Subscribe to our RSS Feed

နေရာလုတတ်တဲ့ မြန်မာလူမျိုးများ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ရပ်မိရပ်ဖ လူကြီးကို လက်သီးနှင့်ထိုး

From : The Voice
 

ရန်ကုန်တိုင်း မှော်ဘီမြို့ နယ် ၄ ရပ်ကွက်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့် က ပြုလုပ်သော ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ တွင် လက်ရှိ ရာအိမ်မှူးက ရပ်မိရပ်ဖ ၅ ဦးထဲမှ တစ်ဦးကို လည်ပင်းညှစ်၍ လက်သီးနှင့် ထိုးခဲ့ကြောင်း မြင်တွေ့ခဲ့ရသူ ရက်ကွက်နေ ဦးကျော်သက်ထွန်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ရပ်ကွက်၏ ငါးဦး ကော်မတီက ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ် ရာတွင် လက်ရှိ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များကို ရည်ရွယ်၍ မဆိုင်သည့်လူများ အပြင်ထွက်ရန် ပြောကြား ခဲ့သည့်ကို လက်ရှိ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက “ခင်ဗျားဘယ်လောက် အဆင့်ရှိလို့လဲ။ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိလို့လဲ” ဟုဆိုကြောင်း ယင်းနောက် လက်ရှိ ရာအိမ်မှူး ဦးသိန်းထိုက်က ရပ်မိရပ်ဖ အဖွဲ့ဝင် ဦးမြင့်သန်းကို လည်ပင်းညှစ်၊ လက်သီးနှင့် ထိုးခဲ့ ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မှော်ဘီမြို့နယ်ရဲစခန်းတွင်အမှုဖွင့် ထားကြောင်း ၊ လက်ရှိ အဆိုပါ ရာအိမ်မှူးကို အရေးမယူ သေးကြောင်း နာယက အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးမြင့်သန်းက The Voice Weekly သို့ပြောဆိုသည်။

“အရင်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ဥပဒေနဲ့မသွားပဲ ဥပဒေအပြင်ဘက် ကနေ သွားနေတယ် “ ဟု ခံလိုက်ရသူ နာယက အဖွဲ့ဝင် ဦးမြင့်သန်းက ဆိုသည်။

အဆိုပါရပ်ကွက်တွင် ဆယ်အိမ်စုမှူး ၂၀၀ ဝန်းကျင်ရှိပြီး ယင်း ဆယ်အိမ် စုမှူးများ ထဲမှ အုပ်ချုပ်ရေးမှူးကို ရွေးချယ် မည်ဖြစ်ပြီး ယင်းရန်ပွဲကြောင့် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ဒီဇင်ဘာလ၂၆ရက်နေ့ သို့ပြောင်းရွှေ ထားကြောင်း ယင်း ရပ်ကွက် ရပ်မိရပ်ဖများထံမှ စုံစမ်းသိရှိရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေး အဖွဲ့ နာယကဖြစ်သူ ဦးမြင့်သန်းက မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားခဲ့ရာ အဆိုပါရဲတပ်ဖွဲ့စခန်းက ရာအိမ်မှူး ဦးသိန်းထိုက် ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၉၄/၁၄၄/၃၂၅ တို့ဖြင့်အမှုဖွင့် ထားကြောင်း သိရသည်။


  www.MyanmarExpress.net
 

6 comments:

လူမျိုးချီမပြောချင်တော့ဘူး ခွေးချင်းကိုက် ကိုယ့်ခွေးနိုင် ချင်တာ ကျွန်တော်တို့လူမျိုးပါ အရှုံးကိုလက်မခံနိုင်တာ ကျွန်တော်တို့လူမျိုးပါ ရှေးတုံးက အမြင်ကတ်ရင် ဥက္ကဌ ခန့်လိုက် အဲ င်္လူသွားရော အခုကျတော့ လုနေကြပါပြီး အဆင့်မရှိတဲ့လူကလည်း တက်ရွေး စည်းကမ်း၁၁ချက် ဝေးလို့ ။ ရပ်/ကျေးဥပဒေရဲ့အားနည်းကြောင်ပါ ကြည့်လေ ပညာအရည်အချင်းအသင့်အတင့် ဥစ္စာပစ္စည်း အသင့်အတင့် လိုတိုးပိုလျော့ဥပဒေကြောင့် ရပ်ကွက်မှာရန်တွေဖြစ်ရပါတယ် အများကြည်ညိုလေးစါး သောပုဂ္ဂိုလ် ဆိုတော့ ဘုရားလူကြီး ဖိုးသူတော်ဘဲခန့်ရ မလိုလို အဲဒီလိုမပြတ်မသားဥပဒေတွေကြောင့် ရပ်ကွက် တွေအတော်များများ ပြသနာဖြစ်နေကြရတာ လွှတ်တော် ဥပေ ဒပြုကိုယ်စားလှယ်များ သတိပြူဘို့လိုပါတယ် အခုရွေးပွဲမှာ အုပ်ချူပ်ရေးမှူးဥပေ ဒရေးဆွဲတာညံ့လို့ နောက်လွှတ်တော်မှာ ပြင်ဆင်ပေးနိုင်ရေး သတိပေး လိုက်ပါတယ်

ဒီလိုလျူမျိုး သာနေရာရရင် ရှေ့ရေး ရင်လေးစရာပါ။

ဂဏန်း ပုတ်သင် ခွေးအ နွားသိုး ကိုင်းပင် လိပ်မျိုး အနာယကခြောက်မျိုး ညိတဲ့မောင်တွေအဆိုးဆုံးပေါ့ ပြည်သူကသိပါတယ် ဘုရားနဲ့ဒေဝတ် ဘယ်သူကိုဆရာ တင်ရမယ် ဆိုတာ မယက မပြောနဲ့ဝန်ကြီးချူပ်တောင် ဝင်ပါလို့မရဘူး ငါးဦးကော်မတီလည်း ဘာပါဝါမှမရှိဘူး မဟုတ်တာလုပ်ရင်ကွဲမယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးဆို အရင်ခေတ် ကလို မှတ်လို့လုနေကြတာ ဝင်လုပ်ကြည့် ငမြောက်ငခြောက်တွေ နေရာမဟုတ်တော့ဘူး

မြန်မာစကားပုံရှိသားဘဲမင်းသားကြီးမလုပ်ရရင် ပတ်မကြီး ထိုးဖေါက်မယ်ပေါ့ အာဏာရူးတွေ

ဒီသတင်းကလွဲနေတယ်ဗျ။ တကယ်တမ်းပြောတာကဦးမြင့်သန်းဆိုတဲ့ရပ်မိရပ်ဖက
အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းကိုပြောလိုက်တာ။မဲပြိုင်ဖြစ်တဲ့NLD
ကသူ့ပထွေးကုလားတွေကိုတော့အနားထားပြီးအုပ်ချုပ်ရေးမှူးအဖွဲ့ကို
မလာနိုင်အောင်ပိတ်ဆို့ထားတယ်လေ။အုပ်ချုပ်ရေးမှူးအဖွဲ့က
အထဲဝင်တော့အဲလိုအပြောခံရခဲ့တာဗျ။ဒါနဲ့အုပ်ချုပ်ရေးမှူးနောက်လူက
ဦးမြင့်သန်းကိုလည်ပင်းညှစ်တယ်။ဦးမြင့်သန်းနောက်လူက
အုပ်ချုပ်ရေးမှူးအဖွဲ့ကလူကိုထိုးလိုက်တာ။ဟိုလူကhalmetဆောင်းထားတော့
သူပဲလက်ကွဲသွားတယ်။ဒါကိုမကျေနပ်ဖြစ်ပြီးဦးမြင့်သန်းအဖွဲ့က
တုတ်တွေနဲ့လိုက်တယ်။အုပ်ချုပ်ရေးမှူးအဖွဲ့ကလူတွေကလမ်းတဖက်ကနေပြေးရတယ်။
အဲလမ်းထိပ်မှာလဲဟိုလူတွေကလိုက်ပိတ်ထားတယ်။အဲရပ်ကွက်ကကုလားရပ်ကွက်ဗျ။
ကုလားမတွေကဓားရှိတယ်။ယူသွားလို့ပြောတယ်ဗျ။လူကြီးတစ်ယောက်က
ဝင်ဖြေရှင်းလို့လူစုကွဲသွားပေမဲ့ရဲစခန်းမှာထပ်ဖြေရှင်းကြတယ်။ရင်နာစရာကတော့မြန်မာအမျိုးသမီးတွေလုံခြည်တိုတို
တွေဝတ်ပြီး မုတ်ဆိတ်ကုလားတွေထိရင်မခံဘူးဆိုပြီးညာသံပေးလာကြတယ်ဗျ။ရပ်မိရပ်ဖကကုလားတွေနဲ့တဖွဲ့တည်းလေ။
ညနေကျတော့လမ်းထဲမှာစာတွေချိတ်ထားကြတယ်။ရပ်မိရပ်ဖကိုထိုးတဲ့သူကိုဥပဒေအရအရေး
မယူပေးရင်ဆူပူမှုတွေလုပ်ကြမယ်တဲ့။ဦးမြင့်သန်းကဂေါပကလေ။ဝါတွင်းမှာဆွမ်းပတ်အလှူခံရတဲ့ငွေတွေကို
ဝါကျွတ်ရင်ပိုလျှံသမျှမျှဝေခွဲယူကြပြီးအတိုးပေးစားနေကြသူတွေလေ။ကျွန်တော်ကြားရတာတော့သိထားတဲ့သူတွေက
အုပ်ချုပ်ရေးမှူးကိုပြောကြသတဲ့။ဂေါကပတွေယူထားတာ၄၄သိန်းတဲ့ဗျ။
အုပ်ချုပ်ရေးမှူါ်ကအရေးမယူခဲ့ပါဘူး။ဒါပေမဲ့ဦးမြင့်သန်းတို့ဂေါပက
မကျေမနပ်နဲ့အငြှိုးထားခဲ့တယ်ထင်ပါတယ်ဗျာ။အဲရွေးချယ်ပွဲက
တခါပျက်ဖူးပြီးပြီ။ပထမတခါကကုလားဗလီမှာလုပ်ဖို့
သူတို့ကတောင်းဆိုခဲ့တယ်တဲ့။အဲမှာလုပ်တော့ကုလားတွေ
ဝိုင်းရန်လုပ်ကြတော့ဖျက်လိုက်ကြတော့တာပဲဗျ။ဒီလောက်ဆိုရင်ဘယ်သူမှားတယ်
ဘယ်သူမှန်တယ်သိလောက်ကြရောပေါ့ဗျာ။ကျွန်တော်မဲပေးရင်းတွေ့ခဲ့တာပါဗျာ။

ဒါမှ မြန် မာ နိုင် ငံ နှင့် မြန် မာ လူ မျိုး
စစ် စစ် ရဲ့ စိတ် ဓါတ် တွေ ကွ
လက် ရှိ စစ် တပ် က လူ တွေ နေ ရာ ဖယ် မ ပေး
ခြင် တာ လဲ အ ပြစ် မဟုတ် ပါ ဘူး
ရပ်ကွက် လို နေ ရာ လေး တောင် ဒီလောက် မက်
နေ ကြ တာ...
အော် လူ တွေ လူ တွေ ....
အခု တ လော မြန် မာ တပြည် လုံး ရပ် ကွက်
အုပ် ချုပ် ရေး မှုး ရွေး တိုင်း ပြ သ နာ တက်
နေ တာ တွေ ဘဲ ကြား နေ ရ တယ်.....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်