Subscribe to our RSS Feed

ခရစ်စမက်နေ့ Air Bagan လေယဉ်၊ စက်ချွတ်ယွင်း၊ ပျက်ကျ၊ မီးလောင်၊ သေဆုံး၊ ကယ်ဆယ်၊ ကုသ မှု ဓာတ်ပုံ (၇၀)

 

မန္တတလေးမှ ဟဲဟိုးသို့ ပျံသန်းလာသော အဲပုဂံ လေကြောင်း ခရီးစဉ်အမှတ် W9-011၊ လေယာဉ်အမှတ် XY-AGC၊ လေယာဉ် အမျိုးအစား F-100 သည် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မြူနှင်းများ ဖုံးလွှမ်းနေမှုကြောင့် လေယာဉ် ပြေးလမ်းဘေး လယ်ကွင်း အတွင်းသို့ မှားယွင်း ဆင်းသက်ခဲ့ နေပြည်တော် ဒီဇင်ဘာ ၂၅ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ မန္တတလေးမှ ဟဲဟိုးသို့ ပျံသန်းလာသော အဲပုဂံလေကြောင်း ခရီးစဉ်အမှတ် W9-011၊ လေယာဉ်အမှတ် XY-AGC၊ လေယာဉ် အမျိုးအစား F-100 သည် လေယာဉ် Capt. မောင်မောင်ထွေးပါ လေယာဉ်အမှုထမ်း (၆)ဦး၊ လေယာဉ် လုံခြုံရေး (၂)ဦး ပေါင်း (၈)ဦးနှင့် နိုင်ငံခြားသား (၅၁)ဦး အပါအဝင် ခရီးသည် (၆၃)ဦး၊ စုစုပေါင်း (၇၁)ဦး တင်ဆောင်၍ ထွက်ခွာခဲ့ရာ နံနက် ၀၈:၅၅ ချိန် ဟဲဟိုး လေဆိပ်သို့ ဆင်းသက်စဉ် မြူနှင်းများ ဖုံးလွှမ်းနေမှုကြောင့် လေယာဉ် ပြေးလမ်းဘေး လယ်ကွင်းအတွင်းသို့ မှားယွင်း ဆင်းသက်ခဲ့သဖြင့် လေယာဉ် အမြီးပိုင်းကျိုး၍ မီးလောင်သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများနှင့် ဟဲဟိုးမှ မီးသတ်ယာဉ်များ ၀၉:၀၀ ချိန် ရောက်ရှိ ငြှိမ်းသတ်နိုင်ခဲ့ပါသည်။ ယင်းလေယာဉ်ပေါ်ရှိ နိုင်ငံခြားသား (၅၁)ဦး အပါအဝင် ခရီးသည်များအား ကယ်ထုတ်နိုင်ခဲ့ပြီး အသက် (၁၁)နှစ် အရွယ်ခန့် ကလေး (၁)ဦး သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်ကြောင့် လေယာဉ်မှူး မောင်မောင်ထွေး၊ တွဲဘက် လေယာဉ်မှူး နေလင်းထွန်းနှင့် နိုင်ငံခြားသား (၄)ဦး အပါအဝင် ခရီးသည် (၉)ဦး၊ စုစုပေါင်း (၁၁)ဦး ဒဏ်ရာရရှိခဲ့သဖြင့် ဟဲဟိုးဆေးရုံနှင့် တောင်ကြီး စဝ်စံထွန်း ဆေးရုံများသို့ ပို့ဆောင်ကုသလျက် ရှိကြောင်း၊ အသေးစိတ် ရှာဖွေ ကယ်ဆယ်ရေးများ ဆောင်ရွက်လျက် ရှိကြောင်း၊ လေယာဉ်ပေါ်ပါ ခရီးသည်များအား လေယာဉ်ကွင်း အနီးရှိ ဘုန်းကြီးကျောင်းတွင် အရေးပေါ် ကာကွယ် စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက် ရှိကြောင်းနှင့် အဆိုပါ ဖြစ်စဉ်တွင် လေယာဉ်မှားယွင်း ဆင်းသက်စဉ် မန0x081တလေး- တောင်ကြီး ကတ0x081တရာလမ်းပေါ်တွင် ဆိုင်ကယ်စီးနေသူ (၂)ဦးအား တိုက်မိပြီး (၁)ဦး သေဆုံး၍ (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ခရစ်စမက်နေ့ Air Bagan လေယဉ်၊ စက်ချွတ်ယွင်း၊ ပျက်ကျ၊ မီးလောင်၊ သေဆုံး၊ ကယ်ဆယ်၊ ကုသ မှု ဓာတ်ပုံ (၇၀) အား ကြည့်ရှုရန် https://www.facebook.com/media/set/?set=a.382785615148900.91865.256578141102982&type=1  ကို Click ပါ။

 
  www.MyanmarExpress.net 
 

2 comments:

BLOODYYYYYY CHRISTMASSSSSSSSSS¿¿¿¿¿¿

THANKS GOD FOR SAVE ME AND MY FAMILY.PRAISE THE LORD....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်