ကြားဖြတ်ရွေးကောက်ပွဲအတွက် နယ်လှည့်ကာ လိုက်လှံစည်းရုံးနေသော ဒေါ်အောင်ဆန်းစုကြည်က ပိုတော်ပြီး ပိုပြီးအရည်အချင်းရှိကြောင်းကို နယ်လှည့်ဖျော်ဖြေနေသော ပျော်တော်ဆက် အငြိမ့်မင်းသမီးတစ်ဦးက ဝန်ခံပြောကြားလိုက်ပါတယ်။ ဖက်ခွက်စား အငြိမ့်မင်းသမီးတို့ဘဝ ဟာ ပြည်သူကို မျက်နှာချိုသွေးကာ စည်းရုံးရတာတွေ၊ နေရာဒေသအလိုက် ပရိတ်သက်ကြိုက်အောင် ဝတ်ရ စားရတာတွေ လုပ်ပြီး မျက်နှာကို အတက်နိုင်ဆုံးပြုံးထားကာ လူတွေကြိုက် (အထူးသဖြင့် ယောင်္ကျားလေးတွေ ပစ်မှားချင်အောင်) အမူအယာ အမျိုးမျိုးလုပ်ပြရကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ အဲဒီ အရည်အချင်းတွေ အားလုံးရှိကြောင်း အခုလိုပြောပြပါတယ်။
"အန်တီစုက ပိုတော်ပါတယ်ရှင်... ကျွန်မတို့တောင် သူလောက် မျက်နှာချိုသွေးပြီး အမူအယာ မျိုးစုံ မလုပ်တတ်ဘူး... ပရိတ်သက် မကြိုက် ကြိုက်အောင်ဆိုပြီး... ကာလံဒေသံ လိုက်ပြီး မဝတ်စားတတ်ပါဘူး..."
လို့ ဝန်ခံပြောကြားသွားပါတယ်။

မကြာခင်ကမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လက်ရှိဥက္ကဌကို ဖယ်ရှားပြီး ပါတီဥက္ကဌနေရာကို သိမ်းပိုက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ကို မဲ မထည့် ထည့်အောင်ဆိုပြီး နယ်တကာလှည့်ပြီး ကာလံဒေသံအလိုက် ဝတ်စားကာ အငြိမ့်မင်းသမီးတစ်ယောက်လို မျက်နှာချိုသွေးနေပါတယ်။
ပြည်သူလူထုကို သနားအောင် မျက်နှာကို ညိုးငယ်ပြလိုက်၊ မရီချင်ပဲ ရီပြလိုက်နဲ့ တကယ့်ကို ပြဇတ်မင်းသမီးတစ်ဦးပမာ လုပ်ပြနေပါတယ်။ အသက်ကိုလည်း ၆၇ နှစ်ထက် ငယ်တယ်ထင်ရအောင် နေနေရပါတယ်။
"ဇတ်မင်းသမီးဆိုတာက သူတို့အသက်ကို ငယ်သထက်ငယ်တယ်ထင်ရအောင် ဖီးလိမ်းပြင်ဆင်ရတယ်ဗျ... ငိုချင်နေရင်တောင် သဏာန်လုပ် သရုပ်ပေါ်အောင် ရယ်ပြနိုင်ရတယ်... ပရိတ်သက်မကြိုက်ကြိုက်အောင်ပြောတတ်၊ ဝတ်တတ် စားတတ်ရတယ်... ကျွန်တော် ဇတ်ဆရာသတ်တမ်း အနှစ် ၃၀ ကျော်မှာ ဒေါ်အောင်ဆန်းစုကြည်လောက် တော်တဲ့ ဇတ်မင်းသမီး မတွေ့ဖူးပါဘူး..." လို့ မန္တလေးမြို့မှ နယ်လှည့် ဇတ်ဆရာတစ်ဦးကလည်း ဝန်ခံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သရုပ်ဆောင်ပုံကို အငြိမ့်မင်းသမီးတွေ၊ ဇတ်ဆရာတွေက အကောင်းမြင်ကြသော်လည်း ပရိတ်သက် အချို့ကတော့ လက်မခံကြကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လိုပဲ တခြား ပါတီခေါင်းဆောင်ပေါင်း ၄၀ ကျော်ရှိကြောင်း၊ ၎င်းတို့လည်း ဒေါ်အောင်ဆန်းစုကြည်လိုပဲ မဲလိုချင်ကြမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အိနြေ္ဒသိက္ခာရှိရှိဖြင့် အသက်အရွယ်နဲ့ လိုက်အောင် မဲဆွယ်သင့်ကြောင့် ကို
ရန်ကုန်မြို့ခံ တစ်ဦးကအခုလို ပြောပါတယ်...
"NLD မှ မဟုတ်ပါဘူး... ပါတီပေါင်း ၄၀ ကျော်ရှိနေတာပဲ... အားလုံးကလည်း မဲလိုချင်ကြမှာပါပဲ.. ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အိနြေ္ဒလုံးဝမရှိတော့ဘူး... အသက်အရွယ်နဲ့ သိက္ခာလေးတော့ နဲနဲပါးပါး ထိန်းသင့်တယ်.. အခုဟာက အတင်းကို NLD ကို မဲထည့်ဖို့ လိုက်ပြောနေတယ်လေ... NLD ကိုသာ လူတွေက ထောက်ခံပြီးသားဆိုရင် ဘာမှ အဲလိုပြောစရာအကြောင်းမရှိဘူးပေါ့ဗျာ... အမူအယာတွေ မျက်နှာချိုသွေးပြနေတာတွေကလည်း ရိုသူမရှက်မြင်သူ ရှက်ပါပဲဗျာ...." လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၁ တစ်နှစ်လုံးမှာ အဆိုတော်တွေ၊ သရုပ်ဆောင်တွေကို အိမ်ခေါ်ပြီး ဆွေးနွေးတာတွေလည်းလုပ်ခဲ့ကြောင်းသိရပါတယ်။ NLD ရုံးမှာလဲ ကာရာအိုကေ ဆိုပွဲတွေ၊ ရုပ်ရှင်ပွဲတွေ နဲ့ တခြား အနုပညာပွဲတွေကိုလည်း ဆက်တိုက် ကျင်းပလျှက် ရှိနေကြောင်းလည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံမတင်ခဲ့ယုံသာ မကာ မဲမပေးကြဖို့ပါ ပြောကြားခဲ့ဖူးပြီး။ အခုတော့ NLD ကိုပဲ မဲပေးဖို့ ရှေ့မျက်နှာနောက်ထားပြီး ပြောဆိုနေတာ ဖြစ်ပါတယ်။
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေကို ပါတီတွေ အားလုံးလုပ်ဆောင်နေလျှက်ရှိပါတယ်။ အင်အားကြီးပါတီ တစ်ခု ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦး ရဲ့ စကားနဲ့ အသက် ၆၇ နှစ်အရွယ် တကိုယ်ကောင်းဆန် အတ္တကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေက တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဒီစကားတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သိက္ခာရှိတဲ့ လူကြီးလူကောင်းဆန်တဲ့ နိုင်ငံရေးသမား တစ်ယောက် မဟုတ်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သာ အငြိမ့်မင်းသမီး ထက်တော်တာ မဟုတ်ပဲ ၈၈ ကျောင်းသားဆိုတဲ့လူတွေကလည်း လူရွှင်တော်များထက် ပိုတောင်ကြောင်းကိုလည်း လူရွှင်တော်တစ်ဦးက ဝန်ခံခဲ့ပါသေးတယ်။
လူရွှင်တော်ဆိုတာကလည်း အမှန်တော့ ပရိတ်သက်ကြိုက်အောင် လုပ်ပြရကြောင်း နဲ့ ၈၈ ကျောင်းသား မင်းကိုနိုင် က ဒီနေ့ လူရွှင်တော်တွေထက် အက ပိုကောင်းကြောင်း၊ ကိုကိုကြီး က ပိုပြီး အငိုတော်ကြောင်းနဲ့ ဇဂနာ က လျှာရိုးမရှိတိုင်း အဓိပ္ပါယ်မရှိတာတွေ ပြောဆိုရမှာ အလွန်တော်ကြောင်း အခုလို ဝန်ခံသွားပါတယ်...
"၈၈ ကျောင်းသားတွေနဲ့ အသက် ၆၇ နှစ်အရွယ် အန်တီစု သာ ပြဇတ်ထောင်လိုက်ရင် အနုပညာလောက တစ်ခုလုံး ထမင်းငတ်သွားနိုင်တယ်ဗျ... အန်တီစုကတင် အိုက်တင်လုပ်တာ ကောင်းတာ မဟုတ်ဘူး.. အသက် ၄၉ နှစ်အရွယ် မင်းကိုနိုင်တို့ကလည်း အက အလွန်ကောင်းတယ်ဗျ.... ကိုကိုကြီးကလည်း အငိုအရို အရမ်းတော်တယ်... ဇာဂနာကတော့ ဟာသ အပြောနိုင်ဆုံးပဲပေါ့ဗျာ... တစ်ခုရှိတာက... လူပျက် ပြောတာကို အဟုတ်ကြီးတော့ မထင်မိစေနဲ့ပေါ့ဗျာ... လူပျက်ဆိုတာ လူပျက်စကားပဲ ပြောတတ်တာလေ..." လို့ ဖွင့်ဟခဲ့ပါတယ်။

Myanmar Express
19 comments:
Myanmar Express။ အရမ်းလေးစားတယ်ဗျာ။
ဟားဟား
ဂွတ်တယ်
MEG ကို လေးစားတာ အဲဒါတွေကြောင့်ပဲ
NLD ပါတီက ဘုရားပွဲတွေမှာလဲမုန့်ဟင်းခါးလိုက်ရောင်းတာဘဲနော်...အံ့ရော ဘယ်ပါတီမှအဲလိုလုပ်တာမတွေ့ဘူးပေါင်...နောက် အဲဒီမုန့်ဟင်းခါးလက်မှတ်တွေကိုလဲ ရပ်ကွက်တွေထဲအတင်းလိုက်ထိုးရောင်း..တစ်စောင် ၅၀၀ နဲ့..ရပ်ကွက်ထဲကလူတွေခမျာ မ၀ယ်ချင်လဲဝယ်ရ..၀ယ်ချင်လဲဝယ်ရပေါ့...
ပြီးလက်မှတ်ဝယ်ပြီးသားမို့ သူတို့စီသွားထုတ်တော့ လူတွေများနေတာကိုဘဲ သူတို့ပါတီကိုအားပေးတဲ့လူတွေလိုလိုဘာလိုလိုနဲ့...အလုပ်မရှိ အကိုင်မရှိ အရက်သမား ဖဲသမားတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီ
ဟားဟားဟား... Bravo MEG ရေ... တကယ့်ကို ရေရေလည်လည် လန်ထွက်နေတာပဲဗျာ.. အဲဒီဟာမကြီးနဲ့ သူ့နောက်မြီးဆွဲတသိုက်အကြောင်းကတော့ မမြင်ချင်မကြားချင်မှ အဆုံးပဲဗျို့... အလကား ဟုတ်တာလဲ မဟုတ်ဘူး... မသိရင် တတိုင်းတပြည်လုံးကပဲ သူ့ကို ရိုသေလေးစား ရိုကျိုးနေသလိုလို ဘာလိုလိုနဲ့.. တကယ်က ဘာမှမဟုတ်ဘူး... မမြင်ဖူးတဲ့လူနဲ့ မကြားဖူးတဲ့လူနဲ့မို့ အထူးအဆန်း ဝိုင်းအုံလာတာကို ဟုတ်လှပြီထင်နေတယ်ဗျာ... ဟဟဟ.. ကျုပ်တို့ မြန်မာလူမျိုးတွေ စူးစမ်းချင်စိတ်ပြင်းပြတဲ့အကြောင်းကို မသိထားရင် အဟုတ်ကြီးထင်နေရော့မယ်.. အော့ကြောလန်မကြီးပါဗျာ... ရွံလွန်းလို့... ထွီ !!!!!
နိုင်ငံတော်အနေနဲ့ စည်းလုံးညီညွတ်ရေးလမ်းစဉ်ကို သွားနေတာပါ။ ဘာဖြစ်လို့ ရင့်သီးမိုက်ရိုင်းတဲ့ စာလုံးတွေ သုံးပြီး တိုက်ခိုက်နေရတာလဲ။ လူလူချင်း မကျေနပ်စရာ ရှိရင်လည်း ဒေါ်စုကို လူကိုယ်တိုင် သွားချဲလိုက်ပေါ့။ လူမမြင်သူမမြင် အွန်လိုင်းပေါ်က ဒါတွေ ထိုင်ရေးနေတာတော့ ဘယ်လိုမှ ကြည့်မကောင်းပါဘူး။
Comment should not be empty
ဘယ်သူပဲဘယ်လိုမဲဆွယ်ဆွယ် လက်ရှိဘယ်သူတွေဘာပဲလုပ်လုပ် နိုင်ငံအတွက် လူထုအတွက် ကောင်းစေနိုင်တဲ့သူဆိုရင် ပဲ့ပိုးကြမှာပါ။ အတိုက်အခံရှိတဲ့အတွက် လက်ရှိအစိုးရက ပိုပြီးကြိုးပမ်းလေလေ လူထုအတွက်ကောင်းလေလေဘဲ။ မိမိကိုယ်တိုင်ရော လူထုအကျိုးအတွက်ဘာလုပ်ဖူးသလဲမေးကြည့်တွေးကြည့်ပြီး အတတ်နိုင်ဆုံးအမှန်ကိုမြင်ဖို့လိုပါတယ်။
ပျော်တော်ဆက်အငြိမ်.မင်းသမီးက အမေစုနဲ.နှိုင်းရအောင်............တယ်...ငါပြောလိုက်ရင်မကောင်းဖြစ်တော.မယ် ...
kill all! Game Over!
အောက်က ဇာဂနာ့ပုံကြည့်ပြီး
ဝါးလုံးကွဲကို ရယ်ပစ်လိုက်တယ်ကွာ
ဟားဟားဟားဟား
"NLD မှ မဟုတ်ပါဘူး... ပါတီပေါင်း ၄၀ ကျော်ရှိနေတာပဲ... အားလုံးကလည်း မဲလိုချင်ကြမှာပါပဲ.. ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အိနြေ္ဒလုံးဝမရှိတော့ဘူး... အသက်အရွယ်နဲ့ သိက္ခာလေးတော့ နဲနဲပါးပါး ထိန်းသင့်တယ်.. "
"ဒေါ်အောင်ဆန်းစုကြည်က သိက္ခာရှိတဲ့ လူကြီးလူကောင်းဆန်တဲ့ နိုင်ငံရေးသမား တစ်ယောက် မဟုတ်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်"
အဲဒါတွေက မှန်ပါတယ်
လူတွေက မမြင်နိုင်ဘူး
အရွယ်ကြီးနဲ့မလိုက် ညု နေတာလည်း အမှန်ဘဲ
ကိုယ့်ဘက်က မဖြစ်အောင်ဘဲ ကြိုးစားကြပါ
ယောင်္ကျားတွေက သူ အသက် ၄၀ကျော် မြန်မာပြည်ပြန်လာ
ညုပြ နေကတည်းက ပစ်မှားနေခဲ့ပြီးတာ ကြာပါပြီ
ကျွန်မ ချစ်သူဆို တသက်လုံးပြုစုပျိုးထောင်လာတဲ့ ကျေးဇူးရှင် မွေးမိခင်ထက်တောင်မှ
ဘယ်ကပေါ်လာမှန်းမသိတဲ့ လူဖြူတစ်ယောက်ရဲ့ မိန်းမကို
သူ့မိခင်ထက် ချစ်ပါတယ်ဆိုတယ်
ကျွန်မလည်း အဲဒီထဲက သူ့ကို ထားခဲ့ပါတော့တယ်
Be educated! Myanmar ?Burma is now ruined totally because of you guys!
ပြန်တွေးကြည့်တော့..အမေစုဆိုတဲ့သူက...တိုင်းပြည်အတွက်..လက်ဆုပ်လက်ကိုင်ပြနိုင်လောက်အောင်...ဘာတွေများလုပ်ခဲ့လဲဆိုတာ...တော်တော်ကိုသိချင်တာဗျ...ကျွန်တော်တော့မသိဘူးဗျ
အရေးအခင်းတွေ၊ဆူပူမှုတွေ၊စီးပွားရေးပိတ်ဆို့မှုတွေ၊မျိုးဆက်သစ်ကျောင်းသားတွေ တောထဲမှာအချင်းချင်းသတ်ဖြစ်မှုတွေ၊ပြည်သူတွေစိတ်ဝမ်းကွဲမှုတွေ၊ဈေးရောင်းပွဲတော်တွေ၊ဓာတ်ပုံမောင်ဒန်၊ကွက်စိပ်ဟောဆရာမ၊ကျွေးမွေးပွဲတွေ၊ကပွဲခုန်ပွဲတွေ၊မြန်မာ့ရိုးရာမုန့်ဟင်းခါးရောင်းပွဲတွေ၊ဗိုလ်ချူပ်အောင်ဆန်း အားကိုးနဲ့ဂန်ကျယ်မှုတွေလုပ်ခဲ့ပါတယ်ဗျာ။အပြစ်မတင်ကျပါနဲ့။အကြံကုန် တော့ အန်တီလဲမုန့်ဟင်းခါးချက်နေတာထင်ပါ့။
အန်တီစုက၀တ်စုံအမျိုးမျိုးဝတ်ပြီးတော်နေတယ်ဆိုရင် ဗိုလ်ချုပ်ခင်ညွှန့် က ပိုတော်မယ်ထင်တယ်နော်.. ၀င်တောင်ကလိုက်သေးတယ်..
ဒေါ်စုက အသက် ၄၀ ကျော်မှ ဘ၀စတာလေ။ အခုမှ
ကလေးဘဲရှိသေးတယ်။ မယုံရင် ၁၉၈၈ ရှေ့ပိုင်းကို
ပြန်ကြည့်။ သူ့အကြောင်း ရေးထားတာ၊ ပြောထားတာ
ဘာမျှမရှိ။ ဟုတ်တယ်။ ဒေါ်စုက ၁၉၈၈ သြဂုတ်လကုန်
လောက်မှ လူ့လောကထဲရောက်လာတာ။ ဒါကြောင့်
ကလေးတစ်ယောက်လိုသဘောထားပြီး ခွင့်လွှတ်လိုက်
ကြပါ။ ရွာအေးတာပေါ့။
ထင်ပေါ်ကျော်ကြားတာကိုနှစ်သက်သူမှန်သမျှ ဒီလိုချည့်
ပါဘဲ။
ဇာကနာက လူပျက်ဆိုတဲ့အတိုင်း တော်တော်ရီစရာပြောတာဘဲ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်