Subscribe to our RSS Feed

မြန်မာ အစိုးရ အတုယူသင့်သည့် ဗီယက်နမ် အစိုးရမှ လက်တလော အတိုက်အခံ ၂၂ ယောက် ထောင်ချမှု

From :voa


ဗီယက်နမ်နိုင်ငံမှာ တရားမ၀င် ဖွဲ့စည်းထားတဲ့ ဗုဒ္ဓဘာသာအဖွဲ့ အဖွဲ့ဝင် နှစ်ဆယ်ကျော်ကို ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှုနဲ့  ဗီယက်နမ်တရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဖန်ဗန်သူ (Phan Van Thu) ကို တသက်တကျွန်း ထောင်ဒဏ် ပြစ်ဒဏ်ချမှတ် လိုက်တယ်လို့ ရှေ့နေဖြစ်သူ ငုယင် ယောင်ကွေး (Nguyen Huong Que) က ပြောပါတယ်။ ဖန်ဗန်သူ (Phan Van Thu) ရဲ့ သားဖြစ်သူ အပါအ၀င် ၂၁ ယောက်ကိုလည်း ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၇ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဒီအဖွဲ့ဟာ ခရီးသွားကုမ္ပဏီတခုကို ရှေ့ကပြပြီးတော့ နောက်ကွယ်ကနေ အစိုးရဆန့်ကျင်ရေး စာတွေ ရေးသားဖော်ပြမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း တက်ကြွလှုပ်ရှားသူ ၁၄ ဦးကိုလည်း အလားတူ ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ စီရင်ခဲ့ပါတယ်။ 

 www.MyanmarExpress.net
 

2 comments:

မှန်ပါတယ်

What's the aim of the blogger who wrote this? Extremist?Go underwater with Osma Bin Aladdin.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်