From : The Voice
နယ်စပ်ရေးရာ ဝန်ကြီးဌာနက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသငါးခုနှင့် ပြည်နယ် နှစ်ခုတို့တွင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ကျေးလက် တန်ဖိုးနည်း(စံပြ)အိမ်ရာများ အခမဲ့ တည်ဆောက်ပေးမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန
ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
တစ်ရွာကို တစ်လုံးကနေ ၁ဝ လုံးအထိ တည်ဆောက်ပေးဖို့ ရှိပါတယ်။ တကယ်ကို ဆင်းရဲ နွမ်းပါး ချို့တဲ့သူတွေကို ဆောက်ပေးမှာပါ။ ပမာဏ ဘယ်လောက် ကုန်ကျမယ် ဆိုတာတော့ ပြောလို့မရသေးပါဘူး'' ဟု ၎င်းကဆိုသည်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ရည်ရွယ်ပြီး ကျေးလက် စံပြအိမ်ရာများ တည်ဆောက် ပေးရာတွင် ကချင်ပြည်နယ်၌ ၂ဝဝ လုံး၊ ချင်းပြည်နယ်တွင် ၂ဝဝ လုံး၊ ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ၂ဝ၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ၂ဝ၊ ဓနု ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ ၂ဝ၊ 'ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသတွင် ၂ဝ၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ၂ဝ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂ဝ တို့ ပါဝင်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (နေပြည်တော်)၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းကျေးလက် စံပြအိမ်ရာများ ဆောက်လုပ်နိုင်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကို လုပ်ငန်း တင်ဒါခေါ်ယူ ထားကြောင်း ယင်းဌာနထံမှ စုံစမ်းသိရှိရသည်။
တင်ဒါ အောင်မြင်သည့် လုပ်ငန်းရှင်အနေနှင့် လုပ်ငန်းဘတ်ဂျက် ၃ဝ ရာခိုင်နှုန်းကို မိမိတို့ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ် လုပ်ကိုင်ပေးရမည်ဖြစ်ပြီး နိုင်ငံတော် ဘတ်ဂျက်မှ ၃ဝ ရာခိုင်နှုန်း နှစ်ကြိမ်၊ ၂ဝ ရာခိုင်နှုန်းနှစ်ကြိမ်ခွဲဝေ
ရရှိမည် ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူကThe Voice Weekly သို့ ပြောကြားသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်