Subscribe to our RSS Feed

သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်

From : dvb

၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။

စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ၊ သီဟသူရ ဘွဲ့တံဆိပ်ရသူ မရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး ၃ ယောက် အပါအ၀င် ဒုတပ်ကြပ်ကနေ အထက်အဆင့် အရာရှိ၊ အရာခံ အကြပ် စုစုပေါင်း ၁၅၁၇ ယောက်ကိုတော့ စစ်မှုထမ်း သင်္ဂဟတံဆိပ် အပ်နှင်းလိုက်ကြောင်း ပြန်တမ်းမှာ ဖော်ပြထားပါတယ်။


 www.MyanmarExpress.net
 

4 comments:

သမ္မတကြီးဟာပြည်သူတွေကိုလည်းကြည့်တယ်
ဝန်ထမ်းးတွေကိုလည်းအလေးထားတယ်ဒါကြောင့်သမ္မတကြီးကို
လေးစားရပါတယ် ဘွဲ့ တံဆိပ်ချီးမြင့်ခံရသူတွေအတွတ်လည်းဂုဏ်ယူပါတယ်
အရပ်ဖက်ဝန်ထမ်းတွေကိုလည်းစွမ်းဆောင်ရည်မြင့်မားဖို့နဲ့ဝန်ထမ်းကောင်း
တွေပေါ်ထွတ်လာဖို့ဂုဏ်ထူးဆောင်ဘွဲ့ တံဆိတ်တွေပေးသင့်ပါတယ်လို့
လေးစားစွာတောင်းဆိုအကြုံပြုပါတယ်။

ကချင်ပြည်နယ်အတွင်းကပြည်သူများဆင်းရဲခြင်းမှ
လွတ်ကင်းကြပါစေ ။

Becareful Myanmar Express .There are many hater to your website because of your blog is launching the right,true news for the people so that is the biggest mistake for them . I am a cutomer , supporter of your blogs.

ဆု ရ တဲ့ တပ် မ တော် သား များ
ဂုဏ်ယူပါတယ်
လိုင် ဇာ ကို သိမ်း နိုင် ပါ စေ
တပ် မ တော် သား တို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်