From : Wira Thu
ရန်ကုန်- မျိုးစောင့်ဥပဒေနှင့်ပတ်သက် သော ဥပဒေလေးရပ် အမြန်ဆုံးပေါ်ထွန်းလာစေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့( မ.ဘ.သ)(ဗဟို) မှ ဆရာတော်အချို့က အဆိုပါအဖွဲ့ဥက္ကဋ္ဌ ဆရာတော်မွေးနေ့ပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းပြောကြားလိုက်သည် ။
မတ်လ ၂ ရက်တွင် ပြုလုပ်သည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြဝါဒစရိယ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် မဟာနာယကဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ဆရာတော်ကြီး၏ (၇၅) နှစ်မြောက် မွေးနေ့ပွဲတွင် ဆရာတော်အချို့က အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ပြီး မွေးနေ့ပွဲသို့ သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုခဲ့သည်။
"ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကမ္ဘာသိ၊ မြန်မာသိ၊ ကမ္ဘာကျော်၊ မြန်မာကျော် အားလုံးက ချစ်တဲ့သူ ဖြစ်နေတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်အားလုံးအတွက် တကယ်လိုအပ်နေတဲ့ ဒီဥပဒေကို အောင်မြင်ပြီးစီး အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ကြိုးစားပေးပါလို့ တိုက်တွန်းမေတ္တာရပ်ခံပါ တယ်" ဟု (မ.ဘ.သ) ဗဟိုအဖွဲ့ဝင် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာဦးကောဝိဒက မိန့်ကြားသည်။
မြန်မာနိုင်ငံသည် ဘာသာတစ်ခုတည်းတည်ရှိသည့် နိုင်ငံမဟုတ်ဘဲ ဘာသာပေါင်းစုံ ရောနှောနေထိုင်သော နိုင်ငံဖြစ်ကာ အခြားဘာသာများတွင် ၄င်းတို့ ဘာသာဝင်များကို ကာကွယ်ထားသည့် ဥပဒေများရှိနေပြီး ဗုဒ္ဓဘာသာတွင် ဘာသာဝင်များကို ကာကွယ်ပေးထားသည့် ဥပဒေများ မရှိသဖြင့် ရွာမဆရာတော်ကြီး ဦးဆောင်ကာ ဥပဒေများပေါ်ထွန်းလာစေရေး ဆောင်ရွက်နေရကြောင်း ဦးကောဝိဒက မိန့်ကြားသည်။
"ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တစ်ခြားဘာသာခြားတွေနဲ့ အတူနေထိုင်ရတဲ့အခါ အရှည်သဖြင့် အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် ဆရာတော်ကြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်းတူချင်းမှတူပါ လိမ့်မယ်။ အခုလုပ်ဆောင်နေတဲ့ကိစ္စသည် ဘာအရောင်အသွေးမှ မပါဘဲ ဘာသာ သာသနာ အတွက်သာရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်" ဟု အထက်ပါဆရာတော်က မိန့်ကြားသည်။
မိမိတို့အနေဖြင့် မျိုးစောင့်ဥပဒေများ ပေါ်ထွန်းလာရေးဆောင်ရွက်ရာတွ င် တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုကြောင်း (မ.ဘ.သ)ဗဟိုမှ ရွှေရတုတိပိဋက ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသက မိန့်ကြားသည်။
အမျိုး ဘာသာ သာသနာနှင့် ပတ်သက်သော ဥပဒေလေးရပ်ပေါ်ထွက်လာစေရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်ဦးဆောင်၍ နိုင်ငံတော် သမ္မတထံသို့ ၂၀၁၃ ဇူလိုင်လအတွင်းက တင်ပြခဲ့သဖြင့် သမ္မတက လိုအပ်လျှင် ဥပဒေပြုနိုင်ရေး လွှတ်တော်သို့ သဝဏ်လွှာပေးပို့ခဲ့သည်။
ပြည်ထောင်စု လွှတ်တော်နာယက သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချု ပ်ရုံး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ က ပြည်သူ့အင်အားဝန်ကြီးဌာနတို့ က ဥပဒေကြမ်းများ ရေးဆွဲရေး လွှတ်တော်သို့တင်ပြရန် သမ္မတထံသို့ သဝဏ်လွှာပြန်လည်ပေးပို့ခဲ့သည်။
အဆိုပါ ဥပဒေကြမ်းလေးခုနှင့်ပတ်သက်၍ ဝေဖန်သူအချို့လည်းရှိသည်။ "ဒီကိစ္စက သိပ်အရေးကြီးတယ်ဗျ။ ပြဿနာအကြီးကြီးဖြစ်နိုင်တယ် ။ ပေါ်ပင်လုပ်ရမယ့်ကိစ္စမဟုတ်ဘူး" ဟု ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ် ဦးလှဆွေကလည်း သမ္မတက ထိုဥပဒေကြမ်းလေးခုကိစ္စ လွှတ်တော်သို့ စာပို့သည်နှင့် ပတ်သက်၍ မှတ်ချက် ပေးသည်။
အဆိုပါဥပဒေကြမ်းလေးခုထက် အခြေခံဥပဒေပြင်ဆင်ရေးကို ဦးစားပေးသင့်ကြောင်း ပြောဆိုသူများလည်း ရှိသည်။
ရန်ကုန်- မျိုးစောင့်ဥပဒေနှင့်ပတ်သက်
မတ်လ ၂ ရက်တွင် ပြုလုပ်သည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြဝါဒစရိယ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် မဟာနာယကဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ဆရာတော်ကြီး၏ (၇၅) နှစ်မြောက် မွေးနေ့ပွဲတွင် ဆရာတော်အချို့က အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ပြီး မွေးနေ့ပွဲသို့ သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ပြည်သူ့လွှတ်တော်တရားဥပဒေစို
"ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကမ္ဘာသိ၊ မြန်မာသိ၊ ကမ္ဘာကျော်၊ မြန်မာကျော် အားလုံးက ချစ်တဲ့သူ ဖြစ်နေတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်အားလုံးအတွက် တကယ်လိုအပ်နေတဲ့ ဒီဥပဒေကို အောင်မြင်ပြီးစီး အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ကြိုးစားပေးပါလို့ တိုက်တွန်းမေတ္တာရပ်ခံပါ တယ်" ဟု (မ.ဘ.သ) ဗဟိုအဖွဲ့ဝင် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာဦးကောဝိဒက မိန့်ကြားသည်။
မြန်မာနိုင်ငံသည် ဘာသာတစ်ခုတည်းတည်ရှိသည့် နိုင်ငံမဟုတ်ဘဲ ဘာသာပေါင်းစုံ ရောနှောနေထိုင်သော နိုင်ငံဖြစ်ကာ အခြားဘာသာများတွင် ၄င်းတို့ ဘာသာဝင်များကို ကာကွယ်ထားသည့် ဥပဒေများရှိနေပြီး ဗုဒ္ဓဘာသာတွင် ဘာသာဝင်များကို ကာကွယ်ပေးထားသည့် ဥပဒေများ မရှိသဖြင့် ရွာမဆရာတော်ကြီး ဦးဆောင်ကာ ဥပဒေများပေါ်ထွန်းလာစေရေး ဆောင်ရွက်နေရကြောင်း ဦးကောဝိဒက မိန့်ကြားသည်။
"ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တစ်ခြားဘာသာခြားတွေနဲ့ အတူနေထိုင်ရတဲ့အခါ အရှည်သဖြင့် အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် ဆရာတော်ကြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်းတူချင်းမှတူပါ
မိမိတို့အနေဖြင့် မျိုးစောင့်ဥပဒေများ ပေါ်ထွန်းလာရေးဆောင်ရွက်ရာတွ
အမျိုး ဘာသာ သာသနာနှင့် ပတ်သက်သော ဥပဒေလေးရပ်ပေါ်ထွက်လာစေရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)
ပြည်ထောင်စု လွှတ်တော်နာယက သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချု
အဆိုပါ ဥပဒေကြမ်းလေးခုနှင့်ပတ်သက်၍
အဆိုပါဥပဒေကြမ်းလေးခုထက် အခြေခံဥပဒေပြင်ဆင်ရေးကို ဦးစားပေးသင့်ကြောင်း ပြောဆိုသူများလည်း ရှိသည်။
မင်းဟိန်းကျော်။
1 comments:
This report does not mention what Su Kyi replies. And no reporters ask Su Kyi her opinion about this Law
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်