Subscribe to our RSS Feed

Face to Face စနစ်ဖြင့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမည်

From : mrtv4


လာမယ့် ၂၀၁၄ ခုနှစ် အတွင်း ဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို အိမ်တိုင်ရာရောက် Face to Face စနစ်နဲ့ ကောက်ယူ
သွားမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို အိမ်တိုင်ရာရောက် Face to Face စနစ်နဲ့ ကောက်ယူရာမှာ အသုံးပြုမယ့် Method ကတော့ Defato Method ကို အသုံးပြု ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ Defato Method ကတော့ အရပ်နေရာ အစုံမှာ ကောက်ယူတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီလို ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု ကိုတော့ အဆင့် ၄ ဆင့်ဖြစ်တဲ့ ကြိုတင် ပြင်ဆင်ရေး စနစ်၊ မြေပြင်မှာ ဆင်းပြီး ကောက်ယူမှု စနစ်၊ ကောက်ယူပြီး စာရင်းကို ပြန်လည် စုစည်းတဲ့ စနစ်နဲ့ နောက်ဆုံး Final Report ထုတ်ပြန်တဲ့ အဆင့် စတာတွေနဲ့ ဆောင်ရွက် သွားမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူဖို့ အတွက်ကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မေလက စတင် ဆောင်ရွက် လျက်ရှိတာ ဖြစ်ပြီး ယခု အစိုးရသစ် လက်ထက်မှာ အပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 www.MyanmarExpress.net
 

2 comments:

မြန်မာ ဒါမှမဟုတ် တိုင်းရင်းသားစကားကိုတောင်မပြောတတ်တဲ့ ခိုးဝင်လာတဲ့ ကုလားတွေ တရုတ်တွေကို သေချာစိစစ်ပေးပါ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်