Subscribe to our RSS Feed

The Hot News Journal ၏ Hot အဖြစ်ဆုံး ပုဂ္ဂိုလ်ထူး နှင့် အဖွဲ့အစည်းများ (၁)

From : hot news

နိုင်ငံတော်သမ္မတဦးသိန်းစိန်
 
““ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်က  တာဝန်ယူခဲ့တဲ့  အချိန်ကစပြီးဒီမိုကရေစီအသွင်ကူးပြောင်း ရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို လွှတ်တော် တရားရေး မဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသား အင်အားစု များ၊ နိုင်ငံရေးပါတီများ၊   အရပ်ဘက်လူ့ အဖွဲ့အစည်းများနဲ့  အဓိကအားဖြင့် ပြည်သူများနှင့်အတူ  တက်ညီလက်ညီ နောက်ပြန်မလှည့်စတမ်း ပုံဖော်ခဲ့ကြပါ တယ်။  ယခင်အာဏာ ၃ရပ်ကို တစ်ပေါင်း တည်းကျင့်သုံးတဲ့အာဏာပိုင်အစိုးရစနစ် ကနေ ဒီမိုကရေစီနည်းလမ်းကျပြီး အပြန် အလှန်ထိန်းကျောင်းမှုစနစ်တွေ ပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမဲ့လည်း ဂုဏ်ယူဖွယ်၊ အားတက် ဖွယ် ထင်ရှားအောင်မြင်မှုတွေပေါ်ထွက် လာနေပြီဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံနေရ တဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်း သာခွင့်ပေးခြင်း၊ ပြည်ပရောက်  မြန်မာ့ နိုင်ငံရေးအင်အားစုများကို သိက္ခာရှိစွာ ၀င်ရောက်ခွင့်ပြုခြင်း၊ ၂၀၁၂ ခုနှစ်ကြား ဖြတ် ရွေးကောက်ပွဲကို အထူးသန့်သန့် ရှင်းရှင်းအောင်မြင်စွာကျင်းပပေးနိုင်ခြင်၊ စတုတ္ထမဏ္ဍိုင်လို့  ခေါ်ဆိုရယ့် သတင်း မီဒီယာအတွက် ကန့်သတ်ထားတဲ့ စာပေ စိစစ်ရေးကို ပယ်ဖျက်ခြင်း၊ အင်တာနက် လွတ်လပ်စွာအသုံးပြုခွင့်ပေးခြင်း၊ အလုပ် သမားနှင့် အလုပ်ရှင်အသင်းအဖွဲ့များဖွဲ့ စည်းတည်ထောင်ခွင့်နှင့် ပြည်သူများနိုင်ငံ ရေးမှာလွတ်လပ်စွာပါဝင်ခွင့်ပေးခြင်းစတဲ့ ဆောင်ရွက်ချက်များ  ဖော်ဆောင်ခဲ့ပါ တယ်”” စသည်ဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်စက်တင်ဘာလ ၂၇ ရက် နံနက် ပိုင်းမှာ အမေရိကန်ပြည်ထောင်စုနယူး ယောက်မြို့မှာ ကျင်းပတဲ့(၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာမိန့်ခွန်း ပြောကြားရာမှာထည့်သွင်းပြောကြားသွား သလို၊ ဆယ်စုနှစ်များစွာအတွင်း ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတကြီးတစ်ဦးရဲ့အမေရိကန်ပြည်ထောင်စု ခရီးစဉ်ဟာလည်းအောင်မြင်တဲ့ ခရီးစဉ် တစ်ခုအဖြစ် ပြည်တွင်းပြည်ပမှာရေပန်း စားခဲ့တဲ့ သတင်းတစ်ခုဖြစ်ပါတယ်။
အထူးသဖြင့် သမ္မတဦးသိန်းစိန်ဟာ ၂၀၁၂ခုနှစ် နိုင်ငံတော်သမ္မတရုံး အမိန့် အမှတ် ၁/၂၀၁၂  ဖြင့် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပြီး အကျဉ်း သား(၆၆၅၆)ဦးကို ဇန်န၀ါရီလ (၂) ရက် မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြင့် မင်္ဂလာနှစ်သစ်ကို ဖွင့်ပေးလိုက်ပါတယ်။
မကြာခင် ဇန်န၀ါရီ (၁၃) ရက်မှာ အကျဉ်းသား(၆၅၁)ဦးကို ထပ်မံလွှတ်ပေး ခဲ့ရာနေအိမ်အကျယ်ချုပ်ဖြင့်ထိန်းသိမ်း ခံထားရတဲ့ ယခင်ဝန်ကြီးချုပ်လည်းဖြစ်၊     တပ်မတော်ထောက်လှမ်းရေးမှူးချုပ် လည်းဖြစ်တဲ့ ဦးခင်ညွန့်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးနှင့် နိုင်ငံအချို့ကလွှတ်ပေး ရန်မျှော်လင့်ထားသောအကျဉ်းသားအချို့  တို့ပါဝင်ခြင်းဟာလည်း သမ္မတဦးသိန်းစိန် အစိုးရအတွက်သတင်းတစ်ရပ်ဖြစ်စေခဲ့ပါ တယ်။
ဒါအပြင်သမ္မတဦးသိန်းစိန်ရဲ့ အမေ ရိကန်ခရီးစဉ်အတွင်း သမ္မတ အိုဘားမား နှင့်တွေ့ဆုံခြင်း၊  ကြိုတင်ရောက်ရှိနေတဲ့ အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကသမ္မတဦးသိန်း စိန်အား သွားရောက်တွေ့ဆုံ နှုတ်ဆက် ခြင်း၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လပ်ရှင် နာဝပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ကလင် တန်နဲ့ တွေ့ဆုံခြင်း၊ နိုင်ငံခြာရေးဝန်ကြီး ဟောင်းကစ်ဆင်ဂျာနှင့်  တွေ့ဆုံခြင်း၊ နယူးယောက်မြို့ရှိ Asia Society အသင်း မှ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ခဲ့ခြင်းများဟာလည်း ကမ်္ဘာ့သတင်းစာ ကြီးများ၊ ပြည်တွင်းသတင်းဂျာနယ်များ မှာမျက်နှာဖုံးသတင်းများဖြစ်ခဲ့ရပါတယ်။
သမ္မတကြီးဦးသိန်းစိန်ဟာ   သမ္မတ သက်တမ်း ၁နှစ်ကျော်ကာလအတွင်း ၂၀၁၂ ခုနှစ် တစ်နှစ်တည်းမှာပင်၊ အမေ ရိကန်၊ အိန်္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်ကာပူစတဲ့ အမေရိက၊   အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများကို သွားရောက်ခဲ့ခြင်းဟာ ထိပ်တန်းသတင်း များဖြစ်ခဲ့တာကြောင့် နိုင်ငံတော် အကြီး အကဲ တာဝန်ထမ်းဆောင်ခဲ့ကြသူများ အနက်တစ်နှစ်အတွင်းပြည်ပခရီးအသွား ဆုံးပုဂ်္ဂိုလ်တစ်ဦးအဖြစ် မှတ်တမ်းတင်ရ မှာဖြစ်ပါတယ်။ဒါကြောင့် ၂၀၁၂ခုနှစ်ကို Visit President’s Year လို့ ခေါ်မယ်ဆို လျှင်လည်း ခေါ်နိုင်ပါရဲ့။
ဒါ့အပြင်နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟာ တာဝန်ထမ်းဆောင်မှု ၁နှစ်ပြည့်အဖြစ် မတ်လ၁ရက်ကပထမအကြိမ်ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၊ တတိယပုံမှန် အစည်းအဝေးမှာ တက်ရောက် မိန့်ခွန်း ပြောကြားရာမှာ  ““နိုင်ငံသား အားလုံး နောက်ကြောင်းပြန်မလှည့်စတမ်းလျှောက် လှမ်းပြီး မတူညီတာတွေ ဘေးဖယ်ထား၊ တူညီတာတွေ  ပူးပေါင်း  လုပ်ဆောင် မည်””ဟု ပြောကြားသွားခြင်းဟာ စာနယ် ဇင်းလောကရဲ့  High Light သတင်း တွေဖြစ်ခဲ့ပါတယ်။ သို့သော် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက် မနက် (၃)နာရီခန့်မှာ (တန်ဆောင်းတိုင်လပြည့်ည)လက်ပံတောင်း တောင်အရေး ဆန္ဒပြသံဃာတော်တွေ ကို ရဲတွေကလိုသည်ထက်ပိုပြီး အင်အား သုံးဖြိုခွဲတာကြောင့် သံဃာတော်အပါး ၃၀ ကျော်အရေပြားလောင်ကျွမ်းဒဏ်ရာ များစွာဖြင့်  ရုပ်ပျက် ဆင်းပျက်ဖြစ်ပြီး ဆေးရုံတက်ရောက် ကုသခဲ့ကြရသည် အထိဖြစ်ခဲ့ရခြင်းမှာ သမ္မတ ဦးသိန်းစိန် အစိုးရအတွက်လက်ညှိုးထိုးစရာဟိုးလေး တကျော်ဖြစ်ခဲ့ရပါတယ်။
ဒါအပြင်  ကျေးလက်ဒေသတွေ၊ အခြေခံ လူတန်းစားတွေရဲ့ နေ့စဉ်ဘ၀ တွေ့မှာ ကြုံတွေ့နေရတဲ့  အခက်အခဲ ပြဿနာတွေ အမြောက်အမြား ရှိနေသေး တာ၊ ရာဇ၀တ်မှုကျူးလွန်ခြင်း မရှိပဲ နှစ် ရှည်လများအကျဉ်းကျခံနေကြရတဲ့အကျဉ်း သားတွေ လွတ်မြောက်ဖို့လိုနေသေးတာ တွေဟာ တကယ်လက်တွေ့ မျက်တွေ့ ဖြေရှင်းရမယ့် ပြဿနာတွေဖြစ်နေသေး ကြောင်းထောက်ပြပြောဆိုမှု သတင်းများ ဟာ ၂၀၁၂ခုနှစ်ရဲ့သမ္မတကြီးရဲ့ HOT သတင်းတွေပါပဲ။


ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
 
၂၀၁၁ခုနှစ် မတ်လ ၃၀ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာ တဲ့ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ခေါင်းဆောင်သော ပထမဆုံးပြည်ပ ခရီး အဖြစ် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၈ရက်မှာ ထိုင်းနိုင်ငံကို သွားရောက်ခြင်းဖြင့် ထိုင်း နှင့် မြန်မာ တပ်မတော်အကြား ရှိပြီးဖြစ် တဲ့ ချစ်ခင်ရင်းနှီးမှုတွေ ပိုမိုခိုင်မြဲ  အောင်၊ ပူးပေါင်းဆောင်ရွက်မှုတွေ    မြင့်မားလာ အောင် ထိုင်းအဆင့်မြင့် တပ်မတော် အရာရှိကြီးများနဲ့   တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ ဒါအပြင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဟာ ထိုင်းဝန်ကြီးချုပ် ယင် လတ်ရှင်နာဝပ်နှင့်  တွေ့ဆုံပြီး ““မြန်မာ့  တပ်မတော်  အနေဖြင့် နောက်ကြောင်း ပြန်လှည့်ရန် အစီအစဉ်  မရှိကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ငန်းများ အမြန် အကောင်အထည်ဖော်ရေးကိစ္စ”” များကို ဆွေးနွေးပြောကြားခြင်း၊ အိန်္ဒိယ ခရီးစဉ်သွားရောက်ခြင်း၊ အာရှ၊ ဥရောပ၊ အမေရိကစတဲ့ နိုင်ငံများမှ တပ်မတော် ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံခြင်း၊  မြန်မာ့တပ်မတော်အဆင့်မြင့်အရာရှိကြီး များဒေသတွင်းနိုင်ငံများသို့အပြန်အလှန် လည်ပတ်စေခြင်းများကိုပြုလုပ်စေခဲ့တဲ့ သတင်းများ၊ ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြုလုပ်မယ့်ကော်ဘရာဂိုးလ်ဒ်ပူးတွဲစစ်ရေး လေ့ကျင့်မှုကို မြန်မာ့တပ်မတော်မှအရာ ရှိ ၃ဦးလေ့လာသူအဖြစ် တက်ရောက်စေ ခြင်းများဟာအချိန်တိုအတွင်းလုပ်ဆောင် နိုင်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ရဲ့ ထင်ရှားတဲ့ သတင်းများ ပဲဖြစ်ပါတယ်။ သို့သော် ကချင်ပြည်နယ် မှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ များအရေးနဲ့   ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန်  ပစ်ခတ်နေမှုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဆက်လက် ပြေရှင်းရမယ့် ကိစ္စများရှိနေ သေးကြောင်း  ထောက်ပြ ပြောဆိုမှု သတင်းတွေဟာ Hot News တွေလို့ပဲ ဆိုလိုက်ပါရစေ။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်