Subscribe to our RSS Feed

ကေအိုင်အေ၏ Internet စာမျက်နှာတစ်ခုဖြစ်သော Kachinnews.com အား Cyber Attack ဖြင့် တိုက်ခံရ

From : www.kachindailynews.com/

ကချင်ပြည်နယ်နှင့်ပတ်သတ်သော သတင်းများ၊ KIA အဖွဲ့နဲ့ပတ်သတ်သောသတင်းများကို အဓိကထား ဖော်ပြလျက်ရှိသော kachinnews.com  website သည် ၂၄.၁၂.၁၂ ရက်နေ့ ညပိုင်းလောက်ကစပြီး DDos နည်းပညာဖြင့်စတင်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ခရစ္စမတ်နေ့ (၂၅ရက်နေ့) ညအထိအသုံးပြု၍မရကြောင်း သိရှိရပါသည်။ ၄င်း Website ကို တိုက်ခိုက်မည်ဖြစ်ကြောင်း KIA ကိုမကျေနပ်သည့် လူငယ်များက ကြေငြာခဲ့ထားကြောင်းလည်းသိရှိရသည်။ ၄င်းတို့၏ ကြေငြာချက်တွင် Kachinnews Website အနေဖြင့် ငြိမ်းချမ်းရေးကို ပျက်ပြားစေသည့် သတင်းများမကြာခဏ ထုတ်လွှင့်နေခြင်း၊ ရှေ့တန်းတွင် အဖမ်းခံရသည့် စစ်သည်များ၏ ရုပ်ပုံများဖော်ပြ၍ ၀ါဒဖြန့်ချိခြင်းတို့ကြောင့် လူငယ်အများစုမှ ကျေနပ်မှုမရှိကြောင်း ကေအိုင်အေ အားငြိမ်းချမ်းရေး စာပွဲပေါ်ရောက်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Kachinnews.com website ကိုပြည်တွင်းမှ Hacker  လူငယ်တစ်ချို့နဲ့ ပြည်ပမှာရှိတဲ့ ပညာရှင်အချို့က ၀ိုင်းတိုက်ခိုက်တာဖြစ်နိုင်ပါတယ်။ Kachinnews Internet website သည် ကေအိုင်အေအဖွဲ့မှ တည်ထောင် ထားသော Internet website တစ်ခုဖြစ်ပြီး ကေအိုင်အေ အဖွဲ့မှ သတင်းထုတ်ပြန်ရန်နှင့် ၀ါဒဖြန့်ချိရန် အသုံးပြုလျက်ရှိသည်။ Kachinnews.com တွင် အစိုးရတပ်များ ကျဆုံးနေသည့် သတင်းများ၊ အစိုးရတပ် အဖမ်းခံရသည့်သတင်းများနဲ့ ကေအိုင်အေ၏ တိုက်ပွဲအောင်မြင်မှုသတင်းများ၊  ကိုဖော်ပြနေသော Internet website တစ်ခုလည်းဖြစ်ပါသည်။ Kachinnews website တွင် ကချင်၊ အင်္ဂလိပ်နဲ့ မြန်မာဘာသာ တို့ကို အသုံးပြုပြီး သတင်းများကို ဖြန့်ချိလျက်ရှိသည်။

  www.MyanmarExpress.net
 

2 comments:

ကေအိုင်အေ တွေ..ဒီမှာဘလော့ဖွင့်ပြီးသူတို့ ဆိုက် ဆိုက်ဘာတိုက်ခိုက်ခံရလို့ ပြင်နေတယ်။ ဒီဘလော့တွေမှာ လာကြည့်ပါလုပ်နေတယ်။ ဒီဘလော့တွေကို ပါ သမ ကြပါလားခင်ဗျား
ဒီအောက်ကလင့်ကိုဖတ်ပါ။
http://kachinnewsburmese.blogspot.com/2011/09/cyber-attack-against-kng-website.html

ကေ အိုင် အေ တွေ သူတို့ ဆိုက် ဟက် ခံ ရ တော့ ဒီ အောက် မှာ ဘ လော့ ဆက် ဖွင့်နေပါ တယ် ဗျို့ ။ အကို ဟက်ကာ တို့ ဆက် သမ ပေး ကြ ပါ အုံး

http://kachinnewsburmese.blogspot.com/2011/09/cyber-attack-against-kng-website.html

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်