Subscribe to our RSS Feed

သမ္ဗုဒ္ဓေဘုရားကြီး ၀က်ဘ်ဆိုက်ဒ်အား အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင်ခဲ့

From :mrtv4


စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ မိုးညှင်း သမ္ဗုဒ္ဓေ ဘုရားကြီးရဲ့ အင်တာနက် ၀က်ဘ်ဆိုက်ဒ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ လွှင့်တင် ထားပြီ ဖြစ်တယ်လို့
သက်ဆိုင်ရာ တာဝန်ရှိ သူတွေရဲ့ ပြော ကြားချက်အရ သိရပါတယ်။ အဆိုပါ ၀က်ဘ်ဆိုက်ဒ်မှာ သမ္ဗေုဒ္ဓေ စေတီတော်ကြီးရဲ့ သမိုင်းကြောင်း များနဲ့ စေတီရုပ်ပွား များအကြောင်း၊ စတင် တည်ထားပုံ အဆင့်ဆင့်၊ တည်ထားခဲ့တဲ့ ဆရာတော် ဘုရားကြီးရဲ့အကြောင်းများ၊ အာလိန် ငါးဆင့်၊ ဆင်နှစ်ကောင်နဲ့ ကျောင်းတိုက် အတွင်းရှိ ထင်ရှားတဲ့ သာသနိက အဆောက်အအုံများ အကြောင်း စတာတွေကို စုံစုံလင်လင် ဖော်ပြပေး ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ဘုရားကြီးရဲ့ တည်နေရာကို သိရှိနိုင်ဖို့ အတွက်လည်း Google Map ကိုပါ ၀က်ဘ်ဆိုက်ဒ် အတွင်း ထည့်သွင်း ဖော်ပြထား တယ်လို့သိရပါတယ်။ အဆိုပါ မိုးညှင်း သမ္ဗုဒ္ဓေဘုရား ကြီးကို ဒုတိယ ကမ္ဘာစစ် အတွင်း တည်ထား ခဲ့တာဖြစ်ပြီး ထင်ရှားတဲ့ ဗိသုကာ လက်ရာ များကြောင့် ပြည်တွင်းမှာ သာမက ကမ္ဘာမှာပါ ထင်ရှား ကျော်ကြားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ဘုရားကြီးမှာ ရုပ်ပွားစေတီပေါင်း ငါးသိန်း ရှစ်သောင်း နှစ်ထောင် သုံးရာ ခြောက်ဆယ့်သုံးဆူ ကိန်းဝပ် တည်ရှိ တာလည်း ဖြစ်ပါတယ်။ အဲ့ဒီ သမ္ဗုဒ္ဓေ ဘုရားကြီးရဲ့ အင်တာနက် ၀က်ဘ်ဆိုက်ဒ် လိပ်စာ ကတော့ www.sambuddhe.org ဖြစ်ပြီး ဘယ်သူမဆို ၀င်ရောက် လေ့လာ နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ၀က်ဘ်ဆိုက်ဒ်နဲ့ ပတ်သက်ပြီး ဆက်သွယ် အကြံပြု နိုင်ဖို့ ကိုလည်း ၀က်ဘ်ဆိုက်ဒ် အတွင်း စီစဉ်ထား တယ်လို့ သိရပါတယ်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်