ကျွန်မက သပိတ်ကျင်းမြို့က NLD ပါတီဝင်တစ်ယောက်ပါ၊ ကျွန်မယောကျာ်းလည်း အတူတူပါပဲ၊ ကျွန်မအိမ်ရှေ့ ဆိုင်ရှေ့မှာ NLD ပါတီဆိုင်းဘုတ်ထောင်ထားပါတယ
ဖြစ် လာလို့ပြောလိုက်ရတာပါ။ တစ်နေ့ပေါ့…
အဲဒီနေ့က . ကျွန်မက အိမ်ဆိုင်လေးဖွင့်ဖို့ ရှေ့မှာပြင်ဆင်နေတုန်း မနက် ၇ နာရီ ခွဲ ကျော်ကျော်လောက်မှာ ဘာသံကြီးမှန်းမသိဘူး မြည်လာပြီး. ကျွန်မဆိုင်လေးရော စဥ့်အိုးဆင့် ထားတဲ့နေရာတွေမှာရော ရမ်းခါနေအောင်လှုပ်ခတ်နေပြီး
ငလျင်လှုပ်မှန်း ကျွန်မသိလိုက်ပါတယ်။ အဲဒါနဲ့ အိမ်ထဲမှာရှိတဲ့ ကလေးတွေ
ကိုလည်း လှမ်းအော်. ကျွန်မကိုယ်တိုင်လည်း ဘာတွေအော်မှန်း မသိ .
လှမ်းအောင်နေမိပါတယ်။ ဆိုင်ထဲက ပစ္စည်းတွေလည်း ပြုတ်ကျ၊ စဉ့်အိုးတွေလည်း
ကွဲ. အားလုံးကို ကျွန်မမြင်နေရပါတယ်။
ကျွန်မအိမ်ရှေ့က အိမ်နဲ့. ဘေးက လယ်စိုက်ရုံးလည်း နံရံတွေပြိုကျ၊ ခြံစည်းရိုးတွေ လဲ. ကျွန်မတို့ အိမ်အောက်က နံကပ်လည်း အပြင်ကို လဲတယ်၊ အိမ်နောက်က အဖီလည်း လဲသွားတယ်၊ ကျွန်မထင်တယ် စက္ကန့် ၄၀ ၊ တစ်မိနစ်နီးပါးလောက် ကြာမယ်ထင်တယ်. ကျွန်မလည်း ဆိုင်ထဲက တိုင် တစ်တိုင်ကို အတင်းဖက်ထားတာပေါ့. ခေါင်းတွေလည်းမူး. ကြောက်လည်း အရမ်းကြောက်နေတယ်။ နဲနဲငြိမ်သွားပြီ ထင်တော့မှ အိမ်ထဲသွားကြည့်တော့ ကလေးတွေရော . ကျွန်မယောကျာ်းရော ဘာမှ မဖြစ်ကြဘူး. အိမ်နံရံ က အပြင်ဘက်ကို လဲသွားတာ ကံကောင်းသွားတာပေါ့..
ကျွန်မတို့မြို့လေး တော်တော်ပျက်စီးသွားတယ် အိမ်တွေရော၊ ဆေးရုံတွေရော၊ ဈေးရော၊ မြို့လယ်ခေါင်က နာရီစင်ရော၊ ဘုန်းကြီးကျောင်းရော၊ အဓိကက ကျွန်မတို့မြစ်ဆိပ်မှာဆိုရင်
စဥ့်အိုးတွေ ထပ်ပြီးထားကြတာလေ . အကုန်လုံးနီးပါး ကွဲကုန်ကြတယ်။ ကျွန်မတို့
အမျိုးတွေရော ဘာတွေ ဖြစ်ကြလဲ. ဘယ်လိုတွေဖြစ် ကုန်ကြလဲသိချင်တာပေါ့.
ဒါပေမယ့် ဖုန်းတွေကလည်း ခေါ်လို့ မရတော့ဘူး. နောက်နေ့ခင်းလောက်ကျမှ သိရတယ်.
သူတို့ဆီမှာလည်း ငလျင်လှုပ်တယ်တဲ့ .ဒါပေမယ့် ကျွန်မတို့ လောက်တော့
မဆိုးဘူးတဲ့ .တော်သေးတာပေါ့။
ညနေရောက်တော့ ကျွန်မတို့မြို့ကို နေပြည်တော်ကနေ ဒုသမ္မတနဲ့ အဖွဲ့တွေရောက် လာတယ်။ မှောင်ကာနီးမှ ရဟတ်ယာဉ်နဲ့ ရောက်လာတာပါ. သူတို့နဲ့ တပ်ကဗိုလ်ချုပ်တွေလည်း ပါတယ်. ကျွန်မလည်း ကိုယ့်အိမ်ထဲမှာပဲ ကိုယ်ရှင်းလင်းနေတော့ . သတိမထားလိုက်မိဘူး. မြို့ထဲမှာ စစ် သားတွေ တော်တော် ရောက်နေကြပြီ. ဈေးနားမှာရော၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနားမှာရော ကယ်ဆယ်ရေးတွေ လုပ်နေကြတာ၊ ဘယ်ကလာတာလဲ မေးကြည့်လိုက်တော့ .ဒီအနီးအနားက တပ်တွေ ကလူတွေ ဖြစ်နေတယ်. ပြီးတော့ တူညီဝတ်စုံတွေနဲ့ ကယ်ဆယ်ရေးလုပ်နေတဲ့ အမျိုးသ မီးတွေ တွေ့ရတယ် မေးကြည့်လိုက်တော့ ရဲမေတွေ စစ်သားမိသားစုတွေဖြစ်နေတယ်။
ရှင်တို့ဆီမှာရော ငလျင်မလှုပ်ဘူးလား မပျက်စီးဘူးလား မေးကြည့်လိုက်တော့ .
သူတို့ တပ်ထဲမှာလည်း လှုပ်တယ်. လိုင်းခန်းတွေပြိုကျတယ်၊ ပျက်တယ်ပေါ့.
အော်.လို့ ပြောလိုက်မိတယ်. ကိုယ့်တပ်ထဲကဟာ ကိုယ်. အရင် မပြင်ရဘဲ ဒီကို
လာပြီး လုပ်ပေးနေရပါလားလို့ တွေးမိလိုက်တယ်။ နောက်နေ့မှာ မိုးကုတ်မြို့က
ကြက်ခြေနီအဖွဲ့ကလဲ ကိုယ့်ထမင်း ကိုယ်စားပြီး ရောက်လာပါတယ်။
ဒုသမ္မတကြီးနဲ့ တိုင်းမှူးတို့ လာပြီး ဘာတွေလိုအပ်လဲ၊ ဘာတွေလုပ်ပေးရမလဲ စသည်ဖြင့်ပေါ့. မေးကြ မြန်းကြနဲ့ .နေစရာအိမ်ပျက်သွားတဲ့လူတွေ .
စားဖို့သောက်ဖို့ အခက်အခဲဖြစ်သွားတဲ့ လူတွေကို မြို့အထွက်နား
ဘုန်းကြီးကျောင်းနားမှာ နေစရာ. စားစရာတွေ စီစဉ်ပေးပါတယ်။
ငလျင်လှုပ်ပြီးပြီးချင်း ချက်ချင်းရောက်လာတဲ့အတွက် မျက်နှာငယ်လေးတွေနဲ့
ဖြစ်နေရတဲ့ ကျွန်မတို့ မြို့သူမြို့သားတွေ အားလုံး အားတက်ရ . ဝမ်းသာရပါတယ်။
ကျေးဇူးလည်းတင်ပါတယ်။ ကျွန်မတို့တသက်မှာ ဒီလိုမျိုး တစ်ကြိမ်မှ မကြုံဖူး
မဆုံဖူးကြတော့ အားလုံးကလည်း ကြောက်နေကြတဲ့အချိန်ပါ. ပြောရရင်
အခုအချိန်ထိကို ရင်ထဲမှာ စိုးရိမ်စိတ်လေးတော့ ရှိနေတုန်းပဲ.။
နောက် နိုင်ဝင်ဘာ ၂၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီး နဲ့ ကာချုပ်ကြီးတို့ ကိုယ် တိုင် နှစ်ယောက်အတူ ရောက်လာခဲ့ပါတယ်. ကျွန်မဖြင့် ယုံတောင် မယုံချင်ဘူး. ကိုယ်တိုင် ကိုယ် ကျ တွေ့ရမှပဲ ယုံရတော့တယ်. ပျော်လိုက်တာ. အားလည်းတက်မိပါတယ်. ကျွန်မတို့တမြို့လုံးဆိုရင်
သူတို့ ကို ကြိုဆိုဖို့ ဘယ်သူမှ မတိုက်တွန်း မဆော်သြော်ဘဲနဲ့ကို
တမြို့လုံး အုံ့အော်သောင်းနင်း ကို ဖြစ်နေတော့တာပဲ . တကယ်ဒုက္ခရောက်နေတဲ့
နေရာက လူတွေဆီကို တကယ်ရောက်အောင် လာတဲ့အတွက် ကျွန်မတို့ NLD ပါတီဝင်တွေ
ကိုယ်တိုင်တောင် ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုနေမိပါတော့တယ်.
အရင်တုန်းကဆိုရင် သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့ကို လေဆိပ်တို့ အခမ်းအနား
တို့မှာသာ နှစ်ယောက်အတူတွဲပြီး တီဗွီထဲမှာ တွေ့ဖူးတာပါ. အခုလို
ကိုယ့်ပြည်သူလူထုတွေ ဒုက္ခရောက်တဲ့ အချိန်မှာ နှစ်ယောက်အတူတွဲပြီး တွေ့လိုက်
ရတော့ ရင်ထဲမှာ တော်တော်လေးကို ပီတိဖြစ်မိပါတယ်. ငါတို့ကို
တော်တော်ချစ်ပါလား၊ အလေးအနက် ထားပါလားဆိုတာကို ရင်ထဲမှာ ကျေနပ်နေမိပါတယ်။
ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို အားပေးနေ တာတွေ ပြုစုစောင့်ရှောက်
နွေးထွေး ကြင်နာနေတာတွေကို မြင်ရတာ ရင်ထဲမှာ ဖော်ပြလို့ မရအောင်ကို
ကြည်နူးနေခဲ့ရပါတယ်။
ကာချုပ်ကြီးနဲ့ စစ်သားတွေကို ကျေးဇူးတင်သလို ပြည်သူ့ရဲ၊ ကြက်ခြေနီ၊ မီးသတ်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုဒီအချိန်မှာ ကျွန်မ သတိထားမိတာတစ်ခုရှိတယ်။ အဲဒါ ဘာလဲ ဆိုတော့ အရင်တုန်းက လူကြီးတွေလာမယ်ဆိုရင် ကျွန်မတို့မြို့ကလူတွေ မြို့တော်ခန်းမကို သွားရ တယ်. စောင့်နေရတယ်. သူတို့တွေ ပြောတာပဲ နားထောင်ပြီး ပြန်လာရတယ်၊ အခုတော့ ဒီလိုမဟုတ်တော့ ဘူး ခေတ်ကာလ အခြေအနေရ ပြောင်းလဲသွားပါပြီ။ အခု ကျွန်မတို့မြို့ သပိတ်ကျင်း ကို နိုင် ငံတော်သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့ လာမယ်ဆိုတော့ မြို့ကလူတွေ အကုန်လုံးက ဘယ်သူကမှ မစေခိုင်းဘဲနဲ့ လမ်းမပေါ်မှာထွက်ပြီး ကြိုဆို နေကြတယ်။ ကျွန်မတို့ NLD ပါတီဝင်တွေဆိုရင်လည်း ကိုယ့် ပါတီက လူကြီးတွေလာတာ မဟုတ်တာ တောင် ကိုယ့်ပါတီအလံကို ဝှေ့ရမ်းပြီးကြိုဆိုနေကြပါတ ယ်။ ကျွန်မ ကိုယ်တိုင်ကလည်း ရင်ထဲက လှိုက်လှိုက် လှဲလှဲနဲ့ကို ပါတီအလံဝှေ့ရမ်းပြီး သမ္မတကြီးနဲ့ ကာချုပ်ကြီးကို ကြိုဆိုနေမိပါတော့တယ်။
ဒီခရီးစဉ်ကို ကျွန်မတို့မြို့က နိုင်ငံရေးပါတီတွေဖြစ်တဲ့ NLD တို့၊ တစညတို့၊ ပြည်ခိုင်ဖြိုးတို့ စတဲ့ပါတီက လူတွေ အကုန်လုံးက အလံတွေဝှေ့ရမ်းပြီး ကြိုဆိုတာကို တွေ့ရပါတယ်။ ကျွန်မအထင် ကျွန်မတို့ ပါတီကလူတွေ NLD ပါတီအလံဝှေ့ရမ်းပြီး ကိုယ့်ပါတီက မဟုတ်တဲ့သူတွေကို ကြိုဆိုတာ ဒါ.ပထမဦးဆုံး ဖြစ်မယ်လို့ထင်ပါတယ်။ အရင်တုန်းကဆိုရင် ကျွန်မတို့ပါတီဝင်တွေကို သူပုန်လိုလို ဘာလိုလို သတ်မှတ်ပြီး မျက်စိဒေါက်ထောက် ကြည့်နေကြတာ.ဘယ်မှလည်း လွတ်လွတ်လပ်လပ်သွားလို့ မရ၊ လုပ်လို့မရနဲ့ နေခဲ့ကြရတာပါ။
အခုတော့ ဒီလိုမဟုတ်တော့ဘဲ သမ္မတကြီးတို့ ကာချုပ်ကြီးတို့ကိုယ်တိုင် ကျွန်မတို့ကို ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံခံလိုက်ရတော့ ရင်ထဲမှာ ပြောမပြတတ်အောင်ပါပဲ.။ သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့ရဲ့ အားပေးနှစ်သိမ့်အပြုံးတွေဟာ
ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ မရှိဘူးဆိုတာ ကျွန်မ ရင်ထဲမှာ ရဲရဲကြီး
ယုံကြည်သွားစေပြီး ကျွန်မတို့ ပြည်သူတွေ၊ ငလျင်ဒုက္ခသည်တွေအတွက် အားဆေး
ကြီးတစ်ခွက်ပါပဲရှင်.။ ဒီကရှေ့လည်း သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့ လက်တွဲညီညီ
ပူးပေါင်း ဆောင်ရွက်ပြီး တိုင်းပြည်အကျိုး၊ ပြည်သူတွေအကျိုးကို
ဆထက်တံပိုးတိုးပြီး ထမ်းဆောင်နိုင်ပါစေလို့ ရင်ထဲ က ပြောနေမိပါတော့တယ်။
ဒါနဲ့ဘဲ တစ်ဆက်ထဲ ကျွန်မပြောချင်တာက ကျမတို့ ပြည်သူတွေ ဒုက္ခရောက်ခဲ့တဲ့ အချိန်မှာ ဘယ်သူတွေ ဘာတွေကူညီခဲ့ကြလဲဆိုတာ Sky Net နဲ့ မြ၀တီရုပ်သံတို့ကနေ ကျွန်မတို့ဒေသရဲ့ အဖြစ် မှန်အခြေအနေတွေကိုလဲ အမြဲပြသနေတဲ့အတွက် သိနေရပါတယ်။ ငလျင်လှုပ်ပြီး နေ့မကူးခဲ့ဘဲ နိုင်ငံတော် အကြီးအကဲတွေ၊ စစ်သားတွေ၊ ရဲတွေ၊ ကြက်ခြေနီတွေ၊ မီးသတ်တွေ ရောက်လာတယ်။ NLD ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်ကလဲ အိန္ဒိယကို ခရီးမသွားခင်လေးမှာဘဲ NLD ပါတီအနေနဲ့ သိန်း ၁၀၀ လှူသွား တယ်။ ပြည်သူအကျိုး ဆောင်ရွက်နေပါတယ်ဆိုတဲ့ ၈၈ အဖွဲ့က ကိုမင်းကိုနိုင်တို့ကတော့ ခရီးသွားတောင် မပျက်ပါဘူး။ ကျွန်မတို့ ဒေသကို လည်တချက်လေးမှ စောင်းငှဲ့လေ့လာတာမရှိပါဘူး ။
၈၈ တို့ ဗသကတို့ ကတော့ တကယ်လိုအပ်တဲ့ နေရာတွေမှာ အကူအညီပေးတာတွေမလုပ်ဘဲ သူတို့နာမည်ရမဲ့ သူတို့အတွက် အကျိုးရှိမဲ့ လက်ပန်းတောင်းတောင်စီမံကိန်းလို နေရာတွေ မိုးထိမိုးမိဆန္ဒပြတဲ့ သူတွေ ကို မြှောက်ပေး၊ တိုင်းပြည်ပျက်စီးရာပျက်စီး ကြောင်းလုပ်ပေးနေရတာနဲ့ဘဲ အလုပ်ရှုပ်နေ ပါတယ်။ မြန်မာပြည်သူတွေအတွက် ဆိုပြီးဖွဲ့စည်းထားတယ်ဆိုတဲ့ 
ဘာကွန်ရက်၊ ညာကွန်ရက် နဲ့ ကျောင်းပေါင်းစုံက သမဂ္ဂပေါင်းစုံကလဲ သတင်း
မေးဖော်လေးတောင်မရပါဘူး။ လက်ပန်းတောင်းတောင် မှာ တစ်နေ့ ၅၀၀၀
ယူပြီးထိုင်နေမဲ့အစား ကျွန်မတို့ လို ငလျင်ဒဏ်ခံထားရတဲ့ဒေသမှ ဒုက္ခရောက်နေ
တဲ့ ပြည်သူတွေကို လာကူညီရင် ကျွန်မတို့ နိုင်ငံအတွက်
တော်တော်လေးကောင်းမယ်လို့ ထင်ပါတယ်။
အခုတော့ ကျွန်မတို့ ဘယ်သူတွေက တိုင်းပြည်အတွက် အလုပ်လုပ်နေတယ်၊ ဘယ်သူတွေက ကိုယ့်အတွက်အလုပ်လုပ်နေတယ်ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်သွားပါပြီ။
အဲဒီနေ့က . ကျွန်မက အိမ်ဆိုင်လေးဖွင့်ဖို့ ရှေ့မှာပြင်ဆင်နေတုန်း မနက် ၇ နာရီ ခွဲ ကျော်ကျော်လောက်မှာ ဘာသံကြီးမှန်းမသိဘူး မြည်လာပြီး. ကျွန်မဆိုင်လေးရော စဥ့်အိုးဆင့် ထားတဲ့နေရာတွေမှာရော ရမ်းခါနေအောင်လှုပ်ခတ်နေပြီး
ကျွန်မအိမ်ရှေ့က အိမ်နဲ့. ဘေးက လယ်စိုက်ရုံးလည်း နံရံတွေပြိုကျ၊ ခြံစည်းရိုးတွေ လဲ. ကျွန်မတို့ အိမ်အောက်က နံကပ်လည်း အပြင်ကို လဲတယ်၊ အိမ်နောက်က အဖီလည်း လဲသွားတယ်၊ ကျွန်မထင်တယ် စက္ကန့် ၄၀ ၊ တစ်မိနစ်နီးပါးလောက် ကြာမယ်ထင်တယ်. ကျွန်မလည်း ဆိုင်ထဲက တိုင် တစ်တိုင်ကို အတင်းဖက်ထားတာပေါ့. ခေါင်းတွေလည်းမူး. ကြောက်လည်း အရမ်းကြောက်နေတယ်။ နဲနဲငြိမ်သွားပြီ ထင်တော့မှ အိမ်ထဲသွားကြည့်တော့ ကလေးတွေရော . ကျွန်မယောကျာ်းရော ဘာမှ မဖြစ်ကြဘူး. အိမ်နံရံ က အပြင်ဘက်ကို လဲသွားတာ ကံကောင်းသွားတာပေါ့..
ကျွန်မတို့မြို့လေး တော်တော်ပျက်စီးသွားတယ် အိမ်တွေရော၊ ဆေးရုံတွေရော၊ ဈေးရော၊ မြို့လယ်ခေါင်က နာရီစင်ရော၊ ဘုန်းကြီးကျောင်းရော၊ အဓိကက ကျွန်မတို့မြစ်ဆိပ်မှာဆိုရင
ညနေရောက်တော့ ကျွန်မတို့မြို့ကို နေပြည်တော်ကနေ ဒုသမ္မတနဲ့ အဖွဲ့တွေရောက် လာတယ်။ မှောင်ကာနီးမှ ရဟတ်ယာဉ်နဲ့ ရောက်လာတာပါ. သူတို့နဲ့ တပ်ကဗိုလ်ချုပ်တွေလည်း ပါတယ်. ကျွန်မလည်း ကိုယ့်အိမ်ထဲမှာပဲ ကိုယ်ရှင်းလင်းနေတော့ . သတိမထားလိုက်မိဘူး. မြို့ထဲမှာ စစ် သားတွေ တော်တော် ရောက်နေကြပြီ. ဈေးနားမှာရော၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနားမှာရော ကယ်ဆယ်ရေးတွေ လုပ်နေကြတာ၊ ဘယ်ကလာတာလဲ မေးကြည့်လိုက်တော့ .ဒီအနီးအနားက တပ်တွေ ကလူတွေ ဖြစ်နေတယ်. ပြီးတော့ တူညီဝတ်စုံတွေနဲ့ ကယ်ဆယ်ရေးလုပ်နေတဲ့ အမျိုးသ မီးတွေ တွေ့ရတယ် မေးကြည့်လိုက်တော့ ရဲမေတွေ စစ်သားမိသားစုတွေဖြစ်နေတယ်။
ဒုသမ္မတကြီးနဲ့ တိုင်းမှူးတို့ လာပြီး ဘာတွေလိုအပ်လဲ၊ ဘာတွေလုပ်ပေးရမလဲ စသည်ဖြင့်ပေါ့. မေးကြ မြန်းကြနဲ့ .နေစရာအိမ်ပျက်သွားတဲ့လူတွေ
နောက် နိုင်ဝင်ဘာ ၂၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီး နဲ့ ကာချုပ်ကြီးတို့ ကိုယ် တိုင် နှစ်ယောက်အတူ ရောက်လာခဲ့ပါတယ်. ကျွန်မဖြင့် ယုံတောင် မယုံချင်ဘူး. ကိုယ်တိုင် ကိုယ် ကျ တွေ့ရမှပဲ ယုံရတော့တယ်. ပျော်လိုက်တာ. အားလည်းတက်မိပါတယ်. ကျွန်မတို့တမြို့လုံးဆိုရင်
ကာချုပ်ကြီးနဲ့ စစ်သားတွေကို ကျေးဇူးတင်သလို ပြည်သူ့ရဲ၊ ကြက်ခြေနီ၊ မီးသတ်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုဒီအချိန်မှာ ကျွန်မ သတိထားမိတာတစ်ခုရှိတယ်။ အဲဒါ ဘာလဲ ဆိုတော့ အရင်တုန်းက လူကြီးတွေလာမယ်ဆိုရင် ကျွန်မတို့မြို့ကလူတွေ မြို့တော်ခန်းမကို သွားရ တယ်. စောင့်နေရတယ်. သူတို့တွေ ပြောတာပဲ နားထောင်ပြီး ပြန်လာရတယ်၊ အခုတော့ ဒီလိုမဟုတ်တော့ ဘူး ခေတ်ကာလ အခြေအနေရ ပြောင်းလဲသွားပါပြီ။ အခု ကျွန်မတို့မြို့ သပိတ်ကျင်း ကို နိုင် ငံတော်သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့ လာမယ်ဆိုတော့ မြို့ကလူတွေ အကုန်လုံးက ဘယ်သူကမှ မစေခိုင်းဘဲနဲ့ လမ်းမပေါ်မှာထွက်ပြီး ကြိုဆို နေကြတယ်။ ကျွန်မတို့ NLD ပါတီဝင်တွေဆိုရင်လည်း ကိုယ့် ပါတီက လူကြီးတွေလာတာ မဟုတ်တာ တောင် ကိုယ့်ပါတီအလံကို ဝှေ့ရမ်းပြီးကြိုဆိုနေကြပါတ
ဒီခရီးစဉ်ကို ကျွန်မတို့မြို့က နိုင်ငံရေးပါတီတွေဖြစ်တဲ့ NLD တို့၊ တစညတို့၊ ပြည်ခိုင်ဖြိုးတို့ စတဲ့ပါတီက လူတွေ အကုန်လုံးက အလံတွေဝှေ့ရမ်းပြီး ကြိုဆိုတာကို တွေ့ရပါတယ်။ ကျွန်မအထင် ကျွန်မတို့ ပါတီကလူတွေ NLD ပါတီအလံဝှေ့ရမ်းပြီး ကိုယ့်ပါတီက မဟုတ်တဲ့သူတွေကို ကြိုဆိုတာ ဒါ.ပထမဦးဆုံး ဖြစ်မယ်လို့ထင်ပါတယ်။ အရင်တုန်းကဆိုရင် ကျွန်မတို့ပါတီဝင်တွေကို သူပုန်လိုလို ဘာလိုလို သတ်မှတ်ပြီး မျက်စိဒေါက်ထောက် ကြည့်နေကြတာ.ဘယ်မှလည်း လွတ်လွတ်လပ်လပ်သွားလို့ မရ၊ လုပ်လို့မရနဲ့ နေခဲ့ကြရတာပါ။
အခုတော့ ဒီလိုမဟုတ်တော့ဘဲ သမ္မတကြီးတို့ ကာချုပ်ကြီးတို့ကိုယ်တိုင် ကျွန်မတို့ကို ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံခံလိုက်ရတော့ ရင်ထဲမှာ ပြောမပြတတ်အောင်ပါပဲ.။ သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့ရဲ့ အားပေးနှစ်သိမ့်အပြုံးတွေဟာ
ဒါနဲ့ဘဲ တစ်ဆက်ထဲ ကျွန်မပြောချင်တာက ကျမတို့ ပြည်သူတွေ ဒုက္ခရောက်ခဲ့တဲ့ အချိန်မှာ ဘယ်သူတွေ ဘာတွေကူညီခဲ့ကြလဲဆိုတာ Sky Net နဲ့ မြ၀တီရုပ်သံတို့ကနေ ကျွန်မတို့ဒေသရဲ့ အဖြစ် မှန်အခြေအနေတွေကိုလဲ အမြဲပြသနေတဲ့အတွက် သိနေရပါတယ်။ ငလျင်လှုပ်ပြီး နေ့မကူးခဲ့ဘဲ နိုင်ငံတော် အကြီးအကဲတွေ၊ စစ်သားတွေ၊ ရဲတွေ၊ ကြက်ခြေနီတွေ၊ မီးသတ်တွေ ရောက်လာတယ်။ NLD ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်ကလဲ အိန္ဒိယကို ခရီးမသွားခင်လေးမှာဘဲ NLD ပါတီအနေနဲ့ သိန်း ၁၀၀ လှူသွား တယ်။ ပြည်သူအကျိုး ဆောင်ရွက်နေပါတယ်ဆိုတဲ့ ၈၈ အဖွဲ့က ကိုမင်းကိုနိုင်တို့ကတော့ ခရီးသွားတောင် မပျက်ပါဘူး။ ကျွန်မတို့ ဒေသကို လည်တချက်လေးမှ စောင်းငှဲ့လေ့လာတာမရှိပါဘူး
၈၈ တို့ ဗသကတို့ ကတော့ တကယ်လိုအပ်တဲ့ နေရာတွေမှာ အကူအညီပေးတာတွေမလုပ်ဘဲ သူတို့နာမည်ရမဲ့ သူတို့အတွက် အကျိုးရှိမဲ့ လက်ပန်းတောင်းတောင်စီမံကိန်
အခုတော့ ကျွန်မတို့ ဘယ်သူတွေက တိုင်းပြည်အတွက် အလုပ်လုပ်နေတယ်၊ ဘယ်သူတွေက ကိုယ့်အတွက်အလုပ်လုပ်နေတယ်ဆ
23 comments:
ဟုက် ကဲ့။ နာ ဂစ် ဒဏ် ခံ ခဲ့ ရ တဲ့ သူ တွေ က လည်း
သူ တို့ လဲ အ ခု လို ဂ ရု စိုက် တာ ခံ ခဲ့ ချင် လိုက် တာ
တဲ့။ အ မ ကြီး ဘယ် လို သ ဘော ရ လဲ?။
အခုတော့သိပြီလားဘယ်သူမကောင်းဘူးကောင်းတယ်ဆို
တာ
All politician in history with out general aungsan and some, lier and selfish.
စစချင်းတော့တရုတ်ကိုမဲပြီးတိုက်ခိုက်နေတာ
နောက်ဆုံးတရုတ်ကမသကာမြန်မာပြည်မှာရင်းနှီးမှုတွေမလုပ်ရုံဘဲပေါ့
အခုတဖြည်းဖြည်းနဲ့ ဦးသိန်းစိန်အစိုးရဆီမျှားဦးလှည့်လာပြီ
ဒါဟာသူ့အလိုအလျှောက်ဖြစ်တာမဟုတ်ပါဘူး
အနောက်နိုင်ငံတွေနဲ့ အတိုက်အခံတွေရဲ့ နိုင်ငံရေးအစီစဉ်တခုပါ
အမေရိကန်တွေကမျက်နှာမိတ်ကပ်ရိုက်ပြီး၊မျက်နှာချိုသွေးပြီး၊
မြန်မာအတိုက်အခံတွေကိုတော့မျက်နှာအိုးမဲသုတ်ပြီး
ကခိုင်းတဲ့လုပ်ဇတ်ကြီးတခုပါ
ကိုင်း...အခုဘာလုပ်ကြမလဲ?
၂၀၁၅ မတိုင်မှီ တပ်မတော်မှအာဏာပြန်ယူပြီးအုပ်ချုပ်ဖို့သာရှိတော့ပါတယ်
ဒီလိုဒီမိုကရေစီဆိုတာဘာမှန်းမသိသေးတဲ့
ဒီမိုကရေစီနဲ့မထိုက်တန်တဲ့သူတွေကို
သေနတ်နဲ့အုပ်ချုပ်တာလက်တွေ့အကျဆုံးပါ
*မှတ်ချက်* ဒီမိုကရေစီဆိုတာ၊ဘာပြသနာကိုမဆို
တရားဥပဒေဘောင်ထဲကရှင်းလင်းဖို့ပါ၊
ဒီမိုကရေစီနိုင်ငံမှာလွတ်လပ်စွာဆန္ဒပြနိုင်ပေမဲ့
တရားဥပဒေအရခွင့်ပြုချက်ကိုရယူရမှာပါ။
ဒီလိုဆန္ဒပြတဲ့ခွင့်ပြုမိန့်ထဲမှာ နေရာ၊အချိန်အတိအကျပါတယ်
အခုလိုစည်းကမ်းမဲ့၊ဥပဒေကိုမလေးစားဘဲကိုယ်လုပ်ချင်တာ
လုပ်နေတာဒီမိုကရေစီရဲ့ လမ်းကြောင်းနဲ့ပြောင်းပြန်ဖြစ်နေပါတယ်
ဒါကြောင့်လဲသက်ဆိုင်ရာကတရားဥပဒေနဲ့အညီ
အရပ်သား၊ဘုန်းကြီးမခွဲခြားဘဲဖြိုခွဲရှင်းလင်းရတာဟာအမှန်တရားပါ
ပြည်သူ၊ ဘုန်းကြီး၊ ကျောင်းသား တွေရဲ့အထက်မှာ
နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေဟာအမြင့်ဆုံးပါ
ဘာမှဆင်ခြေဆင်လက်ပေးစရာမလိုပါဘူး
အစိုးရဟာအခြေခံဥပဒေနဲ့အညီလုပ်ဆောင်တာကြောင့်
ဘယ်သူ့ကိုမှကြောက်စရာမလိုပါဘူး။
တရားဥပဒေဆိုတာမှန်ကန်တဲ့သူတွေဖက်မှာအမြဲရပ်တည်နေပါတယ်
.
ထားဝယ် ၈၈ ပိုဆိုး လောင်းလုံးငွေချေးသူတွေမှာ တယောက်ကို ၉၀၀၀ကျပ်စီလူ ၅၀၀ဦးမှာ မုညစ်ဖုရုပ် မိုမျိုခစ် ကတာဝန်ခံယူ ထားတာ ပြည်ူသတွေမကျေနပ်ဖြစ်နေတာ ဗဟို ၈၈ ထထ စုံစမ်းပေးပါထွက်ပြေးဖို့ပ်ြငနေတယ်ဟ
သြော် ကျိတ်မိတ် ကြိုးစား ဖျစ်ညှစ် ပြီး ယုံပေးလ်ုကပါတယ် ခံ စားမူတော့မရှိပါ
ဒီပို့စ်တင်တာ သိပ်ကောင်းတယ် စစ်သားဆိုတာ ပြည်သူအတွက် အသက်ပေးလှူထားတာ သမ္မတ ကာချုပ်ဆိုတာ စစ်သားဘဝကလာတာဘဲ တွေးကြည့် ၈၈တို့ ဒေါ်စူတို့ဆိုတာ ပြည်သူအတွက် အသက်ပေး ရဲလို့လား မေးကြည့် အသက်မပြောနဲ့ လက်တစ်ချောင်းတောင် အထိခိုက်မခံဘူး ကွာတာကအဲဒါ လက်ပတောင်းတောင်ကိစ္စ ကြည့် သူတို့မွှေးတဲ့မီး သူတို့မငြိမ်း နှိုင်တော့ ၈၈တွေမပါတော့ ဘူး ကိုယ်ပြူသမျှဒဏ် ကိုယ်ခံ နေတာ ဒေါ်စူ အမေရိကန် သာလာလာလုပ် ကြိုက်မှာက မအေးနက် သွဲ့သွဲံဝင်း မစန်းလှိုင် ဖြူဖြူဝင်း တောသူတောင်ကကြိုက် မှတော့ ဒေါ်စု အမေရိကန်ကြိုက်တာ မဆန်းပါ တရုတ်ထက် ကြီးတာကိုး(သြဇာ) ခုလိုပြည်သူသိအောင် တင်ပေးတာ ကျေးဇူးဘဲလို့
သား သမီး တွေဘယ် လောက် ဆိုး ဆိုး မိဘ က အ ပြစ် မ မြင် သ လို ပဲ နိုင် ငံ တော် အ စိုး ရ က လည်း ရိုက် ပြီး ဆုံး မ ရ တဲ့ အ ခါ ရိုက် ပါ အ လို လိုက် တဲ့ အ ခါ လိုက် ပြီး နိုင် ငံ တိုး တက် ရေး ကို ဆောင် ရွက် ပါ ရေ တို မှာ မ သိ သာ ပေ မယ့် ရေ ရှည် မှာ အား လုံး သိ ပါ လိမ့် မယ်

You are right Mr anonymous. I agree with you.
ဒါလေးဖတ်ကြည့် ကြပါအုန်း။ http://www.facebook.com/photo.php?fbid=499359320087241&set=a.208727039150472.52354.100000395332469&type=1&ref=nf
အ ရင် တုံး က အ ကြောင်း တွေ ပဲ ပြော နေ ရ မှာ လား ကိုယ့် ရဲ့ အ ဖေ ကို ကြည့် ကြည့် ပါ အ နည်း ငယ် မ ကြိုက် တဲ့ အ ချက် ရှိ တယ် မ ဟုတ် လား ဒီ လို ပါ ပဲ နိုင် ငံ တစ် ခု လုံး အ တိုင်း အ တာ ပါ ဒါ ကြောင့် တိုး တက် ဖို့ ဖြည့် တွေး ပေး ကြ ရ အောင်
ဟဲ ဟဲ ဟဲ ရီရတယ်
နိုင်ငံ့ခေါင်းဆောင်ရဲ့တာဝန်ပါ။အစိုးရလို့ခေါ်တာအဓိပ္ပ်ါယမဲ့လို့များထင်သလား။ကိုယ့်ကိုလာကြည့်လို့ဝမ်းသာတာကိုနားလည်ပါတယ်။ဒါပေမယ့်ခင်ဗျားကအိမ်လေးနဲနဲမြေငလျင်ထဲပါတာ။ကြေးစင်တောင်ကစ္စကိုတော့ပြောတာနည်းလမ်းမမှန်ဘုးလို့ခံစားရပါတယ်။ကျုပ်က၈၈ကိုလည်းအထင်မကြီးဘူး။အထင်မသေးဘူး။ဒါပေမဲခင်ဗျားကိုပြောချင်တာကကိုယ်ချင်းစာစိတ်ထားပါ။ကျုပ်ဖြတ်သန်းခဲ့ရတဲ့အသက် ၄၀ အတွင်းခံစာိးမတာကNLDကလ်ည်းကနန်းလိုသွားတယ်လို့။ကျုပ်နိုင်ငံရေးကိုဉ်ာဏမမီလို့စိတ်မဝင်စားဘူးသူတောင်းစားဘင်္ဂံလားကိုတောင်ကြောက်နေရတဲ့ကိုယ်တွေဘဝကိုရင်နာတယ်။ပါးစပ်သာရှိတဲ့နိုင်ငံဖြစှ်မာကြောက်တယ်။ကိုယ်မရှိတော့တဲ့ချိန်မှာကိုယ့်မြေးမြစ်တွေဗလီတက်ဲတဲ့လူမျိုးဖြစ်သွားမှာကြောက်တယ်။
ချစ်ရင်အကျိုးမုန်းရင်အပြစ်။၈၈ကိုအထင်မကြီးပေမဲ့အားလုံးသောဒုက္ခရောက်နေသူတွေကိုကိုယ်ျခင်းစာပါ။ဥပဒေကိုလူကထုတ်တာမို့ခေတ်နှင့်မညီရင်ပြင်ရမယ်။ပြည်သူတွေကိုလုံလောက်သောကာကွယ်မှုမရှိရင်ပြင်ရမယ်။ဥပဒေဆိုတာပြည်သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့
i wanna rape you
မင်းက ဘာနားလည်လို့ လည်း
အဲ ဒီ လို ပြန် ရေး လိုက် လို့ ရင် ထဲ မှာ ပေါ့ သွား ပြီ လား ပြည် သူ တစ် ယောက် ဖြစ် တဲ့ အ တွက် အေး ချမ်း မှူ တွေပဲ လို ချင် တာ ပါ ဘယ် သူ သိ တာ မှတ် လို့ ဆို ပြီး ရိုင်း စိုင်း မှူ တွေ ဘယ် လို လုပ် လုပ် ကိုယ့် အ ပြူ အမူ ကိုယ် သိ မှာ ပါ မိုက် ရိုင်း မှူ မ ပါ ပဲ ဘဲ လဲ ပြန် ပြော ရင် ရ ပါ တယ် ဘယ် လို ပဲပြော ပြော ပါ နိုင် ငံ ကြီး တိုး တက် လာ ဖို့ အ စိုး ရ ကို စိတ် အား မ ရ လို့ ထွက် ပေါက် တစ် ခု အ နေ နဲ့ ပြော တယ် လို့ ထင် ပါ တယ်

ကျွန် တော် လဲ ဒါ ကို ပဲ စိုး ရိမ် နေ တာ ပါ ။
Bo Nay ရေမင်းရဲ့ချီးဦးနှောက်လေးနဲ့ဝင်မါပနဲ့ရေးတဲ့သူကမင်းအဖေရင်းပဲ။
နိုင် ငံ သား အ ခွင့် အ ရေး ဥ ပ ဒေ တစ် ရပ် ပေါ် ပေါက် လာ စေ ဖို့ ဆု တောင်း ပါ တယ် ။ မိ မိ နိုင် ငံ ကို တိုင်း တစ်း ပါး က လာ ပြီး ဗိုလ် ဝင် ခံ တာ ကို အ ဖြစ် မ ခံ နိုင် ဘူး ။ ဒီ တ ရုတ် န့ဇဲ ကု လား တွေ ကို ခေါင်း မ ထောင် ရဲ လောက် တဲ့ ပြည် သူ တွေ ရဲ့ အ သက် အိုး အိမ် ကို အ ပြည့် အ ဝ ကာ ကွယ် ပေး နိုင် တဲ့ ဥ ပ ဒေ တစ် ရပ် တော့ သတ် သတ် မှတ် မှတ် ပေါ် ပေါက် ဖို့ တော့ သင့် ပါ ပြီ ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်