Subscribe to our RSS Feed

အွန်လိုင်းပေါ်မှ ဝေဖန်လေကန်နေသာ မြန်မာလူငယ် သတ္တိခဲများ အတုယူဖွယ် ကိုရီးယားမင်းသား

From : မြဝတီ

အသက် ၁၉ နှစ်သာ ရှိသေးသည့် လူငယ် မင်းသားချော ယိုဆောင်ဟိုသည် လက်ရှိ ရိုက်ကူးလျက် ရှိသော ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးခြင်းကို အဆုံး သတ် ပြီးနောက် စစ်မှုထမ်းရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

''ပန်းနုရောင်လက်ထပ်ခွင့်'' ဇာတ်ကားဖြင့် ပရိသတ် များ၏ အားပေးမှုကို ရရှိထားသည့် ယိုဆောင်ဟိုသည် လာမည့်နှစ် ကုန်ပိုင်းတွင် စစ်မှုထမ်းရန် အသင့် ရှိနေပြီ ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီက ပြောကြားခဲ့သည်။

ယိုဆောင်ဟိုသည် စစ်မှုထမ်းရန် အမိန့်စာ ရရှိထားပြီ ဖြစ်သော်လည်း အနုပညာ လုပ်ငန်းများဖြင့် မအားလပ် သောကြောင့် ခေတ္တ အချိန်ဆွဲထား ခဲ့ခြင်းဖြစ်ေ ကြာင်း၊ ၎င်းသည် တောင်ကိုရီးယား မရိန်း တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း ၎င်း အေဂျင်စီက ထပ်မံ ပြောကြားခဲ့ သည်။ တောင်ကိုရီး ယား နိုင်ငံမှ အနုပညာရှင် အများစုသည် စစ်မှုထမ်းပါက တပ်မတော်၏ ပြည်သူ့ ဆက်ဆံရေး တပ်ခွဲတွင် တာဝန် ထမ်းဆောင်ရလေ့ ရှိသည်ဟု သိရသည်။



 www.MyanmarExpress.net
 

5 comments:

မြန်မာလူမျိုးတိုင်း စစ်မှု့ မထမ်း မနေရ ဥပဒေ ပြဌာန်းချက်အား အကောင်အထည် စတင် ဖော်ဆောင်ရန် လိုအပ်နေပြီဖြစ်ပါသည်။ တပ်မတော် အတွင်း မိမိ ခံယူချက်ဖြင့် ၀င်ရောက်လိုသူများ နည်းပါးလာပြီး လက်ဖက်ရည်ဆိုင်ထိုင် စစ်တိုက်နေသူများ များပြားလာနေခြင်း ၊ နိုင်ငံရေး အလုပ်အား နေ့စား လိုက်လုပ်နေသူများ အချိန်အားပြီး အလုပ်မရှိသည့် လူငယ် အများအပြားတွေ့ရှိနေရခြင်း ၊ခိုင်မာတောင့်တင်းသော ခံယူချက်ပြည့်ဝသော ကိုယ့်တိုင်းပြည်ကို နှစ်နှစ်ကာကာ ချစ်တတ်သော စိတ်ဓာတ်ရှိသည့်လူမျိုးများ ဖြစ်စေရေး လူတိုင်း တိုက်ပွဲ အတွေ့အကြုံရှိပြီး ပြည်ပ စစ်အတွက် အသင့် ဖြစ်နေစေရေး စသည်တို့ အတွက် နိုင်ငံတကာ နည်းတူ အသက် ကန့်သတ်ချက်ဖြင့် စစ်မှု့ မထမ်းမနေရ ဥပဒေအား ၂၀၁၃ ခုနှစ် ဇန်(၁) ရက်နေ့မှပင် စတင်ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

Our country need to issue military service (GI) for all young people so that to become more
stronger Army

လူငယ်တိုင်းကို စစ်ပညာသင်ဖို့သတ္တ ရှိလားအရင်းမေးကြည့်ါပအုံး

အဓိက က သူတို့ နိုင်ငံတွေ မှာလို စစ်မှု့ မထမ်း မနေရ ဆိုတဲ့ ဥပဒေ ကို လွတ်တော်က လုပ်ပေးပါ။ အဲဒီ အခါ ကြ ရင် ကိုကိုဒီမို တို့ မမဒီမို တို့ ဘယ်လိုတွေ ဆန္ဒပြ ကြမလဲ ဆို ကြည့်ချင်တယ်။

ကြိုက်တယ် ဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်