From : mrtv4
www.MyanmarExpress.net
ပြည်ထောင်စု
ကျန်းမာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း ဗဟိုနဲ့ ကိုရီးယား
နိုင်ငံမှ Good Shepherd Hospital တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ
အရိုးဆရာဝန် များကို ၂၀၁၃ Sea Game ပြိုင်ပွဲအတွက် ပထမဦးဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့၊ မြောက်ဥက္ကလာ သင်ကြားရေး ပြည်သူ့ ဆေးရုံကြီးမှာ သင်တန်းများ ပို့ချပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ သင်တန်းပို့ချမှု ကိုတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စတင်ပို့ချ ပေးတာ ဖြစ်ပါတယ်။
ဒီလို သင်ကြား ပေးခြင်းကို ကိုရီးယား နိုင်ငံမှ ပါမောက္ခ Lee Chang Woo က ပို့ချပေး တာဖြစ်ပြီး Sea Game ကျင်းပနေစဉ် ကာလ အထိ မြန်မာနိုင်ငံမှ ဆရာဝန်များနဲ့ ပူးပေါင်းကာ လိုအပ်ချက်များ ရှိပါက အားကစားသမား များကိုလည်း ကုသပေး သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို သင်ကြား ပေးဖို့ အတွက် ကိုတော့ ကျန်းမာရေး ၀န်ကြီး ဌာန၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း ဗဟိုနဲ့ ကိုရီးယား နိုင်ငံမှ Good Shepherd Hospital တို့ နားမည်မှု စာချွန်လွှာ ရေးထိုးထား တယ်လို့ သိရပါတယ်။
သင်ကြားမှု ကိုတော့ ၂၀၁၃ Sea Game မတိုင်မီ ကာလ အထိ လစဉ် သင်ကြား ပေးမှာ ဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံးရှိ အရိုး အထူးကု ဆရာဝန် အယောက် ၃၀၀ ခန့်ကို သတ်မှတ် ထားတဲ့ ဆေးရုံတွေမှာ သင်ကြား ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်