Subscribe to our RSS Feed

L'Oreal ၏ မျက်နှာသစ်မော်ဒယ်လ် ဖြစ်လာသည့် ခရစ္စတန်ဒန့်စ်

From : Planet Myanmar Network


ခရစ္စတန်သည် L'Oreal Professionnelအတွက် စာချုပ်လက်မှတ် ရေးထိုးလိုက်ခြင်းဖြင့် ယခုနှစ်အတွင်း ယင်းအမှတ်တံဆိပ်၏ TVကြော်ငြာများ၊ ပိုစတာများနှင့် ပြင်သစ်တွင် ထုတ်ဝေမည့် ဆံပင်ထိန်းသိမ်းမှုဆိုင်ရာ ပစ္စည်းများအတွက် တာဝန်ယူ ရိုက်ကူးပေးရမည် ဖြစ်သည်။
L'Oreal အလှကုန် လုပ်ငန်းက (၂၀၁၄)ခုနှစ်အတွက် မျက်နှာသစ် မော်ဒယ်လ်အဖြစ် ခရစ္စတီယန်ဒန့်စ်ကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ အသက်(၃၁)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် Spiderman ဇာတ်ကား(၃)ခုတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ဖြစ်သည်။ သူမသည် L'Oreal Professionnelအတွက် စာချုပ်လက်မှတ် ရေးထိုးလိုက်ခြင်းဖြင့် ယခုနှစ်အတွင်း ယင်းအမှတ်တံဆိပ်၏ TVကြော်ငြာများ၊ ပိုစတာများနှင့် ပြင်သစ်တွင် ထုတ်ဝေမည့် ဆံပင်ထိန်းသိမ်းမှုဆိုင်ရာ ပစ္စည်းများအတွက် တာဝန်ယူ ရိုက်ကူးပေးရမည် ဖြစ်သည်။ ခရစ္စတန်သည် ယခင်က Bulgari၏ ကြော်ငြာများအတွက် တာဝန်ယူပေးခဲ့ဖူးသည်။

ပြင်သစ်နာမည်ကျော် အလှကုန်နှင့် ဖက်ရှင်လုပ်ငန်းကြီးက ခရစ္စတန်ကို ရွေးချယ်မှု သတင်းအား ဂုဏ်ယူစွာ ကြေညာခဲ့သည်။  "ခရစ္စတန်ဟာ ဘယ်အချိန်မှာဖြစ်ဖြစ် တင့်တင်လှပနေတဲ့ အမျိုးသမီး တစ်ယောက်ပါ။ ခေတ်ကို ရင်ပေါင်တန်းနိုင်တဲ့ အမျိုးသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့မှာ ထူးခြားခိုင်မာတဲ့ ပင်ကို အရည်အသွေးတွေ ရှိတယ်။ သူ့ကိုယ်ပိုင် ရွေးချယ်မှုတွေလည်း ရှိတယ်။ ပရော်ဖက်ရှင်နယ် ပီသပြီး ကျွန်မတို့နဲ့ အကောင်းဆုံး လက်တွဲနိုင်မယ့်သူ တစ်ယောက်အဖြစ် ယူဆပါတယ်"ဟု L'Oreal Professionnel၏ နိုင်ငံတကာ စီမံရေးရာ ဒါရိုက်တာ အန်နေးလော်ရီ လီခရက်ဖ်က မှဆတ်ချက်ပြု ပြောကြားခဲ့သည်။

ယခုခြေလှမ်းကြောင့် ခရစ္စတန် အနေဖြင့် မင်းသမီး တစ်ဦးအဖြစ် မအောင်မြင်မီက ရပ်တည်ခဲ့သည့် မော်ဒယ်လ်ဘဝသို့ တစ်ကျော့ပြန် ဦးလှည့်လာခြင်းအဖြစ် ယူဆရမည် ဖြစ်သည်။ ခရစ္စတန်ကလည်း "ကျွန်မအနေနဲ့ L'Oreal Professionnelနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိပြီးသားလို့ ခံစားမိပါတယ်။ ဒီအမှတ်တံဆိပ်ဟာ ဖက်ရှင်နယ်ပယ်နဲ့ သိပ်ကို ခိုင်ခိုင်မာမာ ဆက်နွယ်နေတာပါ။ L'Orealရဲ့ ဆန်းသစ်တီထွင်မှုတွေကို ကျွန်မ လေးစားပါတယ်"ဟု ပြောဆိုသွားသည်။ 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်