Subscribe to our RSS Feed

KIA သောက်းကျန်းသူတို့ အကြမ်းဖက်မှုများ အရှိန်မြင့်လာသော တိုက်ပွဲများကြောင့်တောတောင်တွင် ပုန်းအောင်းနေရသော ဒုက္ခသည်များ ပိုမိုများပြားလာ

From : messenger

ကချင်ပြည်နယ်တွင် အစိုးရ တပ်မတော်နှင့် KIA ကြား မကြာ သေးမီက အရှိန်မြင့်သော တိုက်ပွဲ များကြောင့် ဒုက္ခသည်စခန်းသို့ ရောက်မလာနိုင်ဘဲ တောတောင်ထဲ တွင် ပုန်းအောင်းနေရသော အကူ အညီမဲ့ ဒုက္ခသည်များ ပိုမိုများပြား လာကြောင်း ကချင်ပြည်နယ်မှ ငြိမ်း ချမ်းရေး အကျိုးတော်ဆောင် ဦး ဆန်အောင်က ပြောသည်။
''ဗဟိုဌာနချုပ်နဲ့ ဖားကန့်နား မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက် ပွဲတွေက နေ့တိုင်းဖြစ်နေတယ်။ တစ် နေ့တည်းကို လေးပွဲကနေ ဆယ်ပွဲ လောက် ဖြစ်နေတယ်။ စစ်ဘေး ကြောင့် တောတောင်ထဲမှာ ခိုအောင်း နေရတဲ့ ဒုက္ခသည်တွေရဲ့ ဒုက္ခက အဆိုးဝါးဆုံးပဲ။ ဘာသာရေးအသင်း တော်က ဒုက္ခသည်တွေကို ကူညီ ဆောင်ရွက်ပေးနေတယ်။ အစိုးရက လည်း ဒုက္ခသည်စခန်းတွေကို လာ ရောက် ကူညီကြပါတယ်''ဟု ၄င်း က ပြောသည်။


အစိုးရ ထိန်းချုပ်ထားသော ဒုက္ခသည် လေးသောင်းခန့်ရှိပြီး၊ KIA က ထိန်းချုပ်ထားသည့် ဒုက္ခ သည်ဦးရေမှ ရှစ်သောင်းကျော်ခန့် ရှိကြောင်း သိရပြီး၊ တောတောင်ထဲ မှာ ပုန်းအောင်းနေသော အကူအညီ မဲ့ ဒုက္ခသည်ဦးရေမှာ ယင်းအရေ အတွက်ထက်ပိုကြောင်း ၄င်းက ထပ် မံပြောသည်။


ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက် ၅ နာရီမှ ၈ နာရီအထိ မြစ်ကြီးနား၊ ဗန်းမော်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွား ခဲ့ရာတွင် အစိုးရဘက်မှ ရဟန်ယာဉ် များ အသုံးပြုခဲ့ကြောင်းနှင့် ဒီဇင် ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက KIA က ရဲစခန်းတစ်ခုကို ဝင်ရောက် စီနင်းခဲ့ကြောင်း ကချင်ပြည်နယ်မှ ဒေါက်တာ တူးချာက ပြောသည်။


ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်း အာှးုဗ မှ ဒီဇင်ဘာလ ၁၈ ရက် နေ့တွင် ဝင်ရောက်စီးနင်းခဲ့ရာ ရဲ တပ်ကြပ်တစ်ဦး၊ အထက်တန်း သူ နာပြုတစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် မိုးကောင်းချောင်း ကူးတံတားကိုလည်း KIA မှ မိုင်းခွဲ ဖျက်စီးသွားကြောင်း နိုင်ငံပိုင် သတင်းစာမှ သိရသည်။


ကချင်ဒေသသို့ ထိုးစစ်များ ရပ်ဆိုင်းရန် သမ္မတကြီးမှ အမိန့် ထုတ်ပြန်ပြီးသော်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ အကြိမ်ရေ ၁၄ဝဝ ကျော်ပြီဖြစ်ကြောင်း KIA သတင်း ထုတ်ပြန်ချက်များအရ သိရသည်။ 


အစိုးရနှင့် KIA အကြား ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ တရားဝင်နှင့် အလွတ်သဘောတွေ့ဆုံပွဲများ အ ကြိမ်ကြိမ်ပြုလုပ်နေသော်လည်း ယခု အချိန်ထိ တိုက်ပွဲများဖြစ်ပွား လျက် ရှိသည်။ 


KIA ဒုက္ခသည်များအတွက် ဗြိတိန်နိုင်ငံမှ လူသားချင်းစာနာ ထောက်ထားရေးအဖွဲ့က စတာ လင် ပေါင် တစ်သိန်းခွဲထပ်မံလှူဒါန်းထား ကြောင်းလည်း သိရသည်။


 . www.MyanmarExpress.net
 

3 comments:

လူလိုအသိတရားမရှိတဲ့ အဖျက်သမားတွေကို အမြန်ဆုံးရှင်းကြပါတော့ဗျိုး

ကချင် သူ ပုန် တွေ ကို သတ် ပြစ် ပါ ဝ ကို လဲ ချေ မူန်း ပစ် ပါ ssaကို လဲ အပြုက် တိုက် ပါ ကိုယ် ပိုင် ပြ ဒါန်း ခွင့် နှင့် ကိုယ် ပိုင် တပ် မ တော် ထောင် ချင် တဲ့ သူ ပုန် တွေ ကို အပြုတ် တိုက် ပါ တရုတ် က အား ပေး အား မြေုာက် ပြု လုပ် နေပါ သည် တ ရုတ် စီ မ န် ကိန်း များ ဖျက် ပစ် ပါ ပြည် သူ ပြည် သား များ တိုင်း ပြည် မ ပြို ကွဲ အောင် ကာ ကွယ် ကြ ပါ စို့

ကချင် သူ ပုန် ကို အ ပြုတ် တိုက် ပါ တိုင်း ပြည် ဖျက် မဲ့ ကောင် တွေ t

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်