From : http://amayeainn.blogspot.com/2013/02/blog-post_9814.html
၂၀၁၂ ခုနှစ် တစ်နှစ်တာအတွင်း နိုင်ငံကူးလက်မှတ် အရေ
အတွက် နှစ်သိန်းကျော် ထုတ်ပေးခဲ့ရာတွင် နိုင်ငံကူးလက်မှတ်
လျှောက်ထားသူ အမျိုးသမီး အရေအတွက် တစ်သိန်းနီးပါးအား နိုင်ငံကူး
လက်မှတ် ထုတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့၏ အချက်အလက်များအရ သိရှိရသည်။
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ
မြန်မာနိုင်ငံကူး လက်မှတ် အရေအတွက် စုစုပေါင်း ၂၁၄၄၆၅ ထုတ်ပေးခဲ့ကြောင်း ယင်းသို့ထုတ်ပေးရာတွင် အမျိုးသားများ
အတွက် မြန်မာနိုင်ငံကူး လက်မှတ် ၁၁၅၉၁၉ အုပ် ထုတ်ပေးခဲ့ပြီး အမျိုးသမီးများ အတွက် မြန်မာနိုင်ငံကူး လက်မှတ် ၉၈၅၄၆ အုပ် ထုတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရာတွင် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန် မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားသူများအား တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေး
ခဲ့ကြောင်း နှင့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အလုပ်သမား နိုင်ငံကူးလက်မှတ် သက်တမ်းအား ယခင် ၃ နှစ်မှ ၄ နှစ်သတ်မှတ် ထုတ်ပေးခြင်း၊ သင်္ဘောသား နိုင်ငံကူး လက်မှတ် သက်တမ်းတိုး လျှောက်ထားမှုများအား ယခင် ၁ လမှ နှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသစ် နိုင်ငံကူး လက်မှတ်များအား သာမန်နိုင်ငံကူး လက်မှတ် လျှောက်ထားသူများ ကဲ့သို့ ၂၁ ရက်ဖြင့် ထုတ်ပေးခြင်း စသည့် ဖြေလျှော့မှုများ ပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် ဒုတိယနှစ်
အောင်မြင်ပြီးသူမှ စ၍ သက်ဆိုင်ရာ ဘာသာရပ် အလိုက် ပညာရေး ကင်းရှင်းကြောင်း၊ အငြိမ်းစား/ပင်စင်စား ၀န်ထမ်းများ အနေဖြင့် မိမိတို့၏ ပင်စင်လစာ (သို့မဟုတ်) အငြိမ်းစား စာအုပ်တင်ပြခြင်း၊ အရေးပေါ် သွားရောက်ရန် လိုအပ်သူများ အနေဖြင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ ပူးတွဲတင်ပြခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် ယခင်က ရန်ကုန်ရှိ
မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးတွင်သာ တစ်နိုင်ငံလုံးမှ လာရောက် လျှောက်ထားရသော်လည်း ယခုအခါတွင် မန္တလေးတိုင်း ဒေသကြီးရှိ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးခွဲတွင်လည်း လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကူး လက်မှတ် အမျိုးအစား ၇ မျိုးကို ယခင်သက်တမ်း သုံးနှစ်သာ ပေးရာမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်လျှောက်ထားသူများအား သက်တမ်း ငါးနှစ်အထိ တိုးမြှင့်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှ သင်္ဘောသား၊ အလုပ်၊ စီးပွားရေး၊ ကျောင်းသား၊ ဘာသာရေး၊ အလည်၊ မှီခို စသည့် နိုင်ငံကူး လက်မှတ် အမျိုးအစား ခုနစ်မျိုး ထုတ်ပေးကြောင်း မြန်မာနိုင်ငံကူး
လက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်) မှ သိရှိရသည်။
နိုင်ငံကူးလက်မှတ် သက်တမ်းကို ငါးနှစ် တိုးမြှင့်ပေးသော်လည်း
နိုင်ငံကူးလက်မှတ် လုပ်ထုံးလုပ်နည်းများ ပြောင်းလဲခြင်း၊ ငွေကြေး
ပေးသွင်းမှုများ ပြောင်းလဲခြင်းများ မရှိဘဲ ယခင်နှုန်း အတိုင်းသာ ကျသင့်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။
၂၀၁၂ ခုနှစ် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုစာရင်း
စဉ် လအမည် ကျား မ
စုစုပေါင်း
၁။ ဇန်န၀ါရီ ၈၄၈၆ ၈၃၁၁ ၁၆၇၉၇
၂။ ဖေဖော်ဝါရီ ၉၅၀၄ ၉၁၅၅ ၁၈၆၅၉
၃။ မတ် ၁၀၃၁၄ ၁၀၇၄၆ ၂၁၀၆၀
၎။ ဧပြီ ၆၆၄၁ ၆၄၇၉ ၁၃၁၂၀
၅။ မေ ၁၀၀၉၈ ၈၃၃၁ ၁၈၄၂၉
၆။ ဇွန် ၁၀၀၀၅ ၈၅၅၅ ၁၈၅၆၀
၇။ ဇူလိုင် ၉၇၃၁ ၇၂၉၃ ၁၇၀၂၄
၈။ သြဂုတ် ၁၀၁၆၅ ၆၆၄၆ ၁၆၈၁၁
၉။ စက်တင်ဘာ ၁၀၂၆၉ ၇၃၁၆ ၁၇၅၈၅
၁၀။ အောက်တိုဘာ ၁၀၄၉၀ ၈၆၅၉ ၁၉၁၄၉
၁၁။ နိုဝင်ဘာ ၉၈၆၀ ၈၆၂၇ ၁၈၄၈၇
၁၂။ ဒီဇင်ဘာ ၁၀၃၅၆ ၈၄၂၈ ၁၈၇၈၄
စုစုပေါင်း ၁၁၅၉၁၉ ၉၈၅၄၆ ၂၁၄၄၆၅
www.MyanmarExpress.net

1 comments:
How sorrowful they are!Girls from delta,the rice bowl of our country,r now in massage,ktv n beats.No one takes care of them.Poverty!No hobby. General Aung San once said our country would be prostitutes' country.How wise!Instead,police arrested them,raped them n got free services n insulted.Who has responsibility?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်