Subscribe to our RSS Feed

တပ်မတော် (ရေ) စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် (၆၅) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

From :မြဝတီ

ရန်ကုန်  ဒီဇင်ဘာ  ၂၄
တပ်မတော် (ရေ) ၏ အဓိက တိုက်စွမ်းအား ဖြစ်သော စစ်ရေယာဉ် များတွင် တိုက်စွမ်းရည် ထက်မြက်သည့် ခေတ်မီ စစ်ရေယာဉ်များ အင်အား ဖြည့်တင်းသော အခမ်းအနား ဖြစ်၍ နိုင်ငံတော်၊ တပ်မတော်၊ တပ်မတော် (ရေ) အတွက် ဂုဏ်ယူ ဝမ်းမြောက်ဖွယ် နေ့ တစ်နေ့ ဖြစ်ကြောင်း၊
အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် (ဒုံးပျံ) စစ်ရေယာဉ် များကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သည့် အတွက် နိုင်ငံတော် အနေဖြင့် ငွေကြေး ကုန်ကျမှု သက်သာပြီး တပ်မတော်(ရေ)  အရာရှိ၊ စစ်သည်များ စစ်ရေယာဉ် တည်ဆောက်မှု အတွေ့အကြုံ ရရှိခြင်း၊ ခေတ်မီ ဆန်းသစ်သော နည်းပညာများ ရရှိခြင်း၊ မိမိရေမြေ သဘာဝ၊ ရာသီဥတုနှင့် ကိုက်ညီ ဆီလျော်မှု ရှိအောင် ပုံစံရေးဆွဲ တည်ဆောက်နိုင်ခြင်း စသော အကျိုးကျေးဇူး များစွာ ရရှိပါကြောင်း၊ စစ်ရေ ယာဉ်များ တပ်တော်ဝင် ပြုလုပ်နိုင်သည့် အတွက် စစ်ဆင်ရေး တာဝန် ထမ်းဆောင်နိုင်မှု ပိုမိုမြင့်မား လာပြီး ''မြန်မာ့ပင်လယ် ဒို့ကာကွယ်'' ဆိုသည့်အတိုင်း မိမိ နိုင်ငံ၏ ပင်လယ်ပြင်ကို ပိုမို ထိရောက်စွာ ကာကွယ်သွား နိုင်တော့ မှာ ဖြစ်ကြောင်း၊ ဒေသ တွင်းနှင့် နိုင်ငံတကာ ရေတပ်များ အကြား ဂုဏ်ယူ ဝံ့ထည်စွာ ရပ်တည် လာနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် အမြော်အမြင် ရှိရှိ စဉ်ဆက်မပြတ် လမ်းညွှန် ပံ့ပိုးမှုများ ပြုလုပ် ခဲ့ပါသော နိုင်ငံတော်နှင့် တပ်မတော် အကြီးအကဲ အဆက်ဆက်တို့အား ကျေးဇူး အထူး တင်ရှိ ပါကြောင်းနှင့်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ ခေတ်မီ၊ အင်အား တောင့်တင်း၊ စွမ်းရည် ထက်မြက်သော မျိုးချစ် တပ်မတော် (ရေ) တည်ဆောက်ရေး လုပ်ငန်းများအား ဦးလည်မသုန် ထမ်းရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပ ပြုလုပ်သော တပ်မတော် (ရေ) စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားနှင့် (၆၅) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်စဉ် စစ်ဦးစီး အရာရှိချုပ် (ရေ) မှ ရှင်းလင်း တင်ပြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ)မှ တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင် အဖြစ် စစ်ရေယာဉ် ပုံစံငယ်ကို ဂါရဝပြု ပေးအပ်စဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ်များ ပုံပြုမောင်းနှင် ချီတက် အလေးပြု ရာတွင် ပါဝင်သော အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင် စစ်ရေယာဉ် များမှ အရာရှိ၊ စစ်သည် များအား သစ်သီးခြင်း လက်ဆောင် ပေးအပ်စဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် အတွင်း (၆၅) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းအား လှည့်လည် ကြည့်ရှုစဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ) ၏ စစ်ရေယာဉ် တည်ဆောက်မှု သမိုင်းနှင့် ရေတပ်ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်မှု ပြခန်း (Motivation Hall) အတွင်း လှည့်လည် ကြည့်ရှုစဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စစ်ရေယာဉ် မဟာဗန္ဓုလ ဦးဆောင်သော တပ်မတော် (ရေ)မှ စစ်ရေယာဉ် များက ပုံပြု မောင်းနှင် ချီတက် အလေးပြုကြစဉ်


သကျမာရဇိန် စေတီတော် ပရဝဏ်အတွင်း (၆၅) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ခရေပင်အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က စိုက်ပျိုးပေးကြစဉ်

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူ ကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်သူရ သက်ဆွေနှင့်ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့်ဇနီး ဒေါ်ထွေးထွေးညွန့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ သန်လျင် တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက် ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အခမ်းအနား ကျင်းပပြု လုပ်သည့် နေရာသို့ ရောက်ရှိလာ ပြီးနောက် စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်းက စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနားနှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်း တင်ပြသည်။
ထို့နောက် ရေတပ် သင်္ဘောကျင်း ဌာနချုပ်၊ ခေတ္တ ဌာနချုပ်မှူးက စစ်ရေယာဉ် များနှင့် ပတ်သက်သော စာရွက်စာတမ်း များအား တာဝန်ရှိသူ တစ်ဦးထံသို့ လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ထံသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ)မှ တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင် အဖြစ် စစ်ရေယာဉ် ပုံစံငယ် များကို ဂါရဝပြု ပေးအပ်သည်။
ထို့နောက် စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်းက စစ်ရေယာဉ် များအား တပ်တော်ဝင် စစ်ရေယာဉ် များအဖြစ် ကြေညာ လိုက်သည်နှင့် စစ်တီးဝိုင်း တပ်ဖွဲ့မှ နိုင်ငံတော် သီချင်းအား တီးမှုတ်ပြီး အလံလွှင့်တင်ခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ် များကို အစီအစဉ် များအတိုင်း ဆောင်ရွက်ကြသည်။
၎င်းနောက် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်သည် အခမ်းအနားသို့ တက်ရောက် လာကြသော သန်လျင် တပ်နယ်မှ အရာရှိများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေယာဉ် အောင်ဇေယျ ပေါ်၌ ကျင်းပပြုလုပ်သော (၆၅) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက် ချီးမြှင့်ရန် ရေယာဉ်ပေါ်သို့ ရောက်ရှိရာ စစ်ရေယာဉ် တာဝန်ကျ တပ်ဖွဲ့က ကြိုဆို အလေးပြု ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အလေးပြုခံ စင်မြင့်ပေါ် ရောက်ရှိရာ အမြောက် တပ်ဖွဲ့မှ အမြောက် (၁၉)ချက် ပစ်ဖောက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဂုဏ်ပြု အလေးပြု ပြီးနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကာ  ဂုဏ်ပြု တပ်ဖွဲ့အား စစ်ဆေးသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား စစ်ရေယာဉ် မဟာဗန္ဓုလ ဦးဆောင်သော တပ်မတော် (ရေ)မှ စစ်ရေယာဉ် များက ပုံပြု မောင်းနှင် ချီတက် အလေးပြု ကြသည်။ ချီတက် အလေးပြု နေစဉ်အတွင်း အခမ်းအနားမှူးက စစ်ရေယာဉ် တစ်စင်းချင်း၏ သမိုင်းကြောင်း များကို ရှင်းလင်း တင်ပြပြီး ဂုဏ်ပြု စစ်တီး ဝိုင်းမှလည်း တပ်မတော် (ရေ) ဆိုင်ရာ စစ်သီချင်းများကို တီးမှုတ် ဂုဏ်ပြု ပေးကြသည်။
၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ကာကွယ်ရေး ဦးစီးချုပ် (ရေ) က အမြောက်ပစ်ဖောက် ဂုဏ်ပြု အလေးပြုထားသော ပထမဆုံး ကျည်ဆန်အား အထိမ်းအမှတ် လက်ဆောင် အဖြစ် ဂါရဝပြု ပေးအပ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က  စစ်ရေယာဉ်များ  ပုံပြုမောင်းနှင် ချီတက် အလေးပြု ရာတွင် ပါဝင်သော အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင် စစ်ရေယာဉ် များမှ အရာရှိ၊ စစ်သည် များအား   သစ်သီးခြင်း လက်ဆောင် ပေးအပ်သည်။
ထို့နောက်   တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ် များအား   လှည့်လည်ကြည့်ရှု ကြရာ စစ်ရေယာဉ်များ အလိုက် စစ်ရေယာဉ်မှူး များက လိုက်လံ ရှင်းလင်း ပြသ ကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် (ရေ)၏ စစ်ရေယာဉ် တည်ဆောက်မှု သမိုင်းနှင့်  ရေတပ်ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်မှု ပြခန်း (Motivation Hall) အတွင်း လှည့်လည် ကြည့်ရှုကြရာ ကာကွယ်ရေး ဦးစီးချုပ် (ရေ)နှင့် တာဝန်ရှိသူ များက လိုက်လံ ရှင်းလင်းပြသ ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟံသာဒီပ ကုန်းတော်ပြင်ရှိ သကျမာရ ဇိန် စေတီတော်အား ပန်း၊ ရေချမ်းများ ကပ်လှူ ပူဇော်ပြီး စေတီတော်အား လက်ယာရစ် လှည့်လည် ဖူးမြော် ကြည်ညို ကြသည်။
ယင်းနောက် သကျမာရဇိန် စေတီတော် ပရဝဏ်အတွင်း (၆၅) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ခရေပင်အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က စိုက်ပျိုးပေး ကြပြီး မင်္ဂလာ ကန်တော်နှင့် ရှင်ဥပဂုတ္တ ကန်တော် အတွင်း ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငါးစာ ကျွေးခြင်းများ ပြုလုပ်ကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာဉ်-ရတနာပုံပေါ်သို့ ရောက်ရှိကြပြီး တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကိတ်မုန့်အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)နှင့် ဇနီးတို့က လှီးပေးကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ)မှ (၆၅) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တံဆိပ်နှင့် ဂါရဝပြု လက်ဆောင် ပေးအပ်သည်။
ထို့အပြင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး များအား  ကာကွယ်ရေး ဦးစီးချုပ် (ရေ)မှ  အထိမ်းအမှတ် တံဆိပ်နှင့်  လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် အတွင်း (၆၅) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းများနှင့်  အထိမ်းအမှတ် ပစ္စည်း အရောင်းဆိုင် များအား လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်း သတင်း ရရှိသည်။


  www.MyanmarExpress.net
 

4 comments:

We need to build greatest navy

I m very proud of ur achievement.

ဗိုလ် ခူပ် မူး ကြီး မင်း အောင် လိုင် ခင် ဗျား မြန် မာ နိုင် ကြိး တိုး တက် ဘို့ ခေတ် မှီ ဘို့ အစွမ်း ကုန် ကြိုး စား ပါ ကိုယ့် နိုင် ငံ အ ခြေ အ နေ ကို သိ ပါ တယ် နော် အ ခု လော လော ဆည် တော့ တိုင်း ပြည် ဖျက် မဲ့ ကချင် သူ ပုန် တွေ ကို အပြက် ချေ မူန်း ပြစ် ပါ


တပ် မ တော် ကြီး ကို ခေတ် မှီ တိုး တက် အောင် လုပ် နော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်