Subscribe to our RSS Feed

မော်တော်ယာဉ် တင်သွင်းမှု လုပ်ငန်းများကို ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နေ

From :မြဝတီ


၂ဝ၁၁ ခုနှစ် စက်တင်ဘာလမှ စ၍ ယာဉ်အို ယာဉ်ဟောင်း အစားထိုး လဲလှယ်သည့် စီမံချက်ကို နိုင်ငံတော်က စတင်ခဲ့ပြီး တိုင်းပြည်၏ စီးပွားရေးတွင် အရေးပါသည့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ၊
ဟိုတယ်နှင့် ခရီးသွား ကဏ္ဍများတွင် နိုင်ငံတကာ အဆင့်မီ ကားများကို သင့်တင့်သည့် ဈေးနှုန်းများဖြင့် သုံးစွဲနိုင်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်က နိုင်ငံ မျက်နှာစာ ဖြစ်သည့် ရန်ကုန်လေ ဆိပ်က ဝင်လာလျှင် အိုမင်း ဟောင်းနွမ်းသော လူစီးကား၊ တက္ကစီကားများ နေရာ၌ နိုင်ငံတကာ အဆင့်မီ မော်ဒယ်မြင့် တက္ကစီများ၊ လူစီးယာဉ်များ၊ ဟိုတယ် ဧည့်ကြိုယာဉ်များ၊ အဲယားကွန်း Exp- ress Bus များဖြင့် နိုင်ငံ၏ ပုံရိပ်ကို ကောင်းမွန် စေခဲ့ပါကြောင်းဖြင့် ယနေ့ နံနက် ၁ဝ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ရန်ကုန်တိုင်း ဒေသကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် မြန်မာ နိုင်ငံမော် တော်ယာဉ် ထုတ်လုပ် တင်သွင်း ရောင်းချသူများ အသင်း (ယာယီ)၏ ဗဟို အလုပ် အမှုဆောင်နှင့် အလုပ် အမှုဆောင်များအား တွေ့ဆုံရာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောကြားရာတွင် မော်တော်ယာဉ်တင် သွင်းမှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ပွင့်လင်း မြင်သာစွာဖြင့် ဆောင်ရွက်နေ သကဲ့သို့ သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်က လက်တွေ့ လုပ်ဆောင်သူများနှင့် ဆွေးနွေး တိုင်ပင် ဆောင်ရွက်လျက် ရှိသည်မှာ အားလုံး အသိပင် ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်မည့် ယာဉ်အို ယာဉ်ဟောင်း အစားထိုး လဲလှယ်မှု အရ CIF ဈေးနှုန်းနှင့် ပုဂ္ဂိုလ်တစ်ဦးချင်း ၂ဝဝ၈ ခုနှစ်နှင့် အထက် တင်သွင်းရမည့် ဈေးနှုန်း များကိုလည်း တရားဝင် အသိပေး ထုတ်ပြန် လိုက်ပြီ ဖြစ်ပါကြောင်း၊ ယင်းဈေးနှုန်း များကို သက်ဆိုင်ရာ အသင်းက တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အကြိမ်ကြိမ် ချပြ ဆွေးနွေးပြီးမှ သတ်မှတ်ခြင်း ဖြစ်သည့် အပြင် ယင်းသို့ ပြောင်းလဲမည် ဆိုသည်ကိုလည်း လွန်ခဲ့သည့် သုံးလခန့် ကတည်းက ပွင့်လင်း ထင်သာစွာဖြင့် မီဒီယာများက ကြိုတင် အသိပေး ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရုံးတွင် ကုန်သွယ်မှု သင်တန်းကျောင်း Trade Training Institute (TTI)ကို ၂ဝ၁၂ ခုနှစ် မေလ ကတည်းက ဖွင့်လှစ်ခဲ့ပြီး အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု ပညာရပ်များကို အခြေခံနှင့် အဆင့်မြင့် သင်တန်းများ အဖြစ် ပို့ချလျက် ရှိပါ ကြောင်း၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။ ယင်းနောက် အသင်း ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဗဟို အလုပ် အမှုဆောင်များက မော်တော်ယာဉ် တင်သွင်းမှု အခြေအနေများကို ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ထူး တို့က ပြန်လည် ရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်