Subscribe to our RSS Feed

KIO/KIA နှင့် ငြိမ်းချမ်းရေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး အဆိုကို ကော်မတီနှစ်ရပ်ပေါင်း၍ လွှတ်တော်တင်မည်

From : messenger

KIO/KIA နှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန်အတွက် အမျိုးသား လွှတ်တော်နှင့် ပြည်သူလွှတ်တော်တို့မှ တိုင်းရင်းသားရေးရာကော်မတီနှစ်ရပ်ပူးပေါင်းပြီး အဆို တင်သွင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


KIO/KIA နှင့် နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိ ရောက်မြန်ဆန်သော အကောင်အ ထည်ဖော်နိုင်ရေးအတွက် ယခုကဲ့သို့ အဆိုတင်သွင်းရန်စီစဉ်ခြင်းဖြစ်သည်။


''ဒီအဆိုကို အခု လွှတ်တော် မှာ ဆွေးနွေးဖို့တင်ပြထားတယ်။ ပြီး ခဲ့တဲ့ လွှတ်တော်တုန်းက ငြိမ်းချမ်း ရေးဖော်ဆောင်မှု ကော်မတီက လုပ် ငန်းတွေ ဆောင်ရွက်နေတော့ မဆွေး နွေးဖြစ်ခဲ့ဘူး။ ကော်မတီ အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး ကို ကွင်းဆင်းပြီး ပြည်သူတွေရဲ့ပြော ပြချက်တွေ စုစည်းပြီး အဆိုကို တင် တာပါ။ အခုလာမယ့် လွှတ်တော်မှာ အဓိကထားတင်သွင်းမယ်''ဟု အ မျိုးသားလွှတ်တော် တိုင်းရင်းသား ရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန်က ပြောသည်။


အစိုးရနှင့် KIA တို့သည် ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အပစ်အ ခတ်ရပ်စဲရေး သဘောတူညီခဲ့သော် လည်း ပြီးခဲ့သည့်နှစ် ဇွန်လ ၉ ရက် နေ့တွင် နှစ်ဖက်တပ်များကြား တိုက် ပွဲပြန်လည်ဖြစ်ပွားခြင်းကြောင့် သဘော တူညီမှု ပျက်ပြယ်ခဲ့ရသည်။ နှစ်ဖက် တပ်များ ပဋိပက္ခကြောင့် ကချင် ပြည်နယ်တွင် ဒုက္ခသည် အရေအ တွက် ငါးသောင်းကျော်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ကချင်ပြည် နယ်တွင် တပ်မတော်က ထိုးစစ် ဆင်တိုက်ခိုက်ခြင်းမပြုရန် နိုင်ငံ တော်သမ္မတက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ လက်ရှိ အစိုးရ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်အတွက် ပထမအဆင့်တွင် အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင် ပြီး ဒုတိယအဆင့်တွင် နယ်မြေဒေသ ဖွံ့ဖြိုးရေးကို လုပ်ဆောင်သွားမည် ဖြစ်ကာ တတိယအဆင့်တွင် တိုင်း ရင်းသား အားလုံးပါဝင်သော အစည်း အဝေးကြီးကို ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားထားသည်။ 


''တိုက်ပွဲတွေ ဖြစ်နေတာကို ရပ်ပြီးယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်။ လက်နက်ကိုင်ပြီး နှစ်ဖက် စလုံး တိုက်ခိုက်နေရင် အဖြေမထွက် နိုင်ဘူး။ တစ်ဖက်နဲ့တစ်ဖက် အငြိုး အတေးတွေ ပိုကြီးလာမယ်။ ဒါ ကြောင့် ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြီးဆောင်ရွက်သင့်တယ်''ဟု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ပြောသည်။ 


အစိုးရနှင့် KIO တို့သည် ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲကို ယခုနှစ် အောက်တိုဘာ လ ၃ဝ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင်နောက်ဆုံးပြုလုပ်ခဲ့သော် လည်း ခိုင်မာသော အပစ်အခတ်ရပ် စဲရေး သဘောတူညီချက်မရရှိခဲ့ပေ။


ထို့ပြင် KIO အနေဖြင့် အပစ် အခတ်ရပ်စဲရေး လုပ်ငန်းကို လုံးဝ ညှိနှိုင်း ဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေး အရ ညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ် အခတ်ရပ်စဲမည်ဆိုသည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလောပစ် ခတ်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင် သော်က စက်တင်ဘာလ ၆ ရက်နေ့ ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။


  www.MyanmarExpress.net

7 comments:

တိုက်ပွဲဖြစ်နေတာတွေ ၇ပ်ဘို့ လိုတယ်ဆိုတာ ဘာဖြစ်လို့ ကေအိုင်အေတွေကိုမပြောဘဲ တပ်မတော်ဘက်ကိုသာအပြစ်သဘောမျိုး ပြောနေကြတာလည်း။ တပ်မတော်ကအပစ်အခတ်၇ပ်ထားတော့လည်း ဒီကောင်တွေဘဲ တပ်ကိုအလစ်ချောင်းတိုက်နေတာ ဒါကိုတော့ လွှတ်တော်ထဲက တပ်မတော်ကိုဘဲအပြစ်ဖို့ နေတဲ့ မျက်ကန်းကိုယ်စားလှယ်တွေ မပြောထွက်ကြဘူးလား။ ငြိမ်းချမ်းေ၇းပြောပြီး တိုင်းပြည်ပြိုကွဲအောင် လုပ်နေတဲ့ ကေအိုင်အေဘက်က လွှတ်တော်အမတ် သစ္စာဖေါက်နိုင်ငံေ၇း ကိုယ်ကျိုး၇ှာ သမားအားလုံး လွှတ်တော်ထဲကထွက်ကြ။

KIA ဘယ်အချိုး ချိုးနေတယ်ဆိုတာ လူတိုင်းသိပြီးသား တကယ်တန်း ကချင်ပြည်နယ်ထဲမှာ ကချင်လူမျိုးမဟုတ် တဲ့ဒေသတွေ အများကြီး ရှမ်းမြောက်က မဘိန်းနယ်ထိ ကေအိုင်အေက လာဗိုလ်ကျတယ် ကချင်မြေပုံပြန်ဆွဲရင် ကျုပ်တို့ရှမ်းဗမာတွေ နေတဲ့ဒေသတွေကို ပြန်နှုတ်ပေးပါ ကချင်ဒေသထဲပါတယ်ဆိုပြီး ကျုပ်တို့ပါ အထိနာပါတယ် ကချင်လူမျိုးစစ်စစ်ကျအနာမခံဘူး ကျုပ်တို့ရှမ်းဗမာတွေ မိန်းကလေးတွေကျ သူတို့မယားလုပ်တယ် သူတို့ခြေတော်တင်အားရရင် တရုတ်မယားလုပ်ဘို့ တစ်ယောက်ကို သိန်းသုံးဆယ် သိန်းငါးဆယ်နဲ့ရောင်းစား ခံရတယ် ယောက်ကျားလေးဆိုရင် ကျွန်းသစ်တွေခုတ် မတရားသဖြင့် ခိုင်းစားတယ် ဘိန်းစိုက်ခိုင်းတယ် ဘိန်းလူပ်သားတွေ ဘိန်းကျေးကျွန်တွေဖြစ်အောင်လုပ်ထားတယ် ကျန်တဲ့ ရွာသားတွေလယ်လုပ်ခိုင်းင်္ပြဆက်ကြေး ရိက္ခာ မတန်တဆ တောင်းတယ် မကြေနပ်ရင်သတ်ပစ်တယ် ပြည်မမှာ ဒီမိုကရေစီ ထွန်းကားပေမဲ့ ကျုပ်တို့မှာ ကေအိုင်အေ ရဲ့စစ်အုပ်ချုပ်ရေးဒဏ် ခံနေရတယ် ပြည်မက ၈၈ကျောင်းသားများ ဒေါ်စု လူ့အခွင့်အရေးအဖွဲ့များ ဗုဒ္ဓဘာသာဘုန်းကြီးများ ကျုပ်တို့ ရှမ်းကဒူး များ ရိုးသားသောကချင်လူမျိုးများ ကို ကယ်တင်တော်မူကြပါရန်မေတ္တာ ရပ်ခံပါတယ် စစ်တပ်ကတော့ သူတို့ချည့်ခံနေရလို့အားကိုးလို့မရတော့ ပါ ပြန်မချရဲတဲ့ကောင်တွေမို့ လူကြောက်တွေပါ ကျုပ်တို့ ပြေးစရာမြေ မရှိ ဘဝပါ

ကေအိုင်အေ ကိုတပည့်မွေး၍ တရုတ်ကြီးက လိုအပ်သော လက်နက်ရိက္ခာ ပံ့ပိုးကူညီနေပါပြီ လူတစ်ရာခန့်ကို အဆင့်မြင့်စစ်ပညာတွေသင်ပေးနေသည် အမေရိကန် နှင့် တရုတ် အားပြိုင်မှု ပြူလုပ်မည်ဟုသိရပါသည်။ တစ်ချိန်က မြန်စစ်တပ်ကို ထုတ်ပေးကူညီထားသော လက်နက်ထက်သာသည့် လက်နက်များသုံးစွဲနိုင်ရန် သင်ပေးမည်ဟုသိရပါသည် ကချင်ပြည်နယ်သည် မကြာမှီမြေစာပင်ဖြစ်ရပါတော့မည် လက်ဦးမှုယူဘို့လိုပါသည် နောက်ကျသွားလျှင် မလွယ်ပါ ဂွမ်မော်သည် ငြိမ်းချမ်းရေး ဘယ်တော့မှမလုပ်ပါ တရုတ်စစ်တပ်ကို ထိုးအပ်ပါမည် ဖြစ်ကြောင်း သတင်းအတိအကျရရှိထားပါသည်။

မင်းတို့ကောင်တွေ ဘာဖြစ်နေကြတာလဲ

KIA is bloody terrorist group.They real common
enemy of every Myanmar citizen.KIA have been
making a lot of terrorism and killing people.So
everybody has responsible to fight those KIA
terrorists

ငြိမ်းချမ်းရေးဘယ်တော့မှ ရမည်မဟုတ်ပါ KIA ကိုတစ်ခါတည်းသာ အပြုတ်တိုက်မှ ဖြစ်မှာ ပြည်တွင်းလက်နက်ကိုင် အဖွဲ့တွေရှိနေ မှတော့မြန်မာပြည် ဘယ်တော့မှ မငြိမ်းချမ်းဘူး စစ်တပ်ကလည်း ပြည်တွင်းစစ်ဆိုတာ စစ်သားများအတွက် အကောင်းဆုံး စစ်ရေးလေ့ကျင့်ကွင်းဆိုပြီး ထားလာတာ အခုတော့ ဆရာမနိုင် နှစ်ဆောင်ပြိုင်ဖြစ်တော့ ပြည်သူတွေ နစ်နာတာပေါ့ အခုချိန်မှာ အပြတ်တိုက်ရင်တိုက် မတိုက်နိုင်ရင် ကချင်ကို လွတ်လပ်ရေးသာ ပေးလိုက်တော့

အချိန် ကုန်ခံ ပြီး ငြိမ်း ချမ်း ရေးစကား
လုပ် မ နေ ပါ နဲ့ ကွာ
ဒီ ကောင်တွေ ဘာ အ ချိုး ချိုး နေ တယ် ဆို တာ
အသိသာ ကြီး ပါ ကွာ
အပြတ် တာ တိုက် လိုက် ပါ တော့
ဘယ်နှစ် ခါ အလျော့ ပေး ပြီး ဆွေး နွေး
ပွဲ လုပ် နေ ဦး မှာ လဲ?
လူပါးဝနေ တဲ့ ကောင် တွေ ကို
အမြန် ဆုံး အပြတ် ရှင်း ပါ တော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်