From : Narajia
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အသက် ၂၀ ကျော် အရွယ် လူငယ် တစ်ဦး အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။
“ ဟုတ်တယ်။ အလောင်းကို ဒီကနေ့ မနက်က ရပါတယ်။ ရွာဟောင်းအနီးက ကာလီယာ ဘင်္ဂလီ တစ်ဦးရဲ့ လယ်ထဲက တလင်း အနီးမှာ ရပါတယ်။ ဒါပေမယ့် ဘယ်သူ သတ်သလဲ ဆိုတာ မပြောနိုင်သေးဘူး။ ရဲက စစ်ဆေး နေပါတယ်။ ညနေပိုင်းလောက်မှ သိရမှာ ဖြစ်ပါတယ်” ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက နိရဉ္စရာသို့ ပြောသည်။
မောင်ရာဇာဆိုသော အသတ်ခံရသော လူငယ်သည် ရသေ့တောင်မှ အလည်ရောက်နေသူ အမျိုးသမီးငယ် တစ်ဦးအား ကျောက်တော်မြို့နယ် ပြည်တော်သာ ရပ်ကွက်သို့ ပို့ဆောင်ရန် ညနေ ၆ နာရီကျော်ကတည်းက အိမ်မှ ထွက်သွားခဲ့သည်ဟု သိရသည်။
မနက်လင်းမှ သူ၏ အလောင်းအား အ၀တ်အစား တစ်စုံတစ်ရာမပါဘဲ ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။
“ ကြားရတာက ဦးခေါင်းနောက်စေ့ ပွင့်ထွက်သွားပြီး ခန္ဓာကိုယ်မှာ ဓါးဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ပြောတယ်။ အဲဒီ အသတ်ခံရတဲ့ နေရာက လူပြတ်တဲ့ နေရာလည်း ဖြစ်နေတဲ့ အတွက် လူတွေကတော့ အမျိုးမျိုး ဝေဖန် ပြောဆိုမူတွေတော့ ထွက်နေပါတယ်။ အတိအကျ မသိဘဲ ခန့်မှန်း မပြောဆိုလိုပါ” ဟု ဦးစောငြိမ်းက ပြောသည်။
ယခုအခါ ရဲအဖွဲ့မှာ ရသေ့တောင်မှ အမျိုးသမီးငယ်နှင့် သူမ တည်းခိုရာ နေအိမ်မှ လူငယ် တစ်ဦးအား ရဲစခန်းသို့ ခေါ်ယူသွားပြီး စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။
မောင်ရာဇာမှာ အိမ်ထောင်ရှိပြီး ရွှေမင်းဂံ ရပ်ကွက်တွင် စက်ဘီးပြင်ဆိုင် ဖွင့်ထားသည်ဟု သိရသည်။
www.MyanmarExpress.net

1 comments:
စစချင်းတော့တရုတ်ကိုမဲပြီးတိုက်ခိုက်နေတာ
နောက်ဆုံးတရုတ်ကမသကာမြန်မာပြည်မှာရင်းနှီးမှုတွေမလုပ်ရုံဘဲပေါ့
အခုတဖြည်းဖြည်းနဲ့ ဦးသိန်းစိန်အစိုးရဆီမျှားဦးလှည့်လာပြီ
ဒါဟာသူ့အလိုအလျှောက်ဖြစ်တာမဟုတ်ပါဘူး
အနောက်နိုင်ငံတွေနဲ့ အတိုက်အခံတွေရဲ့ နိုင်ငံရေးအစီစဉ်တခုပါ
အမေရိကန်တွေကမျက်နှာမိတ်ကပ်ရိုက်ပြီး၊မျက်နှာချိုသွေးပြီး၊
မြန်မာအတိုက်အခံတွေကိုတော့မျက်နှာအိုးမဲသုတ်ပြီး
ကခိုင်းတဲ့လုပ်ဇတ်ကြီးတခုပါ
ကိုင်း...အခုဘာလုပ်ကြမလဲ?
၂၀၁၅ မတိုင်မှီ တပ်မတော်မှအာဏာပြန်ယူပြီးအုပ်ချုပ်ဖို့သာရှိတော့ပါတယ်
ဒီလိုဒီမိုကရေစီဆိုတာဘာမှန်းမသိသေးတဲ့
ဒီမိုကရေစီနဲ့မထိုက်တန်တဲ့သူတွေကို
သေနတ်နဲ့အုပ်ချုပ်တာလက်တွေ့အကျဆုံးပါ
*မှတ်ချက်* ဒီမိုကရေစီဆိုတာ၊ဘာပြသနာကိုမဆို
တရားဥပဒေဘောင်ထဲကရှင်းလင်းဖို့ပါ၊
ဒီမိုကရေစီနိုင်ငံမှာလွတ်လပ်စွာဆန္ဒပြနိုင်ပေမဲ့
တရားဥပဒေအရခွင့်ပြုချက်ကိုရယူရမှာပါ။
ဒီလိုဆန္ဒပြတဲ့ခွင့်ပြုမိန့်ထဲမှာ နေရာ၊အချိန်အတိအကျပါတယ်
အခုလိုစည်းကမ်းမဲ့၊ဥပဒေကိုမလေးစားဘဲကိုယ်လုပ်ချင်တာ
လုပ်နေတာဒီမိုကရေစီရဲ့ လမ်းကြောင်းနဲ့ပြောင်းပြန်ဖြစ်နေပါတယ်
ဒါကြောင့်လဲသက်ဆိုင်ရာကတရားဥပဒေနဲ့အညီ
အရပ်သား၊ဘုန်းကြီးမခွဲခြားဘဲဖြိုခွဲရှင်းလင်းရတာဟာအမှန်တရားပါ
ပြည်သူ၊ ဘုန်းကြီး၊ ကျောင်းသား တွေရဲ့အထက်မှာ
နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေဟာအမြင့်ဆုံးပါ
ဘာမှဆင်ခြေဆင်လက်ပေးစရာမလိုပါဘူး
အစိုးရဟာအခြေခံဥပဒေနဲ့အညီလုပ်ဆောင်တာကြောင့်
ဘယ်သူ့ကိုမှကြောက်စရာမလိုပါဘူး။
တရားဥပဒေဆိုတာမှန်ကန်တဲ့သူတွေဖက်မှာအမြဲရပ်တည်နေပါတယ်
.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်