Subscribe to our RSS Feed

Air Bagan လေယဉ်ပျက်ကျမှုတွင် ခရီးသည်တစ်ဦးသေဆုံး



ယနေ့မနက် (w9-011) ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ်သည် ဟဲဟိုးကွင်းသို့ ဆင်းသက်ချိန်တွင် လေယာဉ်ကွင်းနှင့် ၂-မိုင်အလိုခန့်တွင် အရေးပေါ်ဆင်းသက်သွားခဲ့ရပြီး ယင်းဖြစ်စဉ်ကြောင့် ခရီးသည်တစ်ဦးသေဆုံးခဲ့ကြောင်း ယင်းလေကြောင်းလိုင်း၏ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါလေယဉ်ပေါ်ရှိခရီးသည် ၆၅ ဦးအနက်မှ ၅၅ ဦးသည် ဟဲဟိုးလေယာဉ်ကွင်းတွင် ဘေးကင်းစွာ ရှိနေကြပြီး ခရီးသည် ၉ ဦးကို တောင်ကြီး စ၀်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။

လေယာဉ်မှူးများအပါအဝင် လေယာဉ်ဝန်ထမ်း ၇ ဦးအနက်မှ ပိုင်းလော့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း လေကြောင်းလိုင်းကထုတ်ပြန်ထားသည်။
ယင်းပျက်ကျမှုနှင့်ပတ်သက်၍ လေကြောင်းထိန်းသိမ်းရေး ၊ ဟဲဟိုလေဆိပ်တို့သို့ဆက်သွယ်မေးမြန်းရာတွင် အခြေအနေတည်ငြိမ်မှ သာတင်းများအပြည့်အစုံထုတ်ပြန်ပေးမည်ဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့သည်။

7 comments:

လေယာဉ်အပျက်အစီးကိုကြည့်ရင် တယောက်ထဲသေတာ မဖြစ်နိုင်ဘူး၊ တစ်ယောက်တလေတောင် ကျန်ပါ့မလားလို့တောင် တွေးမိတယ်။
စိတ်မကောင်းပါဘူး၊ ဒီလိုမတော်တစမှုမျိုး ကင်းဝေးကြပါစေ။

မြန်မာလေတပ်ကအငြိမ်းစားဗိုလ်မှူးတွေကိုလေယာဉ်မှူးလုပ်ခိုင်းနေတော့ဖြစ်မှာပေါ့အရည်အချင်းမှမရှိကြတာ

နင် က ကော ဘယ် လောက် စောက် သုံး ကျ လို့။ ဘယ် လောက် စောက် အ ရည် အ ချင်း ရှိ လို့ လဲ

အားလုံးအတွက် ဝမ်းနည်းစရာနေ့ပါ။

နင့်ယောက်ဖလေယာဉ်ပျက်စီးသွားလို့လား

လေတပ်ကဗိုလ်မှူးတွေကိုအရပ်ဘက်လေယာဉ်မှူးမခန့်သင့်တော့ပါ အရည်အချင်းညံ့ဖျင်းလွန်းပါသည်

အရည်အချင်း ရှိလွန်းတဲ့ အထက်ကကွန်မန့် ပေးသူကို လေယာဉ်မှူး ခန့်သင့်ပါသည်။ :)
(လှည်းမောင်းတတ်တာလေးနဲ့ကို တော်တော်အရည်အချင်းရှိတယ်ဆိုတာ သိနိုင်ပါတယ်)

. . .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်