Subscribe to our RSS Feed

မန္တလေး- ချပ်ကြီး- ကျွန်းလှ- ကောလင်း ရထားလမ်းပိုင်း ပြုပြင် လူစီးတွဲများ အသစ်တည်ဆောက်

From : မြဝတီ


ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဆွေသည် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက မန္တလေး- ချပ်ကြီး- ကျွန်းလှ- ကောလင်း လမ်းပိုင်းရှိ ချပ်ကြီးဘူတာ ယာဒ်ဝန်းပြုပြင် ဆောင်ရွက် နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ဒီဇင်ဘာ ၂ဝ ရက် ညနေပိုင်းက ဦးဆောင် ညွှန်ကြားရေးမှူးသည် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)ရှိ အစည်းအဝေး ခန်းမ၌ စက်ရုံမှ တာဝန် ရှိသူများ၊ အရာထမ်း/ အမှုထမ်း များနှင့် တွေ့ဆုံ၍ မြစ်ငယ် စက်ရုံတွင် လူစီးတွဲ၊ ကုန်တွဲများ စစ်ဆေးပြုပြင် နေမှုများ၊ တွဲတည်ဆောက် နေမှုများ၊ အသစ်တည်ဆောက် ထုတ်လုပ်ထားသော လူစီးတွဲများ၊ ပြုပြင် တည်ဆောက်ထားသည့် RBE တွဲများ၊ မြစ်ငယ် စက်ရုံနှင့် မြို့ဟောင်း ကုန်တင်ဌာန တို့တွင် ဆီတိုင်ကီ တွဲများကို မြှောက်မ၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။


 www.MyanmarExpress.net

1 comments:

တိုင်းပြည်အတွက် ဘာစောက်သုံးမှမကျတဲ့
ဝန်းကြီးဆိုတဲ့ အကောင်တွေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်