Subscribe to our RSS Feed

နိုင်ငံတော်အစိုးရက ကချင်ပြည်နယ်၌ လူသားချင်းစာနာထောက်ထားသော အကူအညီများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိ

From : Yangon Times


 
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆွေးနွေးရေး အဖွဲ့တို့သည် ဖေဖော်ဝါရီ ၄ ရက်တွင် ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အစိုးရနှင့် KIO တို့အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော် နိုင်ရန် ပဋိပက္ခဖြစ်ပွားသော နေရာများကို လေ့လာ စောင့်ကြည့်စိစစ်ရေးစနစ် ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေး ဆောင်ရွက်ရေးကို သဘောတူညီခဲ့ ကြသည်။

ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ရပ်စဲသွားပြီးနောက်တွင် နိုင်ငံတော်အစိုးရက ပဋိပက္ခများကြောင့် မိမိတို့၏နေအိမ်များကို စွန့်ခွာခဲ့သူ (IDP)များအား နေအိမ်များ ပြန်လည် တည်ဆောက်ပေးခြင်း၊ ကျောင်းများ၊ ဆေးခန်း များ ပြန်လည် ဖွင့်လှစ်ပေးခြင်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများ ဝင်ရောက်ခွင့်ပြုရေး ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်