Subscribe to our RSS Feed

တပ်မတော်နဲ့ ပါတီ် များ လွှတ်တော် တွင်းမှာ သာ မက၊ လွှတ်တော်ပြင်ပ တွင်ပါ တိုင်ပင် လုပ်ဆောင် သင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

From : rfa

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံ ပြီး နွေးနွေးထွေးထွေး တိုင်ပင်ဆောင် ရွက်ရင် တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်လို့ ဒီကနေ့ ထပ်မံပြောကြား လိုက်ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ယခု လတ်တလောမှာ သူနဲ့တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ဖြစ်နိုင်ကြောင်း သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။

တဆက်တည်းမှာပဲ လွတ်တော်အမတ်တွေ မေးမြန်းတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တိတိကျကျ ဖြေကြားခြင်းမရှိခဲ့တာနဲ့ ပတ်သက်ပြီး သူမရဲ့သဘောထားကို မေးမြန်းရာမှာတော့ ပြည်ထောင်စု လွတ်တော်နာယက ဦးခင်အောင်မြင့်က ဒီကိစ္စအတွက် တိုက်တွန်းပြောဆိုခဲ့ပြီးနောက်ပိုင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ပြန်လည်ဖြေကြားချက်တွေဟာ တိုးတက်လာကြောင်းနဲ့ လွှတ်တော်သက်တမ်း နုနယ်သေးတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ စိမ်းနေတာကြောင့် ခုလိုပေါ်ပေါက်ခဲ့တာဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်