Subscribe to our RSS Feed

အဲပုဂံ လေယဉ်မှုးအား လူအများချီးကျူး

From : ခင် ခင်

လေယာဉ်မှူး ကို ချီးကျူးပါတယ်ရှင်
တကယ်တော့ ဒီနေ့ အဲယားပုဂံရဲ့ ဖြစ်စဉ်လေးဟာ အတော့်ကို အံ့သြစရာပါ၊ မြန်မာပြည်မှာ ပျက်ကျ တဲ့လေယာဉ်တိုင်း လူရှင်တယ်ဆိုတာ မရှိပါဘူး၊ ကားတောင် တိုက်မိရင်ဘယ်လိုနေမလဲ၊ ခုတော့ လေယာဉ်ပြေးနှုန်းနဲ့တိုင်းတာကြည့်ရင် ဒီနေ့ဖြစ်စဉ်ဟာ အင်မတန်မှ ကံကောင်းလွန်းတယ် လို့ထင်ပါတယ်၊ ထိခိုက်သေဆုံးမှုနည်းတာဟာ အင်မတန်မှ အံ့သြ၀မ်းသာစရာပါ မနက်စောစော ဒီသတင်းကို ရတာနဲ့ လူတွေသေပြီလို့ထင်ပြီး ၀မ်းနည်းမှုကြောင့် မျက်ရည်ဝဲရပါတယ်၊ ဖြစ်ချင်တော့ တောင်ကြီးတစ်မြို့လုံးဟာ လျှပ်စစ်ပြတ်တောက်ခဲ့ရတယ် ဟိုက ဒီက ဖုန်းတွေဝင်လာလို့ ဖုန်းဓါတ်ခဲက ကုန်သွားတော့ သတင်းတွေဟာ လူမသေဘူးလို့ရတဲ့အထိ ပဲ သိရတယ် ညနေမှ 1750လောက်မှာ မီးတွေပြန်လာတော့ ဖုန်းအားသွင်းနေရင်း သတင်းတွေ ၀င်လာပါတယ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်သေတယ်တဲ့ ၊ သူ့အတွက်ရင်ထဲမှာ လုံးဝ မကောင်းပါဘူး၊ ကံတရားကို ပြန်တွေးကြည့်တော့ ဒီလောက် ထက်ပိုင်းပြတ် မီးလောင်တဲ့ထဲမှာ တစ်ဦး ဆုံးရှုံးသွား တာကို ပဲ စိတ်မကောင်းစွာကြားသိရပြီး ၀န်ထမ်း၊ ခရီးသည် 71ဦးအနက် 70ဦးမှာ ထိခိုက်ဒဏ်ရာ ရတာ သိပ်မပြင်းထန်ဘူးတဲ့ အမေရိကန်(2)ဦး။ တရုတ်(1)ဦး၊ ပြင်သစ်(1)ဦး ၊ ပြည်တွင်းခရီးသည် (5)ဦးတို့ ဒဏ်ရာရတယ်တဲ့၊ လေယာဉ်မှူး မောင်မောင်ထွေးက ဒဏ်ရာရတယ်တဲ့၊ ဓါတ်အားလိုင်းကို ဘီးညိပြီး သစ်ပင်တွေနဲ့အတူ ဆင်းလာချိန်မှာ အောက်က ဆိုင်ကယ်သမား (1)ဦးသေဆုံး တယ်တဲ့၊ ဒီဖြစ်စဉ်ကို ပြန်တွေးကြည့်တော့ လေယာဉ်မှူး ကို ချီးကျူးပါတယ် လူ့အသက် (70)ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ဆုံးအချိန်ထိ မြေပေါ်မှာ ဒရွတ်တိုက်ဆွဲပြီး ဆင်းလာနိုင်တဲ့အတွက်၊ သူတော်တော်ကြိုးစားခဲ့ရပါမယ်၊ လူတိုင်းဟာ မတော်တဆမှုနဲ့ကြုံတဲ့အခါတိုင်း သတိလစ် မေ့မျော တတ်ပါတယ်၊ ဒါမှမဟုတ် ကြောင်တက်ပြီး ဘာမှ မဆုံးဖြတ်နိုင်ဘူး၊ လေယာဉ်မှူးကို ချီးကျူးရတာ ကတော့ ကျွန်မအတွေးမှာ သူဟာ ဆင်းမှ ဖြစ်မယ့်အနေအထားမှာ သူပြန်လှည့်လို့မရနိုင်မှန်း သိလို့ ကွင်းကို တောင်းဆင်းတာဖြစ်လိမ့်မယ်၊ ကွင်းကလည်း ဆင်းခွင့်တော့ပေးမှာမဟုတ်ဘူးလေ၊ နှင်းကျ ပြီး ပိတ်နေရင် ၀ယ်သာမပေးရင် ဆင်းခွင့်ပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် နောက်လှည့်ပြန်ဖို့အတွက် သူ့မှာ အခွင့်အရေး မရှိလို့သာ ဆင်းခွင့်တောင်းခဲ့တာဖြစ်ရမယ်၊ ဒီနေရာမှာ 50း50သာအခွင့်အရေး ရှိတာကို လေယာဉ်မှူးက 90း10အခွင့်အရေး ဖြစ်အောင် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ ၊ လေယာဉ်မှူးမှာသာ သတိမရှိရင် ဘီးနဲ့ဓါတ်အားကြိုးညိပါလာချိန်မှာ သူမှင်သက်ပြီး ဆုံးဖြတ်ချက် မှားခဲ့ရင် အဲဒီနေရာမှာတင် ပေါက်ကွဲမှုဟာ ပြင်းထန်ပြီး တစ်ယောက်မှ ရှင်မှာမဟုတ်ဘူး၊ သူ့မှာ ဓါတ်ကြိုးတွေ သစ်ပင်တွေပါလာတာတောင် မြေပြင်ကို ၀ပ်ဆင်းနိုင်အောင် ပဲ့ကိုင်နိုင်ခဲ့တယ်၊ မြေပေါ် ဒရွတ်တိုက် ၀ပ်ဆင်းခဲ့လို့သာ ပေါက်ကွဲမှုမဖြစ်ခဲ့တာ၊ လူတွေ (70)ကို (လုံးဝ၊ လုံးဝ)မယုံနိုင်အောင် အသက်ရှင်စေခဲ့တာ၊ ကျွန်မ အမြင်က သေးရင်သေးမယ်၊ ဒါပေမယ့် ကျွန်မ ဒီနေ့ အဖြစ်အတွက် ၀မ်းနည်းရသလို၊ လူ(70)အသက်မသေတာကို ၀မ်းသာမိတယ်၊ ဒါကြောင့် လေယာဉ်မှူးကို ချီးကျူးတယ်၊ ဂုဏ်ယူပါတယ်၊ တော်ပါတယ်လို့ပြောချင်ပါတယ်ရှင်၊ မြေပြင်ပေါ်က ဆိုင်ကယ်သမားအတွက် ကတော့ စိတ်မကောင်းဝမ်းနည်းရပါတယ်၊ သူ့ကံကို က လေယာဉ်နဲ့များ သေဖို့ ကံပါသလားနော်၊ လေယာဉ်ကော တစ်ခါလောက်များ စီးဖူးပါရဲ့လားလို့ တွေးမိပါတယ်၊ သူသေရ တာကတော့ မတော်တဆမှုအတွက် ဖြစ်ပျက်သွားတဲ့ ရှောင်လွှဲမရနိုင်တဲ့ ရုတ်တရက်ခံစားသွား ရတာပါ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ်၊ (ဒီနေ့အဖြစ်လေးကို ၀မ်းနည်းလွန်းလို့ ဒီစာလေးကို ရေးတာပါ၊ လေယာဉ်မှူးကိုလည်း လူတိုင်း ချီးကျူးနိုင်ပါစေ အမှန်မြင်ကြည့်ရင် မြေပြင် ရောက်တဲ့အထိ သူဆင်းသက်နိုင်ခဲ့တာ၊ လူ(1)ယောက်ပဲ ဆုံးရှုံးခဲ့တာ ဟာ မြင်တတ်ရင်တော့ ချီးကျူးစရာ ဂုဏ်ယူစရာပါ)


  www.MyanmarExpress.net
 

21 comments:

ဆောင်းပါးရှင်၏ အမြင်မပြည့်စုံပါ ယေဘုယျဆန်လွန်းပါသည်၊
လေယဉ်မူးအား ချီးကျးမူကို ကန့ ကွက်ပါသည်၊
အခြားစဉ်းစားစရာ အကြောင်းအရာ များစွာကျန်ရှိနေပါသည်
တာဝန်ရှိသူအားလုံးကို အရေးယူရပါမည်။

လင်းတနားသွားတာနဲ့ လေယဉ်ပျက်ကျတာ တိုက်ဆိုင်လိုက်တာ မကောင်းသတင်းတွေ အဆုံးသပ်ဖြစ်ပါစေ

Too much Optmistic Article on Captain and the case is still unclear yet .What if it has been Captain' s wrong decision to land at that time? Beside, Air Bagan Captain and his crew members failed to save the life of Ma Nwe Lin Shain when she was unconcious before the flight was burnt and exploded. They could have save her before the flight is burnt. Its their responsibility to save the clients before they escaped. I feel extremely sorry for my friend ;(

ဓါတ်ကြိုးနဲ့ညှိကတည်းကအခြေအနေဆိုးနိုင်ပါတယ်
ကားလမ်းတလျှောက်မဆင်းဘဲလယ်ကွင်းဘက်ကိုရှောင်ဆင်းလိုက်တဲ့
လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်နဲ့တည်ငြိမ်မှုကြောင့်အဆိုးထဲကအကောင်းလို့ ဘဲ
သတ်မှတ်ရတော့မှာပေါ့
မတော်တဆသေဆုံးသူတွေအတွတ်တော့တကယ့်ကိုစိတ်မကောင်းစရာပါဘဲ။

ထိန်ဝင်း ထားဝယ် လေယာဉ်မှူးကိုလေစားပါတယ် လူအများရဲ့ အသက်ပေါင်းများစွာကယ်လို့ 

အော် ခင် ခင် ရယ် အဲ ဒီ လို ပြော လို့ နင့် ကို ဦး တေ က အ နား မှာ ခေါ် ထား အုံး မှာ။ဘယ့် နဲ့ ဗျာ လေ ယာဉ် ကွင်း နဲ့ လယ် ကွင်း မှား ရ တယ် လို့ ဗ မာ ပြည် က လေ ယာဉ် ကွင်း က လယ် ကွင်း နဲ့ မှား ရ အောင် ဆိုး နေ ပြီ လား။နောက် ဆုံး သ တင်း လေ ယာဉ် မှုး ကို တော် လို့ ဦး တေ က သူ စီး မဲ့ လေ ယာဉ် ကို မောင်း ဖို့ ခေါ် ထား ပြီ တဲ့။

ကန့် ကွက် ရ လောက် အောင် လေ ယာဉ် အ ကြောင်း နား လည် ရဲ့လား လေ ယာဉ် ကော မောင်း တတ် သ လား ဆို တာ ကန့် ကွက် သူ အ နေ နဲ့ စဉ်း စား စေ ချင် ပါ တယ်
လေ သူ ရဲ တစ် ဦး

မသိလို့မေးကြည့်ဦးမယ်
မနှစ်ကနှစ်ကုန် စက်စန်းဂိုထောင်
ပေါက်ကွဲတာ ဒီရက်လားလို့

လေ ယဉ် အ ကြောင်း ဘယ် လောက် သိ လို့ ပြော နေ တာ လဲ မေး ပါ ရ စေ။ သူ များ ကို အ ပြစ် တင် ချင် ရင် လည်း ကိုယ့် ကိုယ် ကိုယ် ပြော စ ရာ မ ရှိ တဲ့ သူ ဖြစ် အောင် နေ ပြ လိုက် ပါ ဦး။ တ ကယ် ခ ရီး သည် တွေ ကို ထပ် တူ စာ နာ တယ် ဆို ရင် ကိုယ် လည်း ဘာ လုပ် ပေး နိုင် မ လဲ လို့ စဉ်း စား ကြည့် ကြ ပါ လား။

We don't how is the relation between Khin Khin and U Teza. May be they have some secrets between them.

မှန် ပါ တယ် အ ခန့် မ သင့် ရင် ခြေ လျှင် သွား ရင် တောင် ခ လုပ် တိုက် တတ် ပါ တယ်
အ သက် ပေါင်း များ စွာ ကို ဆုံး ဖြတ် ချက် မှန် ကန် စွာ နဲ့ ကယ် တင် နှိင် ခဲ့ တာ ကို လေး စား ပါ တယ်

မှန် ပါ တယ် အ ခန့် မ သင့် ရင် ခြေ လျှင် သွား ရင် တောင် ခ လုပ် တိုက် တတ် ပါ တယ်
အ သက် ပေါင်း များ စွာ ကို ဆုံး ဖြတ် ချက် မှန် ကန် စွာ နဲ့ ကယ် တင် နှိင် ခဲ့ တာ ကို လေး စား ပါ တယ်

ကမ္ဘာ့ Air Crash သမိုင်းမှတ်တမ်းမှာ လူ့အသက်ဆုံးရှုံးမှု Casualty အနည်းဆုံး ဆိုတာ စီစစ်တွေ့ရှိရတယ်ဗျာ။

လေယဉ်တစ်စီးလုံးပျက်ကျတာ လူအနည်းငယ်ပဲဆုံးရှုံးရတယ် ဆိုတာကိုတော့ တစ်ကယ်ချီးကျူးတယ်ဗျာ... သတင်းသိသိချင်း ခံစားလိုက်မိတာက လူတွေတော့ သွေးချောင်းစီးပြီလို. ထင်လိုက်တာ.. တကယ့်တကယ် ထင်သလောက်ထိခိုက်မှုမဖြစ်ဘူးဆိုတာ သိလိုက် ရတော့ တကယ် စိတ်လည်းမကောင်းဘူး.. ၀မ်းလည်းသာမိပါတယ်..

အမှန်က လေယာဉ်က မကောင်းတာလည်းပါပါတယ်။ လေယာဉ်ပေါ် ပါတဲ့ အနီးအနားကလူ ရှိရင်မေးကြည့်ပါ။ လေယာဉ်မှူး က အကောင်းဆုံး ကြိုးစား ခဲ့တာပါ။

မှန် ပါ တယ်။ဘာ ပဲ ပြော ပြော air pagan အ တွက် တ တိ ယ အ ကြီမ် မ ဖြစ် ဖို့ ဘယ် လို ပြင် ဆင် မှု့ မျိုး လုပ် ထား သ လဲ ဆို တာ ပွင့် လင်း မြင် သာ အောင် လုပ် ထား သင့် ပါ တယ်။သေ ဆုံး သူ တွေ ကို တာ ဝန် ယူ တယ် ဆို ပေ မဲ့ လူ့ အ သက် ဗျ black box result ထွက် မှ သိ ရ မှာ ပါ။ဆို လို ချင် တာ က လေ ယာဉ် မှူး ကို အ ပြစ် ပေး ဖို့ မ ဟုတ် ပါ ကွင်း / လေ ယာဉ် တွေ ကို စစ် ဆေး သင့် ပါ တယ်။

မင်း brain ရှိ ရင် သိ မှာ ပါ လေ ယာဉ် အ ကြောင်း သိ ရုံ မောင်း တတ် ရုံ နဲ့ ရ လား မင်း တို့ ကို အဲ ဒီ လို ပဲ သင် ထား လား သေ သွား တာ လူ ကွ

လေယာဉ်ပျက်ကျတာမဟုတ်ပါ ပျက်ကျရင် လူတော်တော်များများရှင်ဖို့ chance မရှိပါ။ လေယာဉ်နေရာမှားဆင်းပြီးလျှောက်တိုက်တာပါ။ ဘာကြောင့်မှားဆင်းရလဲဆိုတာ နောက်သိရမယ်လို့မျှော်လင့်ပါတယ်။ incident ဖြစ်ဖြစ်ခြင်း emergency responce ယူတာတာဝန်မကျေပါ။လူကုန်မကုန် မစစ်နိုင်ဘဲ abandon လုပ်တာ captain responsibility ပါ။ကျန်ခဲ့တဲ့သူက မတော်တဆမေ့နေလို့ကယ်သူမရှိလို့အသက်ဆုံးရတယ်ဆို ရင် လေယာဉ် crews တွေမှာတာဝန်ရှိပါတယ်။

kg ma ka phar ma phit mhar pop

YES..SIR.. WHATEVER THIS INJURIES..THE MOST PEOPLES ARE VICTIMS SO .. WE SHOULD APPRETIATE PILOT...


BELUCK FOREVER AIR BAGAN AND OTHERS AERO

Yes, the pilot should call the passenger list before he abandon the plane. Like this,

Pilot : "Passenger No.1"
Passenger No.1: "Present"
Pilot : "go out"

Pilot : "Passenger No.2"
Passenger No.2 : " Present"
Pilot : "go out"

and so on.....Until 71
And the pilot should do medical check up for all the passengers before they abandon the plane. And also need to check NIRC Number, Parents name, nationality and Income before the plane explode. And BOOM!! all die.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်