Subscribe to our RSS Feed

နှစ် ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်း မော်လမြိုင်တက္ကသိုလ်တွင် ပြန်လည်ဖွဲ့စည်း

From : popular


နှစ်ပေါင်း ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်းအား ပြန်လည်ဖွဲ့စည်းခဲ့ရာ မော်လမြိုင်တက္ကသိုလ်မှ
ကျောင်းသား ၁၁ဝ ဦးတက်ရောက်ပြီး အခြေခံစစ်ပညာသင်ကြားခဲ့ကြောင်း ၄င်းတက္ကသိုလ်မှ သိရသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့် မြင့်ပညာ ဦးစီးဌာန၊ အောက် မြန်မာပြည်၊ ၂ဝ၁၂-၂ဝ၁၃ ပညာ သင်နှစ်၊
တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများအား အခြေခံစစ် ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နေ့က
မော်လ မြိုင်တက္ကသိုလ်ပင်မဆောင် အခန်း ၁၅ ၌ ပြုလုပ်ကြောင်း သိရသည်။
တက္ကသိုလ် အရန်တပ်ရင်း အမှတ်(၁)ကို ရန်ကုန်၊ အမှတ်(၂) ကို မန္တလေး၊အမှတ်(၃)ကို
မော်လမြိုင်တို့တွင်လည်းကောင်း စတင်ဖွဲ့ စည်းခဲ့ကြောင်း၊ ၁၉၈၇ -၁၉၈၈ ခု နှစ်အထိ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ
် အရေးအခင်းကာလက စတင်ပြီး အဆက်ပြတ်သွားကြောင်း၊
မော်လမြိုင်အနေဖြင့် တပ်ဖွဲ့ဝင် ၅၁၈၄ ဦးကို အခြေခံစစ်ပညာ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
ပထမအကြိမ် တက်ရောက် သော သင်တန်းသားများမှာ မော် လမြိုင် တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ တတိယနှစ်ကျောင်းသား ၁၁ဝ ဦးဖြစ်ပြီး
သင်တန်းကိုဖေဖော် ဝါရီ ၅ ရက်နေ့မှ စတင်ပြီး တစ်ပတ် လျှင် ငါးရက် ၁၆ ပတ် တက်ရောက် ရမည်ဖြစ်ကြောင်း သိရသည်။


  www.MyanmarExpress.net
 

3 comments:

ဆက် လုပ် ပါ ကောင်း တယ် ငါ တို့  ဆို ရင် အ ခြေ ခံ စစ် သင် တန်း သင် ပြိး သား တတ် ပြိး သား ပါ ယ ခု ခေတ် ကျောင်း သား တွေ မတတ် ကြ ပါ ဘူး ဆက် ပြိး သင် ပေး ပါ
ဒါ မှ ကျန်း မာ ရေး လဲ ကောင်း မယ် တိုင် ပြည် အ တွက် လဲ ချစ် ရာ ကြ တာ ပေါ့

အဲ့ဒါတတ်တော့ဘာလုပ်စားလို့ရမှာမို့လဲ
အပိုအလုပ်တွေ

ဟ လူ လေး ဆန်ကုန်မြေ လေးw

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်