Subscribe to our RSS Feed

ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား အထူးကု ဆရာဝန်ကြီးများအဖွဲ့က အနီးကပ်ကြပ်မတ် ကုသပေးလျက်ရှိ

From : ခေတ်လူငယ်

မန္တလေးနှင့် မုံရွာပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများက မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား လိုအပ်သည့် ပြုစုကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။ ဖြစ်စဉ်ဖြစ်ပွားသည့် နိုဝင်ဘာ ၂၉ ရက်မှစ၍ မုံရွာပြည်သူ့ဆေးရုံကြီးအတွင်း လူနာဌာန၌ သံဃာတော် ၃၂ ပါး အပါအဝင် စုစုပေါင်း လူနာ ၃၆ ဦး ဆေးရုံတက်ရောက် ကုသခဲ့သည့်အနက် သံဃာတော်သုံးပါးကို မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ လွှဲဟြေင်းပို့ဆောင် ကုသပေးခဲ့သည်။ ကျန်ရှိသည့် ၃၃ ဦးအနက် ခြောက်ဦးမှာ ရောဂါသက်သာ၍ လည်းကောင်း၊ ၁၄ ဦးမှာ ၄င်းတို့၏ တောင်းဆိုမှု အရလည်းကောင်း ဆေးရုံမှဆင်းခွင့်ပေးခဲ့ပြီး ၁၃ ဦးမှာမူ ဆေးရုံမှ ဆင်းခွင့် မပေးသေးဘဲ ၄င်းတို့၏ ဆန္ဒအရ ဆေးရုံမှ ဆင်းသွားခဲ့သည်။ ဒီဇင်ဘာ ၂ ရက် ညနေပိုင်းတွင် မုံရွာဆေးရုံကြီး၌ မီးလောင်ဒဏ်ရာရ လူနာများ မကျန်ရှိတော့ဘဲ ပြင်ပလူနာအဖြစ် ကုသပေးခဲ့ရသူ စုစုပေါင်း ၄၃ ဦး ရှိခဲ့ကြောင်း သိရသည်။ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာ ၆ ရက်နေ့အထိ တက်ရောက်ကုသခဲ့မှုမှာ သံဃာတော် အပါး ၁ဝဝ အပါအဝင် လူနာစုစုပေါင်း ၁ဝ၉ ဦးရှိသည့် အနက် ၇၂ ဦးသည် မန္တလေးဆေးရုံကြီးသို့ တိုက်ရိုက်ပြသ၍ ကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး ကျန် ၃၇ ဦးမှာ မုံရွာဆေးရုံကြီးမှ ၄င်းတို့ဆန္ဒအရ ဆင်းသွားခဲ့သော လူနာ ၁၃ ဦးနှင့် ပြင်ပလူနာ ၂၁ ဦးတို့ ပါဝင်သည်။ ယခုအခါ မန္တလေးပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် အရေအတွက်မှာ သံဃာတော် ၂၆ ပါးနှင့် လူပုဂ္ဂိုလ် ငါးဦးရှိပြီး မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံကြီး၌ံဃာတော် ၃၇ ပါးသာ ကျန်ရှိကြောင်း သိရှိရသည်။ မန္တလေးပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်ခဲ့သော သံဃာတော်များအနက် ဦးတိက္ခဥာဏ သက်တော်(၆၈) နှစ်သည် စိုးရိမ်ရသော အခြေအနေ မရှိသော်လည်း အရေပြားမီးလောင်မှု ရာခိုင်နှုန်း အနည်းငယ်များသဖြင့် ဆေးရုံအုပ်ကြီး အပါအဝင် အထူးကုဆရာဝန်ကြီးများ အဖွဲ့ဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ဦးစန္ဒောဘာသမှာ မျက်နှာမီးလောင်ကျွမ်းမှုကြောင့် မျက်စိအမြင်ချို့ယွင်းမှု ဖြစ်သော်လည်း မျက်စိအထူးကု ဆရာဝန်များ၏ မှတ်ချက်အရ မျက်လုံးထိခိုက်မှု မရှိကြောင်း တွေ့ရှိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် သာသနာရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများသည် ဒီဇင်ဘာ ၂ ရက်က မုံရွာပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီး တို့သို့ သွားရောက်ပြီး သံဃာတော်များအား ဆေးကုသ ပေးနေမှုကို ကြည့်ရှုအားပေးကာ ကျန်းမာရေး ဝန်ထမ်းများအား ဆွေးနွေး မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယခုဆေးရုံတွင် တက်ရောက်လျက်ရှိသည့် ကျန်လူနာများအား အထူးကု ဆရာဝန်ကြီးများ အဖွဲ့က လိုအပ်သော ဆေးဝါးကုသမှုများဖြင့် အနီးကပ်ကြပ်မတ် ကုသပေးလျက်ရှိပြီး လိုအပ်သော ဆေးဝါးများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ဖြည့်တင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။  

 www.MyanmarExpress.net
 

2 comments:

စစချင်းတော့တရုတ်ကိုမဲပြီးတိုက်ခိုက်နေတာ
နောက်ဆုံးတရုတ်ကမသကာမြန်မာပြည်မှာရင်းနှီးမှုတွေမလုပ်ရုံဘဲပေါ့

အခုတဖြည်းဖြည်းနဲ့ ဦးသိန်းစိန်အစိုးရဆီမျှားဦးလှည့်လာပြီ
ဒါဟာသူ့အလိုအလျှောက်ဖြစ်တာမဟုတ်ပါဘူး
အနောက်နိုင်ငံတွေနဲ့ အတိုက်အခံတွေရဲ့ နိုင်ငံရေးအစီစဉ်တခုပါ

အမေရိကန်တွေကမျက်နှာမိတ်ကပ်ရိုက်ပြီး၊မျက်နှာချိုသွေးပြီး၊
မြန်မာအတိုက်အခံတွေကိုတော့မျက်နှာအိုးမဲသုတ်ပြီး
ကခိုင်းတဲ့လုပ်ဇတ်ကြီးတခုပါ

ကိုင်း...အခုဘာလုပ်ကြမလဲ?

၂၀၁၅ မတိုင်မှီ တပ်မတော်မှအာဏာပြန်ယူပြီးအုပ်ချုပ်ဖို့သာရှိတော့ပါတယ်
ဒီလိုဒီမိုကရေစီဆိုတာဘာမှန်းမသိသေးတဲ့
ဒီမိုကရေစီနဲ့မထိုက်တန်တဲ့သူတွေကို
သေနတ်နဲ့အုပ်ချုပ်တာလက်တွေ့အကျဆုံးပါ

*မှတ်ချက်* ဒီမိုကရေစီဆိုတာ၊ဘာပြသနာကိုမဆို
တရားဥပဒေဘောင်ထဲကရှင်းလင်းဖို့ပါ၊
ဒီမိုကရေစီနိုင်ငံမှာလွတ်လပ်စွာဆန္ဒပြနိုင်ပေမဲ့
တရားဥပဒေအရခွင့်ပြုချက်ကိုရယူရမှာပါ။
ဒီလိုဆန္ဒပြတဲ့ခွင့်ပြုမိန့်ထဲမှာ နေရာ၊အချိန်အတိအကျပါတယ်

အခုလိုစည်းကမ်းမဲ့၊ဥပဒေကိုမလေးစားဘဲကိုယ်လုပ်ချင်တာ
လုပ်နေတာဒီမိုကရေစီရဲ့ လမ်းကြောင်းနဲ့ပြောင်းပြန်ဖြစ်နေပါတယ်

ဒါကြောင့်လဲသက်ဆိုင်ရာကတရားဥပဒေနဲ့အညီ
အရပ်သား၊ဘုန်းကြီးမခွဲခြားဘဲဖြိုခွဲရှင်းလင်းရတာဟာအမှန်တရားပါ

ပြည်သူ၊ ဘုန်းကြီး၊ ကျောင်းသား တွေရဲ့အထက်မှာ
နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေဟာအမြင့်ဆုံးပါ
ဘာမှဆင်ခြေဆင်လက်ပေးစရာမလိုပါဘူး
အစိုးရဟာအခြေခံဥပဒေနဲ့အညီလုပ်ဆောင်တာကြောင့်
ဘယ်သူ့ကိုမှကြောက်စရာမလိုပါဘူး။
တရားဥပဒေဆိုတာမှန်ကန်တဲ့သူတွေဖက်မှာအမြဲရပ်တည်နေပါတယ်
.

ပြောရအုံးမယ် အင်းဝခေတ်ပူံပြင်လေးတစ်ခု မင်းကိုးကယ်တဲ့ဆရာတော်က နန်းမတော်မယ်နု ကို မယ်နု နင်ဝတ်ကြွေးရှိရင်ဆပ်လိုက်တဲ့ တစ်ခါမှမယ်နု ကို အရေးလုပ်စကားမပြောတဲ့ ဆရာတော်က အမိန့်ရှိ တော့ မယ်နု က ဝပ်းသာလွန်းလို့မျက်ရည်တွေကျပြီး တင်ပါး ဘုရား ယခုဘဝ မှာဘဲ ဝဋ်ကြွေးတွေကြေအောင် ဆပ် သွားပါမယ်ဘုရား လို့လျှောက်ထား သတဲ့ ကိုယ်တော်တို့လည်း ဝဋ်ကျွေးတွေ ကြေပြီ ထင်ပ အရင်ဘဝကသူများ မီးရှို့ ခဲ့တော့ ဝဋ်ကြွေး ချိန်ခါသင့် ပြီဆိုတော့ ခုဘဝမှာ ရေဖျန်းထားတာတောင် မီးလောင် ရှာ သပေါ့ ။ ရဟန်းဝတ်တွေ အရိယာတွေတောင် မလွတ် ပါလားနော် ။ ဘူရား ဘုရား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်