Subscribe to our RSS Feed

ဂျပန်အကူအညီနဲ့ ကော့သောင်း၊ မြဝတီမှာ ကယ်ဆယ်ရေးစခန်း တိုးချဲ့မည်

From :ခေတ်လူငယ်

လူကုန်ကူးခံရသူတွေ၊ ဒုက္ခရောက်ပြီး ကယ်ဆယ်ခံထားရတဲ့ သူတွေကို ပြန်လွှဲပေးနိုင်ဖို့ ထိုင်းနယ်စပ်မှာ ကယ်ဆယ်ရေးစခန်း ထပ်ပြီးတိုးချဲ့ တည်ဆောက်ဖို့ ရှိတယ်လို့ သိရတယ်။ လက်ရှိ တရုတ်နယ်စပ် မူဆယ်ဘက်မှာ လူအယောက် ငါးဆယ်ဆံ့ ကယ်ဆယ်ရေး စခန်းရှိပါတယ်။ အခုထပ်ပြီး တိုးချဲ့ တည်ဆောက်မယ့် နေရာက ကော့သောင်း၊ မြဝတီဘက်မှ လူငါးဆယ်ဆံ့ ကယ်ဆယ်ရေး စခန်းကို ၂၀၁၃ ထဲမှာ တည်ဆောက်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှာ လူကုန်ကူးမှု တာဝန်ထမ်းဆောင်ခဲ့သူ ရဲမှူးကြီးရာလျန်မုန်း(ငြိမ်း)က ‘ဂျပန်အစိုးရက ၂၀၁၃ မတ်လ သို့မဟုတ် ဧပြီထဲမှာ တည်ဆောက်မယ်’ လို့ပြောပါတယ်။ တစ်နှစ်ကို နိုင်ငံခြားကနေပြီး လူထောင်ဂဏန်းနီးပါး ကယ်ပြီး ပြည်တွင်းကို ပြန်လွှဲပေးခဲ့တယ်လို့ ဆိုတယ်။ ပြည်တွင်းရှိ မိဘ၊ ဆွေမျိုးများထံ ပြန်လွှဲပေးခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သည်လူတွေရဲ့ ပြန်လည် ထူထောင်ရေးတွေကို ပြန်လုပ်ပေးဖို့ မလွယ်ကူတဲ့အတွက် နိုင်ငံတကာ အလှူရှင်နဲ့ ပြည်တွင်း အလှူရှင်တွေရဲ့ အကူအညီကလည်း လိုအပ်နေဆဲ ဖြစ်ပါတယ်။ ၂၀၁၂ နိုဝင်ဘာလကုန်အထိ ပြန်လွှဲပေးတဲ့ စာရင်းအရ တရုတ်ပြည်ဘက်က မြန်မာလူကုန်ကူးခံရသူ ၁၄၆ ယောက်၊ ထိုင်းဘက်က ၇၈ ယောက်၊ အင်ဒိုနီးရှားဘက်က ၂၆ ယောက် ဖြစ်တယ်။ ဒါပေမဲ့ အင်ဒိုနီးရှား ရေပိုင်နက်ထဲမှာ တွေ့ရှိကယ်ဆယ် ပေးထားတာ ဖြစ်ပါတယ်။ ၂၀၁၂ နိုဝင်ဘာလအထိ ပြည်တွင်း လူကုန်ကူးခံရသူ ၁၉၇ ယောက်ကို ကယ်တင်နိုင်ခဲ့ပါကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်