Subscribe to our RSS Feed

လဂျားယန် ရှိ အစိုးရတပ်စခန်းတစ်ခုသို့ ရိက္ခာပို့မည့် အစီအစဉ်အား KIA မှ ရာဇသံဟု သတ်မှတ်

From : http://kachindailynews.com/

          အစိုးရ မြောက်ပိုင်းတိုင်း တိုင်းမှူးသည် လဂျားယန်ကျေးရွာအနီးရှိ အစိုးရစခန်းတစ်ခုသို့ လမ်းကြောင်း အတိုင်း ရိက္ခာပို့မည့်ဟု KIA ကို အသိပေးထားကြောင်း သိရသည်။ ယခုလ (၂၃) ရက်နေ့က ရေးသား ပေးပို့သည့် စာတွင် လဂျားယန်ရှိ အစိုးရတပ်စခန်းအား ရိက္ခာပို့မည်ဖြစ်ကြောင်း၊ လမ်းကြောင်းမှာရှိသော KIA တပ်ဖွဲ့များကို ဒီဇင်ဘာ(၂၅)ရက်နေ့အပြီး ဖယ်ရှားပေးစေလိုပါကြောင်း ပါရှိသည်ဟု ငြိမ်းချမ်းရေး အကျိုး ဆောင်တစ်ဦးမှ ပြောကြားပါသည်။

၎င်းစာနှင့်ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်မှ  “ တိုင်းမှူး ထွန်းထွန်းနောင်ပေါ့။ သူက (၂၅) ရက်နေ့၊ နက်ဖြန် နောက်ဆုံးထားပြီး သူတို့စစ်ဆင်တဲ့ လမ်းကြောင်းကနေ KIA တပ်တွေ ဆုတ်ပေးဖို့ ဆိုတဲ့ စာတစောင်ကို ငြိမ်းချမ်းရေးအကျိုးဆောင် (PCG) တွေ ကနေတဆင့်ပေါ့ဗျာ (၂၃) ရက်နေ့ နေ့စွဲနဲ့ရောက် လာတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်ပေါ့လေ သူတို့ဘက်ကတော့ ဒီပြဿနာကို ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာ လိုတဲ့ ဆန္ဒမရှိဘူးဆိုတာဘူးပေါ်သလို ပေါ်သွားတာပေါ့” ဟု ဆိုပါသည်။
“ ကျနော်တို့ဘက်ကလည်း ဗဟိုတဝိုက်မှာဘဲ တိုက်ပွဲဆင်နေတော့မှာ မဟုတ်တော့ပါဘူး။ မလွှဲ မရှောင်သာ နေရာအနှံမှာ တိုက်ပွဲတွေ ဖော်ဆောင်ပေးရတော့မှာပါ။” ဟုဆိုပါသည်။
          ဦးလာနန်ပြောဆိုချက်အရ ကချင်ပြည်နယ် အနှံအပြား မိုင်းထောင်ခြင်း၊ တံတားမိုင်းခွဲဖျက်ဆီးခြင်း၊ အစိုးရတပ်မှ အင်အားနည်းသောမြို့များကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခြင်းများ ဖြစ်လာနိုင်ကြောင်း ဒေသခံ ပြည်သူတို့မှ ခန့်မှန်းခဲ့ကြသည်။
          ယခုလ (၁၄) ရက်နေ့တွင်လည်း လဂျားရန်စခန်းသို့ ရိက္ခာသွားရောက်ပို့ဆောင်သည့် အင်အား (၅၀)ပါ အစိုးရစစ်ကြောင်းအား KIA တပ်ဖွဲ့ဝင် (၅၀၀) ကျော်တို့မှ မိုင်းဆွဲချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် အစိုးရ တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပြီး အချို့အဖမ်းခံခဲ့ရသည်။ ၎င်းတိုက်ပွဲဖြစ်စဉ် Video မှတ်တမ်းများကိုလဲ KIA အဖွဲ့မှ ၀ါဒဖြန့်ချိရေးအဖြစ် Internet မှ တဆင့်ဖြန့်ဝေလျှက်ရှိကြောင်း သိရှိရသည်။ 

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်