Subscribe to our RSS Feed

ပြည်သူ့ဝန်ထမ်းအားလုံးကို ဒေါ်အောင်ဆန်းစုကြည်မှ စော်ကားခြင်း

မန္တလေး-မတ် ၄ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ မတ်လ( ၃) ရက်နေ့မနက် (၈)နာရီမိနစ် (၄၀) မှာ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်။ လေဆိပ်ကနေ ပြည်ကြီးတံခွန်မြို့နယ်ကို ဆက်လက်ထွက်ခွာတဲ့လမ်းတစ်လျှောက်မှာတော့ မမြင်ဖူးလို့ လာကြည့်ချင်သူတွေက လိုက်ကြည့်ကြပါတယ်။ ဒ်ါအောင်ဆန်းစုကြည်နှင့်အတူ ကားအစီးရေ (၂၀၀) ကျော်လိုက် ပါလာခဲ့သလို မော်တော်ဆိုင်ကယ်နဲ့ ပြိုင်စက်ဘီးတွေလဲပါလာပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အ၀ိုင်းကိုမရောက်ခင်မှာ ယာဉ်ဖြတ်သန်းခကောက်ခံတဲ့ တိုးဂိတ်တစ်ခုရှိပါတယ်။ တိုးဂိတ်ကိုဖြတ်တဲ့ယာဉ်မှန်သမျှ ယာဉ်အမျိုးအစားအလိုက် အခွန်ငွေပေးသွင်း ရပါတယ်။ မည်သည့်မော်တော် ယာဉ်ကိုမျှ အခွန်ကင်းလွတ်ခွင့်မပေးပါဘူး။ ဒါကြောင့်လဲ တိုးဂိတ်က ၀န်ထမ်းတွေက ဒေါ်အောင်ဆန်းစုကြည်စီးလာတဲ့ ၃ဂ/၅၆၆၀ Pajero နဲ့ အခြားကားတွေကို အခွန်ငွေကောက်ခံခဲ့ပါတယ်။


ဒီလို စည်းကမ်းမရှိ ဖြတ်သန်းသွားလာကြပါတယ်

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ယာဉ်ဖြတ်သန်းခပေးချေခြင်းမရှိတဲ့အတွက် ကျန်တဲ့ မော်တော်ယာဉ်တွေကလဲ မပေးချေခဲ့ပါဘူး။ တိုးဂိတ်ဝန်ထမ်းတွေကတော့ အံ့သြ စွာနဲ့ ကျန်ခဲ့ပါတယ်။ ဒီလိုမျိုးကိစ္စရပ်ဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မဖြစ်သင့် တဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိမမူမိလို့မပေး ဖြစ်ခဲ့ရင်တောင် CEC တွေဖြစ်တဲ့ ဦးခွန်သာမြင့်၊ ဦးကျော်ဆန်း၊ ဦးခင်မောင်၊ ဦးကျော်သူရကိုကို၊ ဦးဇော်မင်းဦး စတဲ့ လူကြီးတွေ ပေးချေသင့်ပါတယ်။

လူထုပရိသတ်ကတစ်ခဲနက်ကြိုဆိုတာကိုကြည်နူးပြီး ဒီလိုမျိုးကိစ္စလေးကို လျစ်လျူရှုမိရင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပျော့ကွက်ဟာကွက်ဖြစ်သွားမှာစိုးရိမ်မိပါတယ်။ ပြည်သူလူထုကို ဥပဒေစိုးမိုးရေး တရားတွေ ဟောနေပြီး ကိုယ်တိုင်ကျတော့ ဥပဒေကို ချိုးဖောက်ဖျက်နေတဲ့ ဒီမိုကရေစီ ဘွားတော်ကြီးရဲ့ လုပ်ရပ်ကတော့ အပြောနဲ့ အလုပ်မညီပါဘူး။

စိတ်ဓာတ်လုံခြုံမှုရှိဖို့ ပြောသွားတဲ့ အမေစု ကိုယ်တိုင် ဒီလိုသာ အသေးအဖွဲစည်းကမ်းတွေကို မလိုက်နာလို့ သူ့ကို ထောက်ခံပါတယ်ဆိုတဲ့သူ၊ သူ့ကို မမြင်ဘူးလို့ လိုက်ကြည့်ကြတဲ့သူတွေပါ စည်းကမ်းမလိုက်နာကြဘူးဆိုရင် မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူတွေသာ ဖြစ်ပါတယ်။ ဒီလိုသာဆိုရင် စိတ်ဓာတ်လုံခြုံမှုအပြင် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုပါ မရှိနိုင်ဘူးဆိုတာ သတိပြုသင့်ပါတယ်။

မန္တလေးအောင်ပင်လည်မှာ ဥပဒေစိုးမိုးဖို့နဲ့ စည်းကမ်းရှိဖို့ လိုအပ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်သာမက ဦးတင်ဦး က ပါ ပါးစပ်က လူကြားကောင်းအောင်ပြောခဲ့ပါတယ်။ ကိုင်တိုင်တော့ ဥပဒေကို မထီမဲ့မြင် ပြုခဲ့ပါတယ်။

ဥပဒေရေးရာ ကျွမ်းကျင်သူ ရှေ့နေတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ရပ်က အစိုးရကိုသာ အတိုက်အခံလုပ်ရုံသာမကပဲ ဝန်ထမ်းပြည်သူအားလုံးကို မထီမဲ့မြင် လုပ်ခြင်းဖြစ်ကြောင်းနဲ့ ယင်းအပြုအမူအတွက် လုံးဝ ရှုံ့ချကြောင်း အခုလိုပြောကြားခဲ့ပါတယ်...

"ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ ရှုံ့ချပါတယ်... ဗိုလ်ချုပ်အောင်ဆန်းသမီး ဆိုပြီး အရင်ကတော့ လေးစားခဲ့ပါတယ်... ဗိုလ်ချုပ်က ဘယ်ဝန်ထမ်းကိုမှ မထီမဲ့မြင်မပြုခဲ့ဘူး...စည်းကမ်းရှိဖို့ နဲ့ ဥပဒေ ချိုးဖောက်တာကို ဒီမိုကရေစီလို့ မခံယူဖို့ အမြဲ ဆုံးမတယ်.. အခု ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့မှာ စည်းကမ်းမလိုက်နာသူတွေကိုလည်း ဘာမှမပြောဘူး.. သူကိုယ်တိုင်ကလည်း စည်းကမ်းမလိုက်နာဘူး... ဒီလိုလူမျိုးက ခေါင်းဆောင်မဖြစ်ထိုက်ဘူး... အမေရိကန် အစိုးရရဲ့ မြန်မာ ဝန်ထမ်းတွေဖြစ်တဲ့ VOA ကလူတွေ၊ ဗြိတိလျှ အစိုးရရဲ့ မြန်မာ ဝန်ထမ်းတွေဖြစ်တဲ့ BBC က လူတွေကို ကိုတော့ လေးလေးစားစား ဆက်ဆံတယ်... မြန်မာနိုင်ငံထဲက မြန်မာဝန်ထမ်းတွေကိုတော့ ပေါက်လုပ်ပဲစားတွေလို့ ထင်နေတယ်.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ဖြစ်နေတဲ့ သဘောထားကို ပြည်သူ့ဝန်ထမ်းအားလုံးရဲ့ကိုယ်စား လုံးဝ ရှုံ့ချပါတယ်..." လို့ ပြောခဲ့ပါတယ်။
လူတွေနောက်က တအုံးအုံးလိုက်နေတာကိုနှစ်သက် သဘောကျပြီး ငါလုပ်သမျှအမှန်တွေ၊ အကောင်းတွေ ဒီမိုကရေစီ နည်းလမ်းကျတယ်လို့တွေးထင်နေရင်တော့``ယာဉ်ဖြတ်သန်းခ မပေးတာ ဒီမိုကရေစီလား´´လို့မေးလိုက် ချင်ပါတယ်။
လက်တလောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားလို ဦးအောင်ဆန်းဦးရဲ့ တိုင်ကြားထားတဲ့ အမှုအပြင် ဦးမင်းဆွေ ကို စွပ်စွဲထားတဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Myanmar Express

14 comments:

ဒီ ဘွားတော် နတ်ကတော် အဖွားကြီးကို ဘယ်သူမှ မလုပ်နိုင်တော့ဘူလား။
ငါတို့ ဒင်ကို အခြေအနေစောင့်ကြည့် နေ တာကို ဒင်းက အဟုတ် မှတ် နေတာလား။
အဘွားကြီး ခင်ဗျားး အလွန်ဆုံး အသက် ရှည် ရင် ၁နှစ်နဲ့ ၃လ ပေါ့။။
ခင်ဗျာကို အရိုးအသားတစ်ခြားစီဖြစ် အောင် ကျုပ်လုပ်ပြမယ်။။။။။။။။။။။။။။

ကြိတ်မှာလေ... စောင့်ကြည့်ထား ဒီအဘွားကြီး နောက်ထပ် ဘယ်လောက်နေနိုင်မလဲဆိုတာ.. ဖြုတ်ပြမယ်

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ ရှုံ့ချပါတယ်... ဗိုလ်ချုပ်အောင်ဆန်းသမီး ဆိုပြီး အရင်ကတော့ လေးစားခဲ့ပါတယ်... ဗိုလ်ချုပ်က ဘယ်ဝန်ထမ်းကိုမှ မထီမဲ့မြင်မပြုခဲ့ဘူး...စည်းကမ်းရှိဖို့ နဲ့ ဥပဒေ ချိုးဖောက်တာကို ဒီမိုကရေစီလို့ မခံယူဖို့ အမြဲ ဆုံးမတယ်.. အခု ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့မှာ စည်းကမ်းမလိုက်နာသူတွေကိုလည်း ဘာမှမပြောဘူး.. သူကိုယ်တိုင်ကလည်း စည်းကမ်းမလိုက်နာဘူး... ဒီလိုလူမျိုးက ခေါင်းဆောင်မဖြစ်ထိုက်ဘူး... အမေရိကန် အစိုးရရဲ့ မြန်မာ ဝန်ထမ်းတွေဖြစ်တဲ့ VOA ကလူတွေ၊ ဗြိတိလျှ အစိုးရရဲ့ မြန်မာ ဝန်ထမ်းတွေဖြစ်တဲ့ BBC က လူတွေကို ကိုတော့ လေးလေးစားစား ဆက်ဆံတယ်... မြန်မာနိုင်ငံထဲက မြန်မာဝန်ထမ်းတွေကိုတော့ ပေါက်လုပ်ပဲစားတွေလို့ ထင်နေတယ်.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ဖြစ်နေတဲ့ သဘောထားကို ပြည်သူ့ဝန်ထမ်းအားလုံးရဲ့ကိုယ်စား လုံးဝ ရှုံ့ချပါတယ်..."

အမှန်တော့ အဲ့ဒီပိုက်ဆံလောက်နဲ့ သူတို့ မပေးနိုင်တာမဟုတ်ဘူး တမင် သက်သက် အခွင့်အရေးယူတာ ..ငါတို့က ပြည်သူတွေအတွက်လုပ်နေတာပဲ ဆိုတဲ့ အချိုးမျိုးနဲ့... တကယ်တန်းသာ တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ရပြီး ပြည်သူအတွက်လုပ်ပေးရတော့မယ်ဆိုရင် ဘယ်လောက်တောင် ဖြစ်လိုက်ကြမလဲ မသိဘူး...

ပြောမနေနဲ့...အချိန်တန်ရင် အသက်ကြီးပီး သေသွားလိမ့်မယ်.....

ဗိုလ်ချုပ်က ဘယ်ဝန်ထမ်းကိုမှ မထီမဲ့မြင်မပြုခဲ့ဘူး...စည်းကမ်းရှိဖို့ နဲ့ ဥပဒေ ချိုးဖောက်တာကို ဒီမိုကရေစီလို့ မခံယူဖို့ အမြဲ ဆုံးမတယ်..
so dar ... khin myar bal lo thi lal lox...
writer ko ask chin par tal

အပေါ်က မေးထားတဲ့ညီလေး ဝေလင်းအောင်ရေ
ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေနားထောင်ကြည့်ဟ
လမ်းပေါ်ဘိန်းထွက်ရှူတာ ဒီမိုကရေစီမဟုတ်ဘူးလို့ မင်းအဖေ ဗိုလ်ချုပ်ကိုယ်တိုင်ပြောခဲ့တယ်
ဒါလေးတောင် မင်းမသိတာ မရှက်ဘူးလား
Myanmar Express က မင်းထက်အများကြီးသိလို့ရေးနိုင်တာ
မင်းအဆင့်လောက်နဲ့ မဝေဖန်နဲ့
ဗိုလ်ချုပ်က မင်းအဖေဆိုရင် Myanmar Express က
မင်းပထွေး လောက်အဆင့်ရှိတယ်ဆိုတာလည်း မှတ်ထားဦး

ဗိုလ်ချုပ်က ဘယ်ဝန်ထမ်းကိုမှ မထီမဲ့မြင်မပြုခဲ့ဘူး...စည်းကမ်းရှိဖို့ နဲ့ ဥပဒေ ချိုးဖောက်တာကို ဒီမိုကရေစီလို့ မခံယူဖို့ အမြဲ ဆုံးမတယ်..

သူ့နောက်ကို မလိုက်ရင်သာ ရွာလူကြီးလောက်ကိုပဲ ငှက်ကြီးတောင်ဒါးနဲ့
ခေါင်းဖြတ်သတ်တာ

အဖေတူသမီးပဲ
ဒီလောက်တော့ ရှိမပေါ့ဗျာ

အဘွားကြီးကလူလိုမသိလူဝတ်ကျင့်ဝတ်တရားတွေကိုနားလည်လားလုပ်လိုက်ရင်ပရမ်းပတာကြီးပဲယာဉ်ကြောကိုပြောင်းပြန်မောင်းလဲမပြောတိုးဂိတ်ဖြတ်ခလဲမပေးချင်သူလိုချင်တဲ့ဒီမိုကရေဆိုတာသူလုပ်ချင်တာကိုလုပ်တာပြောတာစောက်သုံးကိုမကျဘူးဘာတွေလုပ်နေမှန်းကိုမသိတော့ဘူး.......

ဗိုလ်ချုပ်က ဘယ်ဝန်ထမ်းကိုမှ မထီမဲ့မြင်မပြုခဲ့ဘူး...စည်းကမ်းရှိဖို့ နဲ့ ဥပဒေ ချိုးဖောက်တာကို ဒီမိုကရေစီလို့ မခံယူဖို့ အမြဲ ဆုံးမတယ်..

သူ့နောက်ကို မလိုက်ရင်သာ ရွာလူကြီးလောက်ကိုပဲ ငှက်ကြီးတောင်ဒါးနဲ့
ခေါင်းဖြတ်သတ်တာအဖေတူသမီးပဲ
ဒီလောက်တော့ ရှိမပေါ့ဗျာ
(ံ How do U know That?) Pls Answer Me

ခင် ဗျား စိတ် ဓာတ် ကို က ပ ထွေး စိတ် ဓာတ် ပါ ဗိုလ် ချုပ် ဘယ် သူ့ ကို သူ နောက် မ လို့ လိုက် သတ် ဖူး လဲ တ ချက် လောက် ရှင်း ပြ ပါ ကျွန် တော် တို့ က ငယ် တော့ မ သိ လိုက် ဘူး ဒေါ် အောင် ဆန်း စု ကြည် ကို အ ရိုး တ ခြား အ သား တ ခြား ဘယ် တော့ များ လုပ် ပြ မှာ လဲ ယောက် ကျား စ ကား လား အ ခြောက် စ ကား လား....

့ဟဟဟဟဟ
ဟဟ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်