Subscribe to our RSS Feed

KIA က ၂၀၁၃ ခုနှစ်အတွင်းမှာ နိုင်ငံရေး၊ စစ်ရေးအရ ဖိအားပေးဖို့ လိုင်ဇာ အင်အားဖြည့်အစည်းအဝေးမှာ ဆုံးဖြတ်ပြီးနောက်ပိုင်းလုပ်ဆော င်ချက်များ..

From :စိုင်းဆိုင်ဖ

KIA က ၂၀၁၃ ခုနှစ်အတွင်းမှာ နိုင်ငံရေး၊ စစ်ရေးအရ ဖိအားပေးဖို့ လိုင်ဇာ
အင်အားဖြည့်အစည်းအဝေးမှာ ဆုံးဖြတ်ပြီးနောက်ပိုင်းလုပ်ဆော

င်ချက်များ..
(၁) မိုးညှင်းမြို့နယ်အတွင်း ကျောင်းသားအပါအ၀င် လူသစ်အဓမ္မစုဆောင်းခြင်း။
(၂) ဖားကန့်မြို့နယ်အတွင်း အလုပ်သမားများကို လူသစ်စုဆောင်းခြင်း။
(၃) လိုင်ဇာမှ သင်တန်းဆင်းပြီးသား တပ်သားသစ်များကို ပန်ဝါဘက်သို့  ၂
သုတ်(တစ်သုတ်လျင် (၄၀၀)  ၀န်းကျင်ခန့်စေလွှတ်ခြင်း။
(၄) လိုင်ဇာ မှသင်တန်းဆင်းတပ်သားသစ် တစ်သုတ်ကို ဖားကန့်ဖက်သို့အင်အားစေလွှတ်ခြင်း။
(၆) ပန်ဝါဖက်တွင် တပ်သားသစ်များအသုံးပြုပြီး လူအင်အားဖြင့်ဖိပြီး
တပ်မတော်စစ်ကြောင်းများကို ၀ိုင်းပတ်ပိတ်ဆို့ကာ
ပန်ဝါအနီးတွင်အခြေစိုက်နိုင်ရန်ဖန်တီးလာခြင်း။
(၇) ဖားကန့်ဒေသကို KIA လွတ်မြောက်နယ်မြေအဖြစ်ဖန်တီးနိုင်ရန်အားယူနေခြင်း။
(၈) ကချင်ပြည်နယ် မြို့ပေါ်ရပ်ကွက်များတွင် ပါတီဝင်အမည်ခံ၊
အုပ်ချုပ်ရေးအဖွဲ့အမည်ခံ၊ ဘာသာရေးအဖွဲ့အမည်ခံများမှတစ်ဆင့် ဆက်ကြေးရိက္ဓာ
တိတ်တဆိတ်တောင်းခံနေခြင်း(မြို့အမည်၊ ရပ်ကွက်အမည်များနှင့် လူအမည်များ
ရရှိထားပြီဖြစ်သော်လည်း မသေချာသဖြင့် မဖော်ထုတ်သေးပါ)။
(၉) ပန်ဝါဒေသ၊ ဆဒုံးကန်ပိုက်တီးဒေသတွင် တပ်မတော်၏တုန့်ပြန်မှုကြောင့်
အထိနာသွားသောအခါ
လနန်မှ နိုင်ငံရေးဆွေးနွေးရန်အသင့်ဟု ကြေညာချက်များထွက်လာခြင်း။
(၁၀) KNU/KNLA မှ တာဝန်ရှိသူက KIA နှင့် ငြိမ်းချမ်းရေးရယူနိုင်ရန် NLD
ကြားဝင်ရန်လိုအပ် သည် ဟု ကြေညာချက်များထွက်လာခြင်း။
(၁၁) တပ်မတော်မှ ဓာတုလက်နက်များသုံးသည်ဟု ကြေညာချက်များထုတ်ပြီး
နိုင်ငံတကာကန့်ကွက်ေ အာင် လုပ်ကြံလာခြင်း။
(၁၂) ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပူတာအိုဒေသသို့ ပြည်သူများအတွက်
လမ်းဖောက် ရိက္ဓာပို့မည့်အစီ အစဉ်ရှိကြောင်း တင်ပြခဲ့သည်ကို
အခွင့်ကောင်းယူ စောင့်ကြိုတိုက်ခိုက်ခြင်း။
သုံးသပ်ချက်..
KIA/KIO သည် ၅၂ နှစ်မြောက်နှစ်ပတ်လည်နေ့တွင် လိုင်ဇာနှင့် ဖားကန့်သည် KIA
၏လွတ်မြောက်နယ်မြေဟု ကြေညာခဲ့ခြင်း၊ အပစ်ရပ်စဲလုံးဝမလုပ်ဘဲ
နိုင်ငံရေးအရသာ ဆွေးနွေး မည် ဟုကြေညာထားသဖြင့် တစ်ဘက်သပ်
စတင်တိုက်ခိုက်ခွင့်ရှိနေပြီး မကြာခဏ တိုက်ပွဲများကိုဖန်တီးခြင်း၊
စစ်ရေးအရ ကြပ်တည်းမှုမရှိချိန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို
အမည်ခံသာလုပ်ခြင်း၊  နောက် ပိုင်း တွေ့ ရာလူသစ်စုဆောင်းပြီး
ကချင်လူမျိုးမပါ အခြားလူမျိုးမှန်သမျှ ကို ရှေ့တန်းအကျ ဆုံးနေရာများ တွင်
တိုက်ပွဲဝင်ခိုင်းလာခြင်းဖြင့်
လူမျိုးရေးစစ်အသွင်ဖြစ်လာစေရန်ဖန်တီးလာခြင်း၊ ကချင်ပြည်နယ်ကိုေ ကျာ်
လွန်ပြီး စစ်ရေးလှုပ်ရှားမှုများ၊ အဖျက်လုပ်ငန်းများလုပ်ဆောင်လာခြင်း၊ (
မိမိ ကျတော့ ဖင်တုံးလုံး ကျွတ်နေပြီး သူများပုဆိုးပေါက်နေသည်ကို
လက်ညှိုးထိုးရှုံ့ချသူ ကဲ့သို့)ကချင်ပြည်နယ် အတွင်း မှ ဒေသခံများကို
လက်နက်အားကိုးနည်းမျိုးစုံဖြင့် အနိုင်ကျင့်နေသော်လည်း လက်ပန်တောင်းတောင်
သပိတ်ဖြိုခွဲမှုကို ခပ်တည်တည်ဖြင့် ၀င်ရောက်ကန့်ကွက်ခြင်း။ စစ်ရေးအရ
အကြပ်အတည်းဖြစ်လာချိန်တွင် လက်အောက်ငယ်သားများကို နှစ်သိမ့်သည့်သဘော၊
အချိန်ဆွဲ စစ်ရေးပြင်လိုသည့်သဘောဖြင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း
လေသံပစ်ပြီး အစိုးရဖက်က အကြောင်းမပြန်ပါ နိုင်ငံရေး အမြတ် ထုတ်ခြင်း၊
အကြောင်းပြန်ပါက အချိန်ဆွဲခြင်း၊ မရေမရာလုပ်ပစ်ခြင်း များ
လေ့လာသုံးသပ်မိသဖြင့် KIAသည် အမှန်တကယ် ငြိမ်းချမ်းရေးမလိုလားဘဲ
ခွဲထွက်ရေးကိုသာ အာရုံစိုက်ပြီး ဆွေးနွေးပွဲကို လိုသလို
အကြောင်းပြအသုံးချနေသဖြင့် သားဆိုးသမီးဆိုးကို ရိုက်နှက်ဆုံးမသကဲ့သို့
နိုင်ငံတော် အစိုးရ အနေဖြင့် ပြတ်ပြတ် သားသားဆုံးမ၊ ပြီးမှသာ
ရိုက်ပြီးရင်မုန့်ကျွေးပြီးပြန်ချော့သကဲ့သို့ ပြတ်ပြတ်သားသား ဆုံးမပြီးမှ
အများနည်းတူ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ပါကြောင့်
သုံးသပ်ရပါသည်။
                  
  www.MyanmarExpress.net

6 comments:

kia လူသစ်စုဆောင်းနေရင် တပ်မတော်ကအသွင်ယူပြီး ဒီကောင်တွေရဲ့ အဓိကခေါင်းဆောင်ကြီးတွေကိုအပြတ်ရှင်းလိုက်ရင်ပွဲပြီး သွားမယ်................

ask than than htut aung, how much he understand myanmar politic?

နိုင်ငံတော် တပ်မတော်၏အရန်အင်အားတွေလဲလိုအပ် လာရင် တိုက်ပွဲဝင်မှာပါ နိုင်ငံအတွက်ပြည်သူအတွက်ဆိုရင်အသက်ပေးဆပ်သွားမယ်

ငါတို့လည်းပါမယ်ဟေ့အချိန်မရွေးဘဲ

ဟုတ်လိုက်လေမှန်တာပေါ့ Anonymous ရေ

ငါတို့လည်းပါမယ်ဟေ့အချိန်မရွေးဘဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်