Subscribe to our RSS Feed

KIA မှ လမ်းတစ်ခု တွင် ဂိတ် ၁၂ ခု ဖွင့်ပြီး ကားတစ်စီး တစ်သောင်းထိ အခွန်ကောက်နေ

   
ယခုရက်ပိုင်းအတွင်း မိုးကောင်းဖားကန့်လမ်းကြောင်းေ
ပ်ါတွင် KIA ရင်း ၆ မှ
တပ်ဖွဲ့ဝင်အချို့နှင့် နယ်မြေခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည်
ဂိတ်ဖွင့်ပြီး ခရီးသွားများ ကားများထံမှ အခွန်ပြန်လည်
ကောက်ခံနေကြကြောင်း၊ လမ်းကြောင်းတစ်လျောက် ဂိတ် ၁၂ ခု ရှိပြီး
လဘန်ကထောင်နှင့် နန့်ဟိုင်ဂိတ်များသည်အဆိုးဆုံးဖြစ်ကြောင်း၊
ဂိတ်တစ်ခုလျင် လူ ၃ ဦးမှ ၅ ဦးအထိရှိပြီး စစ်ဝတ်စုံဝတ်သူ
အရပ်ဝတ်ဝတ်သူများပါဝင်ကြောင်း၊ ခရီးသည်တင်ကားတစ်စီး ၁၀၀၀၊ ကုန်တင်ကား တစ်
စီး ၃၀၀၀ မှ ၁၀၀၀၀ အထိ ပေးရကြောင်း၊ အမြဲတန်းမဟုတ်သော်လည်း
မကြာခဏအကြောင်း အမျိုးပြပြီးကောက်ခံတတ်ကြောင်း ဖားကန့်မှ ပြန်ဆင်းလာသော
ယာဉ်မောင်းတစ်ဦးက ပြောပြ ခဲ့သည်။ ကုန်ကားတစ်စီး တစ်နှစ်စာကို ငွေ ၃
သိန်းမှ ၈ သိန်းအထိကောက်ခံထားသော်လည်း ၄င်း ကောက်ခံမှုမှာ
ဗဟိုအတွက်ဖြစ်ပြီး ဗဟိုခွင့်ပြုချက်အရ နယ်ခံများအတွက် ယခုကဲ့သို့သီးခြား
ကောက်ခံမှုများရှိခြင်း၊ အလိုရှိသောပစစည်းများကို ငွေမပေးဘဲမှာခြင်း၊
မုံ့ဖိုးသီးသန့်တောင်းခြင်း၊ ခေါင်းစဉ်ပြ အလှူခံ ခြင်းစသော
နည်းမျိုးစုံဖြင့်တောင်းခံရုံသာမက မထင်လျင် မထင်သလို မိမိ သားအရွယ်ရှိသော
ကလေးများက ဆဲဆို ရိုက်နှက်တတ်သဖြင့် စီးပွားရေးလုပ်ရတာ စိတ်ကုန်နေ
ကြောင်း ဒီတစ်ခေါက်ကုန်ပို့ပြီးပါက
ကျောက်ပန်းတောင်းသို့သာပြန်တော့မည်ဖြစ်ကြောင်း
ကျောက်ပန်းတောင်းမှကုန်သည်တစ်ဦးက ငြီးတွားပြောဆိုသွားခဲ့သည်။
''ဒီကောင်တွေခုလို လုပ် နေတာ KIA ဗဟိုကခိုင်းလို့မဖြစ်နိုင်ဘူး
သူတို့ဖာသာ စီးပွားရှာတာဖြစ်နိုင်တယ်'' ဟု ကားပေါ်ပါ လာသော
သင်းအုပ်ဆရာတစ်ယောက်က ပြောကြားသွားသည်။ အစိုးရနဲ့တပ်မတော်က KIA ကို
အပြတ်မတိုက်သည်ကိုနားမလည်နိုင်ကြောင်း၊ ပြီးခဲ့သည့်အပတ်က
စစ်တပ်ရိကခာများပို့၇န် စစ်ကြောင်းများလမ်းပေါ်သို့ဝင်ရောက်လာစဉ်
ငွေပေးရသက်သာသဖြင့် ခရီးသွားများပျော်ရွှင် နေကြောင်း၊ နောက်ပိုင်း
တိုက်ပွဲများဖြစ်လာမှလမ်းပိတ်ထားသဖြင့် စိတ်ညစ်ရကြောင်း၊ KIA ဘက်မှ
လူထုအကာအကွယ်ယူ တိုက်ခိုက်သဖြင့် စစ်တပ်ကလမ်းကြောင်းပိတ်မှသာ တောတွင်း
သွားရောက်ပုန်းအောင်းနေကြသဖြင့် ၄င်းတို့စားစရာပြတ်လပ်ပြီး
အချင်းချင်းစကားများ ခိုက်ရန် ဖြစ်ပွားမှုပင်ရှိခဲ့ကြောင်း
ခရီးသည်တစ်ဦးကပြောကြားခဲ့သည်။ ၄င်း ခရီးသည်ကပင်ဆက်လက်ရွေ့ အစိုးရနှင့်
စစ်တပ်အနေဖြင့် KIA ကိုလျော့မတွက်သင့်ကြောင်း၊ KIA သည် ကချင်လူမျိုးစုကို
မြန်မာတိုင်းရင်းသားမှားမှဖဲ့ထုတ်ရွေ့ သီးခြားနိုင်ငံအဖြစ်
ရပ်တည်နိုင်အောင် စနစ်တကျစီမံနေ ကြောင်း၊
တာပိန်ရေအားလျပ်စစ်စက်ရုံပြသနာမှစခဲ့သော်လည်း နောက်ပိုင်းတွင်
ကချင်လူမျိုး ရေးကိုဇောင်းတင်လာကြောင်း၊ ပြည်သူလူထုကို
အမှန်တကယ်ကာကွယ်လိုပါက ကချင်ပြည်နယ် အတွင်းမှ ကချင်အပါအ၀င်
အခြားတိုင်းရင်းသားများအားလုံးကိုကိုယ်စားမပြုနိုင်သော လူနည်းစု
KIAသောင်းကျန်းသူများကို ထိထိရောက်ရေက်တိုက်ခိုက်ချေမှုန်းသင့်ကြောင်း၊
နိုင်ငံရေးပြယုဂ် ကောင်းရုံသာ ဆွေးနွေးပွဲလုပ်ခြင်းများသည် ပြည်သူလူထုကို
ထိရောက်စွာမကာကွယ်နိုင် ကြောင်း၊ နိုင်ငံရေးပုံရိပ်ကိုသာဂရုစိုက်နေပါက
နောင်တွင်ပိုမိုဆိုးဝါးကြပ်တည်းသော အခြေအနေ မျိုး ဖြစ်လာနိုင်သဖြင့်
ကချင်ပြသနာကိုလည်း ရခိုင်အရေးအခင်းကဲ့သို့ ထိထိရောက်ရောက် ကိုင်တွယ်ပြီး
ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ကြောင်း ၄င်းကပင် သူ့အမြင်ကို ဆက်လက်
ပြောကြားသွားသည်။ ကချင်ပြည်နယ်တွင် စစ်ပွဲကြာရှည်လာသည်နှင့်အမှ
ျပြည်သူလူထုက ပိုမို ဒုတ်ခ ရောက်နေသဖြင့်
စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ချင်နေကြပြီး အမြန်ဆုံးအဆုံးသတ်ရေး သည်
တစ်ဖက်နှင့်တစ်ဖက် ပြတ်ပြတ်သားသားတိုက်ခိုက်မှရမည်ကို
သိရှိလာကြပြီဖြစ်သည်။
 
www.MyanmarExpress.net
 

2 comments:

Fight and crush all KIA bloody hell terrorist group.They are enemy of the State .And then they are just like the rubbish of Myanmar.So we need to clean them urgently as fast as we can.They are real and common enemy of every Myanmar citizen

ပြတ်ပြတ်သားသား တိုက် ပြီးဖြေရှင်းသင့်ပါပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်