အမေရိကန်နိုင်ငံ စစ်ဖြစ်ရင် အမေရိကန်နိုင်ငံဘက်က ပါဝင်ရမယ်ဆိုတာပဲ .... ။

ငါတို့နိုင်ငံက တိုင်းရင်းသားတွေနဲ့ စုစည်းထားတဲ့ နိုင်ငံဖြစ်လို့ ပြည်ထောင်စု မပြိုကွဲဖို့အတွက် အရေးကြီးဆုံးပဲ ... ။ ကျွန်တော်တို့ နိုင်ငံကျွန်ဖြစ်တုန်းက မှတ်မိကြသေးလား ၊ တော်ပေါ် မြေပြန့် ခွဲခြားပြီး အုပ်ချုပ်ခဲ့တာတွေ ၊ တိုင်းရင်းသားတွေ စည်းလုံးမှုပြိုပျက်မှ နှစ်ရည်ကြာ အုပ်ချုပ်ဖို့ အတွက် ဒီစနစ်ကို ကျင့်သုံးခဲ့တာတွေ ..... ။

ညီလေးတို့ မမေ့အပ်တဲ့ အထဲမှာ ကျွန်ဖြစ်ခဲ့တာကိုပါ သတိရနေပါစေကွာ ..... ။

ဒါနဲ့ .. ဒေါ်စုကြည်က ၅၉ ( စ ) ကို ပြင်မှ သမ္မတနေရာကို ၀င်ရွေးနိုင်မှာလား ?
ဒါဆို သူ့ က ကျွန်တော်တို့ နိုင်ငံသား မဟုတ်ဘူးလား ၊ ဘယ်နိုင်ငံရဲ့ ကျေးဇူး သစ္စာတော်ခံယူထားတာလဲ ?


ဒီနိုင်ငံရဲ့ ဥပေဒကို မကျင့်သုံးနိုင်ပဲ ဒီနိုင်ငံကို အုပ်ချုပ်ချင်ပါတယ်ဆိုတာကတော့ လွန်ပါတယ်ဗျာ .... ။

နိုင်ငံသားတိုင်း စာတက်ပါတယ် ၊ ဦးဏှောက်ရှိပါတယ် ။ ဒါပေမဲ့ ၀ါဒမှိုင်းကိုတော့ ခံယူနေကြတုန်း ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲံ အဖြူရောင် အရောင်ဆိုးနေကြတာ ဘယ်သူတွေလဲ ... ။

ကျွန်တော်တို့နိုင်ငံ နောက်ကျကျန်နေခဲ့တာ အစိုးရမကောင်းယုံတင်ပဲလား ? 
အဓိက ယန္တရားဖြစ်တဲ့ ကျွန်တော်တို့ တွေကရော ကောင်းခဲ့ကြလို့လားဗျာ .... ? 

7 comments:

We must not let people like Su Kyi and NLD take the helm of our country because they are all idiotic fools who do not know what is right or what is wrong for the country.

ကြိုတင်မဲ မဟားတရား နဲ့ ပြည်သူကို အနိုင်ကျင့် ပြီး လက်ရှိ သမဒ တက်လုပ်နေတဲ့ ဦးပြောင်ကြီး ကို အရင်မေးပေးပါ။ ဘာအမြင်တွေ
ရှိလို့ လုပ်နေတာလဲ လို့ ။ သူတို့လို စစ်အကောင်တွေ လက်နက်နဲ့ ရမ်းကားချင်တိုင်း ရမ်းကားလို့ တိုင်းပြည်လည်း မွဲပြာကျနေပြီ။

၅၉(ဃ) ပါ အရည်အချင်းနှင့်ကိုက်ညီသူတွေ အုပ်ချုပ်ခဲ့လို့ တိုင်းပြည် ဖွတ်ဖြစ်သွားခဲ့ပြီလေ

အလကားပါကွာ လန်ကြုတ်တွေ..အထူးသဖြင့် ပြည်သူနဲ့လုပ်စား....ပြည်သူထဲကမှ ကလေးတွေကိုမှိုင်းတိုက်ပြီး လုပ်စား...ဘုန်းကြီးတောင် လုပ်စားဖို့ အလွတ်မပေးဘူး...ပြီးရင်ပြောဦးမယ် ကြောင်သူတော်ကြွက်သူခိုးစကားတွေ...

တကယ်မှန်ပါတယ်။အစိုးရမ ကောင်းတာလဲမ ကောင်းတာပေါ့အဓိက ပြည်သူတွေကိုက၀မှန်းမသိဝိမှန်းမသိနဲ့ဆိုရင်တော့ခရိုနီ တရုတ်နဲ့ ကုလားတွေကအကြိုက်ပေါ့။

သိပ်ကောကောင်းးတဲ့အတွေးအခေါ်ပါ။

အာ ဏာ ရှင် အ စုတ် အ ပြတ် တွေရဲ့  ဝါ ဒ မှိုင်း က တော့ အလွန် စိုး တယ် ။ နှစ် ပေါင် ၅၀ ကျော် တိုင်း ပြည် ကို ရက် ရက် စက် စက် ဖြက် စီး ခဲ့ တာ အား မ ရသေး ဘူး m,e လို နွား တွေ သုံး ပြီး စက် ပြီး ဖျက် စီး ချင် သေး တာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်