From : သမ္မတရုံး
www.MyanmarExpress.net
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ နံနက် (၈) နာရီခွဲတွင် တနင်္သရီတိုင်း
ဒေသကြီး ထားဝယ်မြို့သို့ ရောက်ရှိလာသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ်
မစ္စရင်လပ်ရှင်နာဝပ်အား တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ဧည့်ရိပ်သာ၌
လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံကုန်သွယ်မှု
ပိုမိုတိုးမြှင့်နိုင်ရေး၊ ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင်
ပူးပေါင်းဆောင်ရွက်ရေး၊ ရထားလမ်း- ကားလမ်းများ ဖောက်လုပ်ရေး၊
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကိစ္စနှင့် မောတောင်-ဘုရားသုံးဆူ
နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရေးကိစ္စတို့ကို ရင်းနှီးခင်မင်စွာ
အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊
ဦးတင်နိုင်သိန်း၊ ဦးခင်မောင်စိုး၊ ဦးအေးမြင့်၊ ဦးကျော်လွင်၊
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဌာနဆိုင်ရာ အကြီးအကဲများ
တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ် ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ
ထိုင်းနိုင်ငံသံအမတ်ကြီးလည်း တက်ရောက်သည်။

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်