From :popular
ကလေးငယ်များ တီထွင် ကြံဆလိုမှု ပိုမို တိုးတက်လာစေရေး အတွက် ”သိပ္ပံနှင့် နည်းပညာ ဆိုင်ရာပုံပြင်” စာအုပ်ကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မူလတန်း အဆင့် တွင် ထည့်သွင်း သင်ကြားပေးရန် ဆွေးနွေး ထားကြောင်း အာဆီယံ အင်ဂျင်နီယာ နှင့် နည်းပညာ အကယ်ဒမီ (မြန်မာနိုင်ငံ) မှ သိရသည်။
ရှာဖွေ တွေ့ရှိမှု၊ တီထွင် ကြံဆလိုမှု၊ ဆန်းသစ် တီထွင်မှုနှင့် ဖန်တီး နိုင်မှု ပုံပြင်များကို ရန်ကုန်တိုင်း ဒေသကြီးတွင်းရှိ မူလတန်း ကျောင်းများ တွင် အသုံးပြုနိုင်ရန် အခြေခံ ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) သို့ အုပ်ရေ ၁ဝဝဝ လှူဒါန်းပြီး ဖြစ်ကြောင်း အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ (မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စိန်မြင့်က ပြောသည်။ ၄င်းပုံပြင် စာအုပ်အား အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ပါ အသုံးပြုနိုင်ရေး အတွက် လှူဒါန်းမှုများ ပြုလုပ်ရန် ရှိ ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက် ပြောသည်။
လက်ရှိတွင် ပုံပြင် စာအုပ်ကို သင်ရိုးပုံစံ ထည့်သွင်း သင်ကြား ရန် မရှိသေးသော်လည်း ယင်းစာအုပ်ပါ အကြောင်းအရာ များအား ဆရာ၊ ဆရာမများမှ ကောက်နှုတ်၍ စာသင်ချိန် များတွင် အလျဉ်း သင့်သလို ထည့်သွင်း သင်ကြား ပေးရန် အတွက်ကိုမူ အခြေခံပညာ ဦးစီး ဌာနနှင့် ဆွေးနွေး ထားကြောင်း ၄င်းက ပြောသည်။
”အဆိုပါ စာအုပ်ကို အာဆီယံ အင်ဂျင်နီယာ နှင့် နည်းပညာ အကယ်ဒမီ (တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ) ဥက္ကဋ္ဌ ဒါတွခ်ဟောင်လီပီး က ရေးသားထားပြီး အာဆီယံ ၁ဝ နိုင်ငံ မှ နိုင်ငံသုံး ဘာသာ စကားများ ဖြင့် ပြန်ဆိုကြမည်ဖြစ်သည်။ ယင်း စာအုပ်တွင် ပုံပြင်ပေါင်း ၃၈ ခုပါ ဝင်ပြီး အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်း ကလေး သူငယ်များ ဖတ် ရှုလေ့လာရန် ရေးသားထားခြင်း ဖြစ်သည်။
www.MyanmarExpress.net

.jpg)
1 comments:
ကျောင်းသားတွေကိုပုံပြောတဲ့စံနစ်ကဒီခေတ်အထိမကုန်သေးဘူးလား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်