Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် China North Industries Corporation ဥက္ကဋ္ဌ H.E.Mr. Zhang Guoqing ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

From : သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  China North Industries Corporation ဥက္ကဋ္ဌ H.E. Mr. Zhang Guoqing ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား   ယနေ့ ညနေ (၃)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးလှထွန်း၊ ဒေါက်တာ ဖေသက်ခင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် China North Industries Corporation ဥက္ကဋ္ဌ H.E.Mr. Zhang Guoqing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Li Junhua လည်း တက်ရောက်သည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး၊ ရေရှည် တည်တံသော ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ အောင်မြင်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ပိုမိုရရှိစေရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးချစ်ခင်စွာ ဆွေးနွေးကြသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်