Subscribe to our RSS Feed

အီရန် နိုင်ငံသည် လာမည့် ၄ လမှ ၆ လတာ ကာလအတွင်း နျူကလီးယားဗုံး ထုတ်လုပ်နိုင်ဖွယ် ရှိသည် ဟုဆို

From :မြဝတီ

အီရန် နိုင်ငံသည် လာမည့် ၄ လမှ ၆ လတာ ကာလအတွင်း နျူကလီးယားဗုံး ထုတ်လုပ်နိုင်ဖွယ် ရှိကြောင်း အစ္စရေး ထောက်လှမ်းရေး အကြီးအကဲဟောင်း Amos Yadlin က ပြောကြား ခဲ့သည်ဟု ဖေဖော်ဝါရီလ ၅ ရက်နေ Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။

အီရန်နိုင်ငံ အနေဖြင့် နျူကလီးယားဗုံး ထုတ်လုပ်ရန် လိုအပ်သော ဆက်စပ် အစိတ်အပိုင်းများ ပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်းနှင့် နျူကလီးယားဗုံး ထုတ်လုပ်ရန် ဆုံးဖြတ်လိုက်မည် ဆိုပါက ၄ လမှ ၆ လတာ ကာလအတွင်း အပြီးသတ် ထုတ်လုပ် နိုင်ကြောင်း Yadlin က ပြောကြား ခဲ့ပါသည်။

Yadlin ဦးဆောင်သော အမျိုးသား လုံခြုံရေး ဆိုင်ရာ လေ့လာရေး ဌာနက မဟာဗျူဟာ အမြင်နှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၄ ရက် နေ့တွင်
ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ ထိုသို့ ပြောကြားခဲ့ခြင်း
ဖြစ်ပါသည်။

အီရန် နိုင်ငံသည် ယခုနှစ် နွေရာသီတွင် အစ္စရေး နိုင်ငံက လက်ခံနိုင်သည့် သတ်မှတ် အဆင့်ကို ကျော်လွန် သွားနိုင်ဖွယ် ရှိကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ကလည်း ပြောကြားခဲ့ ပါသည်။

အစ္စရေး နိုင်ငံသည် အီရန် နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် အတွက် လိုအပ်ပါက စစ်ရေး အင်အားကို အသုံးပြု သွားမည်ဟု ထပ်တလဲလဲ ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။



 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်