Subscribe to our RSS Feed

တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာ ရခဲ့သော တပ်မတော်သားများအား တပ်မတော်ခေါင်းဆောင်ကြီးများမှ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်

From : မြဝတီ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံ၌ ဆေးရုံ တက်ရောက် ကုသလျက် ရှိသော အရာရှိ၊ စစ်သည်များအား ရဲဝံ့စွာ တာဝန် ထမ်းဆောင် ခဲ့မှုများ အတွက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိခိုက် ဒဏ်ရာနှင့် အရိုး ကုသဆောင်၌ ဆေးရုံ တက်ရောက် ကုသလျက် ရှိသော လူနာ တစ်ဦး၏ ကျန်းမာရေး အခြေအနေအား မေးမြန်း နေစဉ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိခိုက် ဒဏ်ရာနှင့် အရိုး ကုသဆောင်၌ ဆေးရုံ တက်ရောက် ကုသလျက် ရှိသော လူနာ တစ်ဦး၏ ကျန်းမာရေး အခြေအနေအား မေးမြန်း နေစဉ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိ ကြီးများနှင့် တိုင်းမှူး၊ တပ်မမှူးများ လိုက်ပါလျက် ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံ၌ တက်ရောက် ကုသလျက် ရှိသော အရာရှိ၊ စစ်သည် များအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ရဲဝံ့စွာ တာဝန် ထမ်းဆောင် ခဲ့မှုများ အတွက် ချီးကျူး အားပေးစကား ပြောကြားကာ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရန် အတွက် တာဝန်ရှိသူ များအား လမ်းညွှန် မှာကြားသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိခိုက် ဒဏ်ရာနှင့် အရိုး ကုသဆောင်သို့ ရောက်ရှိပြီး ဆေးရုံတက်ရောက် ကုသလျက် ရှိသော အရာရှိ၊ စစ်သည် များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက် မေးမြန်းပြီး ချီးကျူး အားပေးစကား ပြောကြားကာ ဂုဏ်ပြု ချီးမြှင့်ငွေနှင့် စားသောက် ဖွယ်ရာများကို ပေးအပ်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခွဲစိတ်ပြီးစ လူနာ အထူးကြပ်မတ် ကုသဆောင်သို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသလျက် ရှိသော အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက် မေးမြန်းပြီး ချီးကျူး အားပေးစကား ပြောကြားကာ ဂုဏ်ပြု ချီးမြှင့်ငွေနှင့် စားသောက်ဖွယ် ရာများကို ပေးအပ်သည်။

ထို့အတူ အဖွဲ့ဝင်များ အဖြစ် လိုက်ပါ လာကြသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ကာ ကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့် တိုင်းမှူး၊ တပ်မမှူး များက ဆေးရုံ တက်ရောက် ကုသလျက် ရှိသော အရာရှိ၊ စစ်သည်များအား ဂုဏ်ပြု ချီးမြှင့်ငွေ နှင့် စားသောက်ဖွယ်ရာ များကို အသီးသီး ပေးအပ် ခဲ့ကြကြောင်း သတင်း ရရှိသည်။


. www.MyanmarExpress.net
 

5 comments:

ဗ ဟို ဘဏ် နှ့င့်  နောက် မှ ဖွင့် သော ဘဏ် များ မှ ယ ခင် စ နှစ် မ ပြောက် သေး ဘဲ မ နာ လို မူ ပုံ စံ ဖြင့်

ပုက္က လိ က ဘဏ် များ အား လူးံ လွှဲ ထား သော ငွေ အိမ် လိုက် သိမ်း သော ဝန် ဆောင် မူ ကို ဗ ဟို ဘဏ် မှ ပိတ် ပင် ပစ် လိုက် ပါ သည် ယ ခင် အ ကျင့် စ ရိုက် မ ပျောက် သေး ပါ

အား လုးံ ပြည့် စုံ အောင် ပေး ပါ စစ် သား တွေ အ တွက် အာ စီ ယံ စံ ချိန် လ စာ ပေး ပါ ခံစား ခွင့် အပြည့် အဝ ပေး ပါ


ငါ အ ရပ် သား ပါ ကိုယ် ချင်း စာ မိ တယ် လစာ တစ် သိန်း နဲ့ စစ် မူ့ ထမ်း ကြ မ လား ၈၈ ကောင် တွေ နိုင် ငံ ရေး လုပ် စား တဲ့ ကောင် တွေ ရေ

Who has responsibility?Wars need to attack?We've? lost hands,legs and lives!Impossible to regain!Are we not from the same union?Its for show only?Later we r in great difficulties?We r now handicaps.Forgive my mother!

ဒဏ် ရာရတပ်မ တော်သားများကိုတစ်နိုင် ငံလုံးက စောင့်ရှောက်
သင့်ပါတယ်

တပ်မတော်သားတွေအတွက် ခံစားခွင့်တွေ နည်းနေသေးတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်