Subscribe to our RSS Feed

နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာ အသုံးချနိုင်ရန် ဆောင်ရွက် သွားမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား


နျူကလီးယား နည်းပညာကို လူအများသေစေမည့် လက်နက်များ ဖန်တီးထုတ်လုပ်ရန် မဟုတ်ဘဲ ငြိမ်းချမ်းစွာ အသုံးချနိုင်ရန် ဆောင်ရွက်သွားရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ်တွင် ပြုလုပ်သော အမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ တပ်မတော်အနေဖြင့် “နျူကလီးယား နည်းပညာကို လူအများသေစေမည့် လက်နက်များ ဖန်တီးထုတ်လုပ်ရန် မဟုတ်ဘဲ” လူအများအတွက် အကျိုးရှိစေမည့် ငြိမ်းချမ်းစွာ အသုံးပြုနိုင်သော ဆေးပညာနယ်ပယ်၊ စွမ်းအင်ဆိုင်ရာ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲရေး နယ်ပယ်များတွင် အသုံးချနိုင်ရန် ဆောင်ရွက် သွားကြရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်ထုတ်လုပ်ခြင်း မရှိကြောင်း၊ အနာဂတ်တွင်လည်း ထုတ်လုပ်ရန်မရှိကြောင်း ပြသရန်အတွက် နျူကလီးယားဆိုင်ရာ စာချုပ်နှစ်စောင်ဖြစ်သော “ပိုမိုတိကျသော သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) သို့ ပေးပို့ရန် နောက်ဆက်တွဲ စာချုပ်” နှင့် “ပြုပြင်ပြောင်းလဲထားသော ပမာဏနည်းသည့် နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်” တို့တွင် မြန်မာနိုင်ငံ အနေဖြင့် ပါဝင် လက်မှတ်ရေးထိုး မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားကြောင်း သိရသည်။ လက်မှတ် ရေးထိုးပြီးပါက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရန်ဖြစ်သော ဆေးဝါးကုသရေး၊ လယ်ယာထွက် သီးနှံများ ပြုပြင်ထိန်းသိမ်းရေး၊ ပညာသင်ကြားရေး၊ သုတေသနလုပ်ငန်းများဆိုင်ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများ ရရှိရေးနှင့် နိုင်ငံ၏ ကျွမ်းကျင်သူ ပညာရှင်များအား အတွေ့အကြုံများ ရရှိစေပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၌ တာဝန်ထမ်းဆောင်နိုင်ရေး စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 . www.MyanmarExpress.net
 

2 comments:

ကိုယ်နိုင်ငံ ကို ကာကွယ်ဖို့ လုပ်တာ ။လုပ်စရာ ရှိတာလုပ်။အဓိက က ဒေါင်းတွေလို ရှေ့ကဖုံး နောက်က ပေါ်သာ မဖြစ် စေနဲ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်