Subscribe to our RSS Feed

CNG နှင့် တံခါးပေါက်ပြဿနာများကြောင့် ဂျပန်မှ ကားအစီးရေ (၃ဝဝဝ) တင်သွင်းမည့်အစီအစဉ်ကို ၂ဝ၁၃ မှသာ ဆောင်ရွက်သွားမည်

From : messenger

CNG ရရှိမှုနှင့် ဘတ်စ်ကား များ၏ ဝင်ပေါက်ပြဿနာများ ကြောင့် ဂျပန်မှကားစီရေ (၃ဝဝဝ) တင်သွင်းမည့်အစီအစဉ်ကို ၂ဝ၁၃ မှသာဆောင် ရွက်သွားနိုင်တော့မည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးမှ အင်ဂျင်နီ ယာချုပ် ဦးသန်းထွန်းက ပြောသည်။
''ဒီမှာက CNG ရရှိမှုက ခက် ခဲတယ်။ ဘတ်စ်ကားတွေလည်း ဘယ် ပေါက်ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ ကညာဘက်မှ အဆင်ပြေတာ'' ဟု ဦးသန်းထွန်းက ပြောသည်။
ရန်ကုန်မြို့၏ သယ်ယူပို့ဆောင် ရေးကဏ္ဍတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်နိုင်ငံ ICE Group ကို ပူးပေါင်း၍ ဂျပန် နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၅ဝ ဒသမ ၆၈ သန်း ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့ကြောင်း သိရသည်။
''သူတို့က လုပ်ဆောင်ချက် တွေကို တပြိုင်နက်တင်တော့ အထက် က စီမံကိန်းတစ်ခုစီကို ခွဲပြီး ထပ်မံ တင်ပြပါဆိုပြီး အကြောင်းပြန်တော့ သူတို့ကို တစ်ခုစီ ပြန်ခွဲပေးလို့ ပြော ထားတာ''ဟု ဦးသန်းထွန်းက ထပ်မံ ပြောသည်။
လက်ရှိတွင် ပြည်တွင်းလုပ် ငန်းရှင်နှစ်ဦးဖြင့် ဆက်လက်ဆောင် ရွက်ရန်ညှိနှိုင်းထားပြီး ၅ဝ ရာခိုင် နှုန်းခန့်ပြီး စီးနေပြီဖြစ်ကြောင်း ၄င်းက ထပ်မံပြောသည်။
ကုန်းလမ်းပို့ဆောင်ရေး ဌာန၏ ဘတ်ဂျက်ငွေ လုံလောက်မှုမရှိခြင်း ကြောင့် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်မှုပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှ ဦးဆောင်၍ ကားအစီး ရေ (၃ဝဝဝ) တင်သွင်းပြီး ရှေးဦး စွာကားအစီးရေ (၃၅ဝ)အား ၂ဝ၁၂ ခုနှစ်မကုန်မီ ပြေးဆွဲရန် စီစဉ်ထား သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ၂ဝ၁၃ သို့ ရွှေ့ပြောင်းလိုက် ကြောင်း သိရသည်။
''ရန်ကုန်မှာ တင်သွင်းထား တဲ့ ကားတွေတောင် CNG အလုံ အလောက် မရတာကြောင့် ရပ်ထား ရတဲ့ ကားအစီးရေ တော်တော် များတယ်။ အဲဒါ လုပ်ငန်းရှင်တွေ နစ်နာတယ်''ဟု မ.ထ.သ(ဗဟို) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ ရန်ကုန်မြို့တွင် ပြေးဆွဲနေ သော ကားအစီးရေ ၆ဝဝဝ ကျော် ရှိကြောင်း သိရသည်။
 


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်