From :http://singaporefeelfeel.blogspot.com/2013/02/blog-post_7797.html
www.MyanmarExpress.net
မိုးညှင်းမြို့၊ နမ့်မချီကျောက်မှော်တွင် လှုပ်ရှားလျက်ရှိသည့် ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ ၂ လက်အောက်ခံ အင်အား ၉၀ ဦး ခန့်သည် ဆဲလ်ဗင်းစတားကုမ္ပဏီနေရာမှ အနောက်ဘက်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဆုတ်ခွာသွားခဲ့ပြီး တပ်ရင်း ၅ မှ ဗိုလ်မှူးအဆင့်ရှိ လဆန် ဦးစီး အင်အား ၆၀ ဦးခန့်သည် အရပ်ဝတ်များဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဒီပါမင်းကုမ္ပဏီနေရာမှ အနောက်ဘက်သို့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ဆုတ်ခွာသွားခဲ့ကြောင်းကိုနမ့်မချီကျေးရွာသူကြီးဦးလျှန်ပေါင်ကမြန်မာ့မျိုးချစ်တပ်မ တော်အားသတင်းပေးပို့ ခဲ့သည်။
အဆိုပါသတင်းအရ မြန်မာ့မျိုးချစ်တပ်မတော်မှ နမ့်မချီကျောက်မှော်သို့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ဒီပါမင်းကုမ္ပဏီ၊ ဆဲလ်ဗင်းစတားကုမ္ပဏီဝန်းကျင် တစ်ဝိုက်သို့ လှုပ်ရှားရှင်းလင်းခဲ့ရာ ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူအဖွဲ့  ပြည်သူ့စစ် ဆက်ကြေးကောက်ခံ ပေးသူ ဦးမာအောင်အား စကားပြောစက် ၁ လုံးနဲ့အတူ ဖမ်းမိခဲ့ကြောင်းသိရှိရသည်။

1 comments:
သူ တောင်း စား ဘ ဝ က လာ တာ ဖြစ် မယ်
အ ချောင် စား ရ တာ လွယ် နေ တော့ တောင်း ဘဲ စား ချင် နေ ကြ တာ ပေါ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်