Subscribe to our RSS Feed

ရိုးမ-ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲ ကျင်းပသွားမည်

From : mrtv4 


ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနဲ့ First Myanmar Investment Co;Ltd (FMI) တို့ ပူးတွဲ ကျင်းပတဲ့ ရိုးမ-ရန်ကုန် အပြည်ပြည် ဆိုင်ရာ
မာရသွန် အပြေး ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြုလုပ်မယ့် ပြိုင်ပွဲ အစီအစဉ်တွေ ကတော့ ၄၂ ကီလိုမီတာ ပြေးပွဲ၊ ၁၀ ကီလိုမီတာ ပြေးပွဲနဲ့ ၃ ကီလိုမီတာ မိသားစု အပျော်ပြေးပွဲ တို့ဖြစ်ပြီး ပြိုင်ပွဲဝင်ကြေး တစ်ဦးကို ကျပ်ငါးထောင် ပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ ရရှိမယ့် ဆုကြေးငွေများ ကတော့ ၄၂ ကီလိုမီတာ တန်းအတွက် ပထမဆု အမေရိကန် ဒေါ်လာ ၂၅၀၀၊ ဒုတိယဆု အမေရိကန် ဒေါ်လာ ၁၂၀၀နဲ့ တတိယဆု အတွက် အမေရိကန် ဒေါ်လာ ၆၀၀ ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၀ ကီလိုမီတာတန်း ရဲ့ဆုကြေးငွေတွေ ကတော့ ပထမဆု အမေရိကန် ဒေါ်လာ ၈၀၀၊ ဒုတိယဆု အမေရိကန် ဒေါ်လာ ၄၀၀နဲ့ တတိယဆုကို အမေရိကန် ဒေါ်လာ ၂၅၀ ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပြိုင်ပွဲကို အမျိုးသား၊ အမျိုးသမီး သီးသန့် ပြိုင်ပွဲများ ကျင်းပပြုလုပ် မှာဖြစ်ပြီး မာရသွန် ပြိုင်ပွဲမှ ရရှိတဲ့ ပြိုင်ပွဲဝင်ကြေး များကို ပရဟိတ အဖွဲ့အစည်း များသို့ လှူဒါန်း သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် လိုသူတွေဟာ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ ဂရင်း မီးရထား ဟိုတယ်မှာ စာရင်းပေးသွင်း နိုင်တယ်လို့ သတင်း ရရှိပါတယ်။
www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်