Subscribe to our RSS Feed

The Hot News Journal ၏ Hot အဖြစ်ဆုံး ပုဂ္ဂိုလ်ထူး နှင့် အဖွဲ့အစည်းများ (၂)

From : hot news

ဦးအောင်ကြည်
အလုပ်သမား  ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီးတာဝန်မှ ပြန်ကြားရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး တာဝန် ကို ၂၀၁၂ သြဂုတ်လမှာ ပြောင်းလဲ တာဝန် ထမ်းဆောင်ခဲ့သည်။ ငယ်ဘ၀ တွင် မူလတန်း၊ အထက်တန်းကျောင်း ဆရာ ထို့နောက် တပ်မတော်အရာရှိ ငယ်ဘ၀မှတစ်ဆင့် ဒုတိယတပ်မတော် လေကျင့်ရေးအရာရှိ  ချုပ်တာဝန်၊ ထိုမှ လ၀က ဒုဝန်ကြီး၊ အလုပ်သမားဝန်ကြီး ဌာန ဒုဝန်ကြီး၊ အလုပ်သမား ၀န်ကြီး ဌာနပြည်ထောင်စု ၀န်ကြီးတာဝန်များကို အဆင့်ဆင့် တာဝန်ထမ်းခဲ့သူဖြစ်သဖြင့် အောက်သက်ကြေသူ၊  စီမံခန့်ခွဲရေးကျွမ်း ကျင်သူ၊ အောက်ခြေ လိုအပ်ချက်ကို သိမြင်သူဟု သတ်မှတ်ရမည်ဖြစ်သည်။
၁၉၉၈မှစကာ ဗိုလ်ချုပ် အောင် ကြည်၊  မင်းဗထူးအမည်များဖြင့် စာအုပ်၊ ဆောင်းပါး ၁၀၀ ကျော်ကို ရေးသားခဲ့သူ ဖြစ်သဖြင့် ၀ါသနာနှင့် တာဝန်ကိုက်ညီ သူဟုသတ်မှတ်နိုင်သူဖြစ်သည်။ အလုပ် သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး တာဝန်ဖြင့် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံ မှ NGO များနှင့် တွေ့ဆုံကာ ထိုင်းနိုင်ငံ  အတွင်းရောက် မြန်မာအလုပ်သမားများ  အရေး ကိစ္စများကို ထိုင်းအစိုးရနှင့် ညှိ နှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့မူများကလည်း ၂၀၁၂တွင်မှတ်တမ်းတင်ရမည်ဖြစ်သည်။
ယခင်အစိုးရလက်ထက် ၂၀၀၇ မှ စကာဆက်ဆံရေးဝန်ကြီးအဖြစ်အစိုးရနှင့်  ဒေါ်အောင်ဆန်းစုကြည်အကြားတာဝန်ယူ ဆောင်ရွက်ခဲ့ရာမှာ ယခင်အစိုးရလက် ထက်ကထူးခြားမူရလဒ်မထွက်ပေါ်ခဲ့သော်  လည်း ယခုအစိုးရသစ်လက်ထက်မှာ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အောင်မြင်စွာ စေ့စပ်ညှိနှိုင်းပေးနိုင်ခဲ့သူ ဟုသတ်မှတ်ရမည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန် ယူပြီးမကြာမီမှာပင် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး၊ ပုံနှိပ်ဥပဒေမူကြမ်းပြန်လည်   ရေးဆွဲရေးတို့ကို ချက်ချင်းဆောင်ရွက်ခဲ့ ပြီး ပြန်ကြားရေးကို လစာရယူဖို့မဟုတ်၊ ပေးဆပ်ဖို့သာဖြစ်ကြောင်း၊ ဘာကတိ တွေ ပေးရမလဲ၊ ပေးထားတဲ့ကတိတွေ မလုပ်ပေးနိုင်ရင် ထောက်ပြ၊ ချက်ချင်း နုတ်ထွက်ပေးမယ်လို့ ပြောကြားခဲ့ခြင်း ဟာ မီဒီယာလောကအတွက် အားဆေး တစ်ခွက် ဖြစ်စေခဲ့ပါတယ်။ နေ့စဉ်ထုတ် သတင်းစာတွေကို  ထုတ်ဝေခွင့်ပြုမည် ဖြစ်ပြီး မီဒီယာ လွတ်လပ်ခွင့်များ ဖော် ဆောင်သွားမည်ဟု ကတိပေးခဲ့ခြင်းက လည်းမီဒီယာလောကအတွက် မျှော်လင့် ချက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။


နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး
၂၀၁၂ ခုနှစ် မေလအတွင်းရခိုင် ပြည်နယ်အတွင်းဖြစ်ခဲ့တဲ့ ပဋိပက္ခများကို ထဲထဲဝင်ဝင် လုပ်ကိုင်  ဖြေရှင်းခဲ့ရတာ ကတော့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးပါ။ သူဟာ အရေး အခင်းစတင်ဖြစ်ပွားခဲ့ချိန်မှစပြီး ယနေ့ထိ အခင်းဖြစ်ပွားရာနေရာများကို အများဆုံး ကွင်းဆင်းစစ်ဆေးပြီး၊ ဒုက္ခသည်များကို ပြည်တွင်း ပြည်ပ အလှူရှင်များ၊ ပြည်ပ နိုင်ငံအသီးသီးမှ ဘာသာရေး၊ လူမှုရေး ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ ပုဂ်္ဂိုလ် များကိုတွေ့ဆုံဆွေးနွေးပြီး လူထုလူတန်း စားအသီးသီးနဲ့ တွေ့ဆုံခြင်း၊ အကြံဉဏ် များရယူခြင်း၊ နှစ်ဖက်ဒုက္ခသည်စခန်း များမှ ဒုက္ခသည်များ၏ တင်ပြခြင်းများကို အခြား ၀န်ကြီးဌာနများဖြင့် ဆက်စပ်ပြီး ညှိနှိုင်းပေါင်းစပ်ကာ ဆောင်ရွက်လျက် ရှိခြင်းဖြင့် ၂၀၁၂ ခုနှစ်  Hot News  သတင်းစာမျက်နှာများရဲ့ သတင်းပုံရိပ် တစ်ခုဖြစ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးသိန်းအောင်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်လည်း ၂၀၁၂ ခုနှစ် Hot News ရဲ့ Hot  ဖြစ်ခဲ့သူတစ်ဦးပါ။ ဒီနှစ် အတွင်းမှာဧရာဝတီတိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌနှင့်  တိုင်းဒေသကြီး  ၀န်ကြီး   ချုပ်တို့အကြား ဧရာတိုင်းသားတွေသို့ လောသို့လောဖြစ်ခဲ့ရတဲ့ဖြစ်စဉ်နှစ်ရပ်ရှိခဲ့ ပါတယ်။ ပထမအချက်ကတော့ မတ်လ အတွင်းက “ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်  များ မကျေနပ်သည့်အတွက်ဥပဒေနှင့် အညီအရေးယူနိုင်ရန် တင်ပြလာသည့် အတွက် လွှတ်တော်၏အဆုံးအဖြတ်ကို အတည်ပြုချက်ရယူပြီးဥပဒေနှင့် အညီ တာဝန်ရှိသည့်ဝန်ကြီးဌာန၀န်ထမ်းများကို   ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ  နှင့် အညီတရားစွဲဆိုခဲ့ကြောင်း” သတင်း  များဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ် သက်လို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်က “လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောကြားချက်ကို  တစ်စုံတစ်ရာမှတ်ချက်ပေးရန်မရှိပါဘူး” လို့ Hot News ရဲ့ မေးမြန်းမှုကို တိုင်း ဒေသကြီး ၀န်ကြီးချုပ်က ဖြေကြားခဲ့ပါ တယ်။ အလားတူ “မတရား ဖမ်းဆီးချုပ် နှောင်ထားခြင်းကို ၁ လခန့်ထောင်ချရန် အစီအစဉ်ရှိသော်လည်း တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့  လွှတ်တော်ကိုယ်စား လှယ်မှ အဖြစ်မှန်ကို သတင်းပို့တင်ပြခဲ့ရာ ထောင် (၆)လ အပြစ်ဒဏ်ခံခဲ့ရတယ်”ဟု ပြောဆိုမှုများနဲ့ ပတ်သက်ပြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်ထံ ကွင်းဆင်းမေးမြန်း ခဲ့ရာမှာ တိုင်းဝန်ကြီးချုပ်က “ဒီကိစ်္စကို ကျွန်တော်သိတောင် မသိပါဘူးခင်ဗျား။ တိုင်းတရားသူကြီးရုံးက တရားဥပဒေနဲ့ အညီ  ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါတွေဟာ ကာယကံ ရှင်တွေက သူတို့ရဲ့ ထင်မြင်ယူဆချက်သာဖြစ်ပါလိမ့်မယ်လို့ တလေးတစားဖြေကြားခဲ့ပါတယ်။အလား တူ စက်တင်ဘာလ အတွင်းကလည်း လွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်းဝန်ကြီးချုပ်တို့ အကြား ပုဂ်္ဂိုလ်ရေးဆန်ဆန် ပြောဆိုစွပ်စွဲ ချက်တွေရှိခဲ့လို့ ပြည်ခိုင်ဖြိုးပါတီအထွေ ထွေအတွင်းရေးမှူး  ကိုယ်တိုင် ရှင်းလင်း တုန့်ပြန်ခဲ့ရတဲ့ ဖြစ်စဉ်တွေဟာတိုင်းဒေသ ကြီး ၀န်ကြီးချုပ်ရဲ့ Hot Newsသတင်းများဖြစ် ခဲ့ပါတယ်။(အကျယ်ကိုတော့ Hot News Journal အတွဲ (၃)၊ အမှတ် (၁၀၉) စက်တင်ဘာ ၂၇ရက်ထုတ် သတင်းဂျာနယ်မှာ ဖော်ပြ ထားရှိပါတယ်။)


Sky Net
ပြည်သူအတွက် ဖျော်ဖြေရေး အစီ အစဉ်တွေကို တစ်ခုပြီးတစ်ခု တင်ဆက် နေတယ်။ တဖြည်းဖြည်းပွင့်လင်းလာတဲ့ တင်ဆက်မှုတွေကို မြင်နေရတယ်။  တစ် ဖက်ကလည်း ပွင့်လင်းမှု စပ်ကူးမပ်ကူး ကာလမှာသရုပ်ပျက်တာတွေကို အရွယ် မရောက်သေးသူတွေအတွက် တိုက်ရိုက် ထည့်သွင်းပေးသလိုဖြစ်နေတယ်။ သရုပ် ပျက်မှုတွေကို နည်းနိုင်သလောက်  နည်း အောင်၂၀၁၃မှာပြည်သူတွေကိုချပြနိုင် မယ်လို့ ယုံကြည်တယ်။

 
  www.MyanmarExpress.net
 

1 comments:

ရွှေညာဝါး လဲ ပါတယ် တော့ ,,,,

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်