Subscribe to our RSS Feed

လျှောက်လွှာပေါင်း ၅ သိန်း ကျော် အကုန်ကျခံ ရိုက်နှိပ်ခဲ့သော်လည်း အခုထိ ပါတီဝင် ၅ သောင်းမပြည့်သေး


ဒေါ်အော်ဆန်းစုကြည် အမြင်မှန်ရလာပြီးနောက် NLD ပါတီကို တရားဝင် မှတ်ပုံတင်ကာ ပါတီဝင် ၁၀ သိန်းစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ပါတယ်။ အကုန်အကျ မြောက်များစာ ကျခံပြီး ပါတီဝင် လျှောက်လွှာ ငါး သိန်းကျော် ရိုက်နှိပ်ခဲ့ပေမယ့် ယခု ရွေးကောက်ပွဲနီးလာချိန်ထိ ပါတီဝင် ငါးသောင်းတောင် မပြည့်သေးဘူးလို့ သိရပါတယ်။

ဒါကြောင့် NLD ရုံးချုပ်မှာ ပါတီဝင်များ အမြန်ဆုံး စည်းရုံးရန် နိုင်ငံတဝှမ်းမှ အမာခံများကို ညွန်ကြားထားကြောင်း နဲ့ အင်တာနက်ပေါ်မှာ ဝါဒဖြန့်မှုများကို ပိုမိုလုပ်ဆောင်ကြရန် ညွန်ကြားထားကြောင်း NLD နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ NLD ပါတီဝင်များက စည်းရုံးရေးလုပ်ဖို့ထက် ဈေးရောင်းဖို့ကိုပဲ အားသန်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်များမှာ ကြိုဆိုကြသူ သိန်းချီတယ်၊ သန်းချီတယ် လို့ အများအပြား ဖော်ပြခဲ့ကြပြီး အခုချိန်မှာ ငါးသောင်း ပြည့်ဖို့ မနည်း စုနေရတယ်ဆိုတော့ ရှက်စရာ ဖြစ်နေကြောင်းနဲ့ မြန်မာ့လူဦးရေး သန်း ၆၀ မှာ ၅ သောင်းရဖို့ မနည်းစုနေရခြင်းမှာ NLD အတွက် လူထုရဲ့ သဘောထားမှန် ဖြစ်ကြောင်းကို နိုင်ငံရေး ကျွမ်းကျင်သူ တစ်ဦးက ခုလို သုံးသပ်ပါတယ်...

"ပြောတော့ ပြောနေကြတာပဲ... သိန်းချီတဲ့ လူအုပ်ကြီး၊ သန်းချီတဲ့ လူအုပ်ကြီးပေါ့.... ပြီးမှ ပါတီဝင် ငါး သောင်းတောင် မရသေးဘူး ဆိုတော့ ရှက်စရာဖြစ်နေတယ်လို့ ကျွန်တော်ထင်တယ်.... လူသန်းပေါင်း ၆၀ ရှိတဲ့ နိုင်ငံမှာ ၆ သောင်း ရတယ် ဆိုရင်တောင် ၀.၀၀၁ ရာခိုင်နှုံးပဲ ရှိသေးတယ်။ အဲလောက်တောင် မရနိုင်ဘူး ဆိုင်တော့ NLD အနေနဲ့ လူထုကြားမှာ ရပ်တည်နိုင်ဖို့မလွယ်ဘူး..." လို့ သုံးသပ်ပါတယ်။
NLD ပါတီအကြောင်းကို မီဒီယာ များက အသားပေးဖော်ပြကြသော်လည်း ပါတီဝင် အလွန်နည်းနေတဲ့အကြောင်းကိုတော့ ထိန်ချန်ထားကြကြောင်း သိရပါတယ်။

Myanmar Express

1 comments:

Election will give the answer??

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်