Subscribe to our RSS Feed

တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် လက်တွဲမည့်အစီအစဉ်များ နေပြည်တော် လေးလပတ် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိ



မြန်မာ့တပ်မတော်၏ လေးလပတ်အစည်းအဝေးကို နေပြည်တော်တွင် ပြီးခဲ့သည့်တနင်္လာနေ့က စတင် ကျင်းပလျက်ရှိကြောင်းသိရသည်။ ယင်းအစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်ခေါင်းဆောင်များနှင့် တိုင်းမှူး၊ တပ်မမှူးများအားလုံး တက်ရောက်နေကြသည်။

အစည်းအဝေးတက်ရောက်နေကြသည့် စစ်ဘက်ဆိုင်ရာအသိုင်း
အ၀ိုင်းမှ ပြောကြားချက်များအရ ယခုလေးလပတ်အစည်းအဝေးတွင် NLD ပါတီ ဥက္ကဌ၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ လက်တွဲကာ  ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်ကို ထည့်သွင်း ဆွေးနွေး ဆုံးဖြတ်မည်ဟုသိရသည်။


ပြီးခဲ့သည့် အမေရိကန်နိုင်ငံ ဟာဝိုင်ရီခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်ကို နှစ်သက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ယနေ့ ကိုရီးယားတွင်လည်း တပ်မတော်နှင့်လက်တွဲမည့်အကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလက လည်း တပ်မတော်မပါပဲ နိုင်ငံတည်ဆောက်လို့ မရကြောင်း လူထုအား အမြဲလိုလိုပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ တပ်မတော်အပေါ်ထားရှိသော သဘောထားကို မကြာခဏ ထုတ်ဖော်ပြောကြားလျှက်ရှိသော်လည်း တပ်မတော်ခေါင်းဆောင်ပိုင်းများမှ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိသော သဘောထားကို တကြိမ်တခါမှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သဖြင့် လူထုမှ အထူးစိတ်ဝင်စားလျှက်ရှိသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ လက်ရှိ စစ်ခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် လက်တွဲရန် ဆန္ဒရှိဟန် ရှိကြောင်း သိရသည်။

ယခုလေးလပတ်အစည်းအဝေးတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် KIA ကို ဆက်လက်ကိုင်တွယ်ရေးကို အဓိက ထား ဆွေးမည်ဟု ခန့်မှန်းရပြီး ဆက်လက်၍ တည်ငြိမ်အေးချမ်းရေး ဥက္ကဌနှင့် လက်တွဲလုပ်ဆောင်ရေးကို ဆွေးနွေးဖွယ်ရှိကြောင်း သတင်းရရှိသည်။

. www.MyanmarExpress.net

 

15 comments:

ကောင်းပါတယ်ဗျာ မင်္ဂံလာသတင်းပါ
ဘယ်နိုင်ငံရေးပါတီမဆိုတပ်မတော်နဲ့ 
လက်တွဲပြီးနိုင်အကျိုးသယ်ပိုးသင့်ပါတယ်
ဒီမိုကရေစီရင့်ကျက်လာလေတပ်မတော်သား
တွေကပိုချစ်စရာကောင်းလေဖြစ်လာမှာပါ
စစ်အာဏာရှင်တွေကြောင့်တော့သူတို့ ကို
အသလွတ်မမုန်းသင့်ပါဘူး
နိုင်ငံတာဝန်ထမ်းတာချင်းတူရင်နောင်မှ
သူတို့ ကအသက်နဲ့ ရင်းပြီးလုပ်နေကြရတာ
သူတို့ ချစ်ရင်သူတို့ ကလဲပြည်သူကိုပြန်ချစ်
လာမှာပါ
မေတ္တာဆိုတာရောင်ပြန်ဟပ်ပါတယ်

ဝမ်း သာ သ ဗျာ

Army is only for the Union and people.

ပြည်သူအကျိုး တိုင်းပြည်အကျိုး

ရှေတန်းတင်ထားတဲ့အတွက်

ဦးတည်ရည်ရွယ်ရာ တူညီနေတာဘဲ

အလွန်ကောင်းတဲ့အလားအလာပါ။

ကိုယ် ပိုင် ပြ ဌာန်း ခွင့် ကိုယ် ပိုင် တပ် မ ဖြစ် ဘို့ အ ရေး ကြိး တယ်

တိုင်း ပြည် တ ခု မှာ နိုင် ငံတော် မှပြ ဌာန်း ထား တဲ့ ဥ ပ ဆဒ တ ခု


နိုင် ငံပိုင် ပြည် သူ့ တပ် မ တော် တ ခု ရယ် ဘဲ ရှိ ရ မယ်


တိုင်း ရင်း သား တွေ စု စု စည်း စည်း တိုင် မင် ပြိး ဖြစ် အောင် လုပ် ကြ ပါ ဒါ မှ တိုင်ုးပည် ကြီး အေး ချမ်း သာ ယာ မှာ ပါ

ကုလားမနဲ့ လက်မတွဲ သင့်ပါ ကုလားမက ခေါင်းခေါက်လိမ့်မည်

မြန်မာတွေညီညွတ်ကြဖို့ အချိန်တန်ပါပြီ အချင်းချင်း မညီညွတ်ရင် တိုင်းတပါးသားတွေပဲ အမြတ်ထုတ်ကြမှာ မန္တလေးကိုပဲကြည့် မြို့ထဲ မြန်မာအိမ် လိုက်ရှာဖို့ ခက်ခဲသွားပြီ မြန်မာနိုငံ အနောက်ဘက်မှာ ဘယ်သူတွေရောက်လာကြသလဲ ဒါတွေဟာပြင်လို့ရတဲ့ အရာတွေလို့ ယူဆကြပါသလား(မညီညွတ်ခြင်းရဲ့ အကျိုးရလတ်ကို ထောက်ပြခြင်းသာ)့

အရမ်းမှန်ပါသည်။မြန်မာတွေညီညွတ်ကြဖို့အချိန်ရောက် ပါပြီ။ ဒို့တွေမညီလို့တရုတ်တို့၊ထိုင်းတို့ကပိုကြိုက်လေပါ။ မြန်မာတွေ သတိဝင်ဖို့အချိန်ရောက်ပါပြီး။

especially for your mother,ham

Since day one...this is only One good news in this site..!

စိတ်ရင်းစေတနာနဲ့ လက်တွဲ လာတာဆိုရင်တော့ တပ်မတော် က ကြိုဆိုတာ အကောင်းဆုံးပါဘဲ။ ဒေါ်စုကြည် က အပြော တင် မက ဘဲ လက်တွေ့ ပြသင့်ပါတယ်။

Did you know, what is the root case of problem. CERNICOLONE

Did you know ? We myanmar national, travelling around the world,my question is whitch image appeared after scanning your passport.

သိတိထားဖို့တော့လိုမယ်
စည်းလုံးရေးကို မကျင့်သုံးဘဲသွေးခွဲမယ်ဆိုတာ သိထားသင့်တယ်
မိန်းမဖျက်လို့ပြည်ပျက်တယ်ဆိုတာ ကို သတိထားရမယ်

တပ်မတော်သားတွေက ပြည်သူကိုယခင်ကရော ယခုပါ မုန်းတယ်ဆိုတာ မရှိပါဘူး၊ သူတို့ကိုပေးလာတဲ့ တာဝန်ကိုသူတို့ ထမ်းဆောင်နေရတာပါ။ ငါတို့သည်အထက်မှပေးအပ်သော အမိန့်နှင့် တာဝန်များကို ကျေပြွန် ထမ်းဆောင်ပါမည် လို့ ကတိပြုထားရတဲ့သူတွေပါ။နောက်ပြီး ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏လို့ သစ္စာဆိုထားရတဲ့သူတွေ ဖြစ်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်