Subscribe to our RSS Feed

ကမ္ဘာပေါ်ရှိ ကိုက်အားအကောင်းဆုံးသတ္တဝါ ပရန်းညား အနက်ရောင်ငါး

From : planet

ကမ္ဘာဦး ကာလက ရှင်သန် ကျက်စားခဲ့သော T-Rex ဒိုင်နိုဆောကြီးများမှအစ၊ ငါးမန်းဖြူကြီးများထိ အလွန်ကြီးမားသော ကိုက်အားကို ပိုင်ဆိုင်ထားသော်လည်း အစွယ်ငေါငေါ သွားများ ရှိနေသည့် အနက်ရောင် ပရန်းညားများလောက် ကိုက်အား မပြင်းဟု ဆိုသည်။
ကမ္ဘာပေါ်ရှိ ကိုက်အားအကောင်းဆုံးသတ္တဝါ ပရန်းညား အနက်ရောင်ငါး
ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် ကိုက်အား အကောင်းဆုံးသော သတ္တဝါများအနက် ထိပ်ဆုံးနေရာ၌ ရှိနေသည်မှာ ပရန်းညား အနက်ရောင် ငါးများဖြစ်ကြောင်း သိရှိရသည်။ အမေဇုန်မြစ်အတွင်း ရှင်သန်ကျက်စားသော သားစား ပရန်းညား မျိုးစိတ်များအနက်မှ အဆိုပါ အနက်ရောင် ပရန်းညားများသည် ကိုက်အား အပြင်းထန်ဆုံး ဖြစ်သည်။ ကမ္ဘာဦး ကာလက ရှင်သန် ကျက်စားခဲ့သော T-Rex ဒိုင်နိုဆောကြီးများမှအစ၊ ငါးမန်းဖြူကြီးများထိ အလွန်ကြီးမားသော ကိုက်အားကို ပိုင်ဆိုင်ထားသော်လည်း အစွယ်ငေါငေါ သွားများ ရှိနေသည့် အနက်ရောင် ပရန်းညားများလောက် ကိုက်အား မပြင်းဟု ဆိုသည်။ အနက်ရောင် ပရန်းညားများသည် (၁၅)လက်မမျှထိ အရှည်ရှိတတ်ကြပြီး ၎င်းတို့၏ ကိုက်အားသည် ခန္ဓာကိုယ် အလေးချိန်၏ အဆ(၃၀) ရှိနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။



ပါးရိုးအနီး တွယ်စပ်နေသော ကြွက်သားများက ယင်းငါးများ၏ ကိုက်ခဲမှု အားအင်ကို မြှင့်တင်ပေးခဲ့သည်။ တောခွေးများ၊ မိကျောင်းကြီးများ၊ ငါးမန်းဖြူကြီးများသည် ခွန်အား အနေဖြင့် အနက်ရောင် ပရန်းညားများထက် ပိုမို အားကြီးသော်လည်း ခန္ဓာကိုယ် အလေးချိန်နှင့် ကိုက်အားတို့ နှိုင်းယှဉ်ပါကမူ အဆိုပါ ငါးငယ်များကို မည်သို့မျှ မတုပနိုင်ဟု သုတေသီများက ပြောကြားခဲ့သည်။ သမိုင်းမတင်မီ ခေတ်က မင်းမူခဲ့သော T-Rex ဒိုင်နိုဆောကြီးများသည်လည်း ခန္ဓာကိုယ် အရွယ်အစားနှင့် ကိုက်အား အချိုးချကြည့်ပါက အနက်ရောင် ပရန်းညားများ၏ တပည့်အဆင့်သာ ရှိမည်ဖြစ်သည်။



ဘရာဇီးလ်ရှိ အမေဇုန် မြစ်အတွင်းမှ အနက်ရောင် ပရန်းညား (၁၅)ကောင်ကို ဖမ်းဆီးပြီး သုတေသန ပြုလုပ်ခဲ့ပြီးနောက် ယခုတွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းငါးများသည် (၈)လက်မနှင့် (၁၅)လက်မကြား အရွယ်အစား ရှိပြီး တစ်ကောင်ချင်းစီ၏ ကိုက်ခဲနိုင်သည့် ခွန်အားကို ပညာရှင်များက တွက်ချက်ကြည့်ခဲ့သည်။ ထို့ကြောင့် အဆိုပါ အနက်ရောင် ပရန်းညားများသည် ရေချိုမြစ်များတွင် အန္တရာယ် အကြီးဆုံး၊ ခန့်မှန်းရန် အခက်ခဲဆုံးနှင့် ရှားပါးသည့် သေမင်းတမန်များဟု သုတေသီများက ကောက်ချက်ချခဲ့သည်။ ယင်းတို့သည် အုံလိုက်ကျင်းလိုက် ရှိနေချိန်တွင် သားကောင် တစ်ကောင်ကို အချိန်ပိုင်းအတွင်း အရိုးကျသွားသည်အထိ ခိုက်ခဲ ဝါးမြိုနိုင်ကြောင်းလည်း သိရှိရသည်။

 www.MyanmarExpress.net
 

4 comments:

သတ္တဝါ အချင်းချင်း သတ်ဖြတ်ခြင်း ကင်းဝေးကြပါစေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်